အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု -  NDF  ကိုယ်စားလှယ်ဦးကြည်မြင့်ရဲ့ ရွေ့ ပြောင်းအလုပ်သမားတွေအပေါ်သဘောထား  ကို မဇ္ဈိမမဂဇင်းနဲ့ အင်တာဗျူးမှာ ဖတ်ရတယ်။ သူက အလုပ်သမားတွေကိုပြောကြားချက်ကို  ခုလိုဖေါ်ပြထားတယ် 
“တချို့ကပျင်းလို့ တချို့ကမှိုင်းတိုက်ခံရလို့၊ တချို့ကအပျော်မက်လို့ လာမပေးချင်ကြဘူးပေါ့ဗျာ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မဲပေးကြဖို့ပြောချင်ပါတယ်” ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။
အ လုံပိတ်ထားတဲ့ အဆောက်အဦးတွေထဲ ဘယ်နစ်ခါရောက်ဘူးပါသလဲလို့ မေးခြင်ပါတယ်။သူစကား အရ ထိုင်းနိင်ငံရောက်လာတဲ့အလုပ်သမားတချို့ ဆိုတာဟာဘယ်နစ်ရာခိုင်နှုန်းကိုဆိုလိုတာလဲ ။ သူက ထိုင်းနိင်ငံရောက်အလုပ်သမားတွေ နဲ့ ဘယ်နှစ်ခါလောက်များ စကားပြောဘူးလဲ ။ ထမင်းအတူစားဘူးလဲ။သူတို့ နေနေရတဲ့ အိမ်ဆိုတဲ့
ထိုင်းနိင်ငံရောက်ရွေ့ ပြောင်းအလုပ်သမားတွေဘာကြောင့် ရွေးကောက်ပွဲကို စိတ်မ၀င်စားနိင်တာလဲ 
 အ လုပ်သမားတွေ ဘာကြောင့် မဲမပေးနိင်တာလဲဆိုတာကို သူကောင်းကောင်းသိပုံရဘူး။ ပြည်သူတွေဘ၀ ကိုနားလည်သေးပုံမရဘူး။  သူကိုမဲပေးလို သူနိင်ရင် လူထုအကျိုးကို အနစ်နာခံပြီးလုပ်မဲ့ပုံတော့မရှိဘူး။ 
သူစကားထဲမှာပဲသူဇာတိက ပြနေပြီလေ။ 
No comments :
Post a Comment