Tuesday, 21 September 2010

ဒီနေ့  ရတဲ့ ပြည်တွင်းကလာတဲ့ သတင်း များ

 ၁၃ .၉.၂၀၁၀  ရက်က စပီး တော့ အင်တာနက်ဆိုင်တွေကို အခွန်ကောက်ခံရေးကိစ္စ အတွက် အမြတ်ခွန်ရုံးမှ စာပို့ ပီး ခေါ်ယူတယ်လို့ သိရပါတယ် ။ အမြတ်ခွန်ကို 65% ကောက်ခံမယ်လို့သိရပါတယ် ။အင်တာနက်ဆိုင်တွေ အပြင် အလှပြင်ဆိုင်တွေနဲ့ ရေဆေးဆီလိုက် လုပ်ငန်းတွေပါ အမြတ်တော်ခွန် ကောက်ခံ မယ်လို့သိရပါတယ်။ အဲဒီလုပ်ငန်းသုံးခု က နေ အမြတ်ခွန် မရလို့ အထက်က နေ ကောက်ခံခိုင်းတာလို့သိရပါတယ်။ အင်တာနက်ဆိုင်တွေက (512)လိုင်းတလိုင်းကို တလ လိုင်းကြေး 50000ဆောင်ရပါတယ် ၊အဲဒါအပြင် နှစ်စဉ်ကြေးဆိုပီး တော့ ငါးသောင်းထပ်ဆောင်ရပါတယ် ။စုစုပေါင်း 650000ဆောင်ရပါတယ် ဒါကို အမြတ်ခွန် က တနှစ်ဝင်ငွေရဲ့ 65% ကောက်ခံမယ်ဆိုရင် အင်တာနက်ဆိုင်တွေတော့ မသက်သာလှပါဘူး ။ဆိုင်ဖွင့် ဖို့ ဆိုင်ခန်းငှားခ ၊လိုင်းကောင်းအောင် ပေးရတာ၊ လစဉ်ကြေးပေးရတာ၊ အလုပ်သမားစရိတ် ၊နောက် လျှပ်စစ်မီးက တနေ့ မှ အလှည့် ကျ 6နာရီ ပဲ လာတော့ ဒီဇယ်ဖိုး က တနေ့ ကို တသောင်းပတ်ဝန်းကျင်ကုန်ကျပါတယ်။အခု အမြတ်တော်ခွန်65% ပါ ကောက်ခံမယ်ဆိုရင်တော့ အင်တာနက်ဆိုင်တွေနဲ့ အလှပြင်ဆိုင်၊ရေဆေးဆီလိုက်လုပ်ငန်းသမားတွေ ၇ဲ့ လုပ်ငန်းကတော့ ဘယ်လိုများ ဆက်လက်လုပ်ကိုင်ကြမလဲ ဘယ်လိုညှိနှိုင်းလုပ်ကိုင်မလဲ ဆိုတာ ဆက်လက် စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။

 ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်တွင်ကျင်းပရာ NLD ပါတီ ဥက္ကဌကြီး ဘဘဦးတင်ဦး ကြွရောက်ချီးမြှင့်အားပေး

ယနေ့စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ်(၁၄) နွယ်နီလမ်း စောရန်ပိုင်တောင် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်နေအိမ်တွင်ဒီမိုက ရေစီအင်အားစုများစွာဖြင့်ကျင်းပခဲ့ပါသည်။နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်အရှင်သူမြတ်(၅)
ပါးမှ(၅)ပါးသီလပေးပြီး၊မေတ္တာသုတ်နှင့်ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကိုရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူခဲ့ကြပါသည်။၊ထို့နောက်ဆရာတော်အရှင်သူမြတ်များကို ကိုလူမော်လတ်၊မ၀င်းမော်ဦး(၈၈ကျဆုံး)၏အဖွားဒေါ်နီနှင့်NLDပါတီဝင်များကလှုဖွယ်ဝတ္ထုနှင့်သင်္ကန်းများကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးသွားကြကုန်သောရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကိုအမျှပေးဝေပြီး၊
မြန်မာနိုင်ငံတ၀ှမ်းရှိအကျဉ်းထောင်များ၌မတရားဖမ်းဆီးအကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊နိုင်ငံရေးသမားများနှင့်ကျောင်းသားလူငယ်မျိုးဆက်သစ်များကိုအမြန်လွတ်ငြိမ်းချမ်းသာရပါစေခြင်းငှာဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့
သံဃာတော်အရှင်သူမြတ်များကိုနေ့ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ကြွရောက်လာကြသောဒီမိုကရေစီအင်အားစုဧည့်ပရိတ်သတ်ကို
ကြက်သား၊၀က်သား၊ငါးဟင်း၊အသီးအရွက်အစိမ်းကြော်များ၊ငါးပိကြော်၊တို့စရာမျိုးစုံတို့ဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။အဆိုပါကမ္ဘာ့
ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌကြီး ဘဘဦးတင်ဦး၊ဒေါက်တာမျိုးအောင်

(NLDရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)၊ဦးအေး၊ကဗျာဆရာဦးသူရဇ္ဈာန်၊ကဗျာဆရာဦးဘုန်းကျော်နှင့် NLDပါတီ(အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊မ၀င်းမော်ဦး(၈၈ ကျဆုံး)၏အဖွား ဒေါ်နီနှင့်သူမ၏မိသားစုဝင်များ၊လှိုင်သာယာမြို့နယ်NLD ပါတီဝင်များ၊ ရှေ့နေကြီးဘဘဦးအုန်းမောင်၊မမာမာဦးNLD ပါတီဝင်(ဗန်းမော်အကျဉ်းထောင်၌ထောင်ကျနေသူ)၏ဖခင်ဦးသိန်းမောင်၊ဒေါ်ရှုNLD၊ ကျောက်တန်း
မြို့နယ် NLD ပါတီဥက္ကဌနှင့်ပါတီဝင်များ၊စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေ နှင့်ပါတီဝင်များ၊ရှေ့နေလေးကိုဖိုးဖြူ(အလုပ်သမားအကျိုးဆောင်)၊ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များ၊ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့ဝင်များ၊ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များ နှင့် အခြားသောဒီမိုကရေစီအင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။


ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊မြန်မာတစ်နိုင်ငံလုံးငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ကောင်းကင်ထက်သို့လွှတ်ပေးခဲ့ပါသည်။ယင်းအပြည်အပြည်ဆိုင်ရာ
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)က(ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး)အမည်ရှိကဗျာကိုလည်းကောင်း၊ကဗျာဆရာဦးသူရဇ္ဈာန်က(ငြိမ်းချမ်းရေးတမန်တော်)အမည်ရကဗျာကိုလည်းကောင်း၊ကဗျာဆရာဘုန်းကျော်မှ(ပြည်သူတွေကိုညှာတာပါ)အမည်ရ
ကဗျာ(၃)ပုဒ်ရွတ်ဖတ်ပြီးဂုဏ်ပြုခဲ့ပါသည်။အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်ပြီး၎င်းပွဲကိုဦးစီးကျင်းပပြုလုပ်သူကိုလူမော်လတ်ကိုအနည်း
ငယ်မေးမြန်းခဲ့ပါတယ်။

BP။ ။ ကိုလူမော်လတ်ခင်ဗျား၊စက်တင်ဘာလ ၂၁ ရက်အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းနေ့အထိမ်းအမှတ်ပွဲကိုဘယ်လိုရည်ရွယ်
ချက်နဲ့ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေးသိပါရစေ။
ကိုလူမော်။ ။ ဟုတ်ကဲ့ ကျွန်တော်ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ရည်ရွယ်ချက်မရှိပဲလုပ်တာမဟုတ်ပါဘူး။တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ၊
မြန်မာပြည်အတွင်းမှာရှိနေကြတဲ့ပြည်သူပြည်သားတွေ၊နောက်ပြီးတော့ဒီမိုကရေစီတိုက်ပွဲအတွင်းမှာကျဆုံးသွားခဲ့ကြတဲ့ညီအစ်ကိုမောင်နှမတွေ၊နောက်ကျွန်တော်တို့အားလုံးရဲ့အမေလို့သတ်မှတ်ပြီး၊
ဒီမိုကရေစီလမ်းပြကြယ်လို့နှလုံးသားထဲမှာစွဲမြဲနေတဲ့အန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်တွေမှာဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်းအကျဉ်းချ
ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကိုပင့်ဖိတ်ဆွမ်းကပ်လှုပြီး မေတ္တာပို့သ၊အမျှပေးဝေချင်လို့ပါ။ကျွန်တော့်အဖေလည်းခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ကျွန်တော့်အဖေကအလုံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဌဦးဘမြင့်ပါ။ခုဒီပွဲကိုကျွန်တော်မဖြစ်ဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်။အဲ့အတွက်
ကျွန်တော့်အဖေဆီတောင်၊ထောင်ဝင်စာသွားမတွေ့ရသေးပါဘူး။

ကျွန်တော်ပြောချင်တာကခုလက်ရှိအုပ်ချုပ်နေတဲ့နိုင်ငံတော်လူကြီးများကိုအန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများကိုအမြန်ဆုံးလွှတ်ပေးပါလို့တောင်းဆိုပါတယ်။သူတို့တွေ
ကအကြမ်းဖက်သမားတွေလည်းမဟုတ်၊နိုင်ငံတော်ကိုလုပ်ကြံကြတဲ့သူတွေလည်းမဟုတ်ဘူး၊သူပန်သူကန်တွေလည်းမဟုတ်ပါဘူး။
ကျွန်တော့်ဆန္ဒကထောင်ချထားခံရတဲ့သူတွေအမြန်ဆုံးပြန်လွတ်ပြီးမိသားစုတွေနဲ့နွေးထွေးစွာပြန်လည်တွေ့ဆုံစေဆန္ဒပါ။ကျွန်တော်
တို့မိသားစုလည်းတကွဲတပြားဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်ခံစားနေရတာကိုစာနာပြီး သူတို့တွေအတွက်၊အားလုံးအတွက်ရည်ရွယ်ပြီးကျင်းပခဲ့တာပါဗျာ။

(ကိုလူမော်လတ်ဟာသူရေစက်ချနေစဉ်ဘဘဦးတင်ဦးရောက်လာချိန်မှာမျက်ရည်တွေ၊တွေတွေကျခဲ့သလို၊ကျွန်တော်အင်တာဗျူးနေစဉ်မှာလည်းမျက်ရည်
များကျခဲ့ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအမြန်ငြိမ်းချမ်းမှုရပါစေလို့ကျွန်တော်ဒီနေရာကပဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)

လေးစားဦးညွှတ်လျှက်

No comments :