(၁၇) ကြိမ်မြောက် ကမ္ဘာ့ကျောင်းသားလူငယ်ပွဲတော် ကျင်းပရေး တတိယ ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁၁) ရက်နေ့မှ (၁၄) ရက်နေ့ အထိ ဆိုက်ပရပ်နိုင်ငံ လာနာကာ(Lanarka) မြို့တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။ အဆိုပါ အညှိနှိုင်းအစည်းအဝေးအား ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်များအဖွဲ့ချုပ် (World Federation of Democratic Youth) နှင့် ဆိုက်ပရပ်ဒီမိုကရက်တစ် လူငယ်ညီညွတ်ရေး အဖွဲ့(United Democratic Youth Organization- EDON) တို့မှ ပူးတွဲ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း (၄၁) နိုင်ငံမှ အဖွဲ့အစည်း ပေါင်း (၄၆) ဖွဲ့ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် (၅၃)ဦး တက်ရောက် ခဲ့ကြသည်။
ညှိနှိုင်းအစည်းအဝေးမှ ယ္ခုနှစ် ဒီဇင်ဘာလ (၁၃) မှ (၂၁) နေ့အထိ တောင် အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် ကမ္ဘာ့ ကျောင်းသားလူငယ်ပွဲတော်၏ ကြွေးကြော်သံများ၊ ကျင်းပရေးအစီအစဉ်များ၊ အခမ်းအနားများကို ခေါင်းစီးများနဲ့တကွ ဆွေးနွေးသတ်မှတ်ခဲ့ကြသည်။ ပွဲတော် ကျင်းပရေး နိုင်ငံတကာ ကော်မီတီကိုလည်း ဖွဲ့စည်းခဲ့သည်။ ပွဲတော်အတွင်း ကျင်းပမည့် အစီအစဉ်များအနက် နိုင်ငံတကာ သွေးစည်းညီညွတ်ရေးနှင့် အားပေးထောက်ခံရေး အစီအစဉ်တရပ် ပါဝင်ခဲ့ပြီး ၎င်းခေါင်းစဉ်အရ ဗမာပြည်သူ များ၏ ဒီမိုကရေစီရရှိရေးတိုက်ပွဲအား အားပေးထောက်ခံရေး လူထုအစည်း အဝေးပွဲတခု ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ပွဲတော်သို့ ကမ္ဘာ့နိုင်ငံ (၁၀၀) ကျော်မှ ကျောင်းသားလူငယ် (၁၅၀၀၀) ကျော် ပါဝင်ဆင်နွှဲကြမည်ဟု ခန့်မှန်း ထားသည်။ အဆိုပါအစည်းအဝေးသို့ ပွဲတော်ကျင်းပရေး ပဏာမ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် မြန်မာ့နိုင်ငံလုံးဆိုင်ရာကျောင်းသာများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ရဲဘော်ကျော်သန်း ပါဝင်တက်ရောက်ခဲ့သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်
Tuesday, 21 September 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment