Tuesday, 14 September 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို န အဖ က ဖျက်သိမ်းလိုက်ပြီ။

 နအဖ စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င် ငါး ပါတီ ကို ဖျက်သိမ်းကြောင်းကြေညာချက် ကို ဒီနေ ညနေ မှာ ထုတ်ပြန်ကြေညာလာပါတယ်။ ဒါဟာ ၁၉၉၀ ရွေးကောက်ပွဲ မှာ လူထုက ရွေးခြယ်ထားတဲ့ပါတီတရပ်ကိုဖျက်သိမ်းတာဟာ လူထုတရပ်လုံးကိုစောကားလိုက်တာဖြစ်ပါတယ်။

ဦးညဏ်ဝင်း ကတော့ ရွေးကောက်ပွဲကော်မရှင် က ဖျက်သိမ်းကြောင်းကြေညာ ခွင့်မရှိဘူး။ အသိမှတ်မပြုဘူးလို့ ဆိုပါတယ်။ ဦးအေးသာအောင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဆက်လက်လှုပ်ရှား မယ်ဆိုရင် ဆက်လည်တည်ရှိနေမှာပဲလို့ ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ တရားမ၀င်ပါဘူး။  ဒီလုပ်ရပ်ကိုရှုတ်ချရမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ တရားဝင်ပါတီတ ရပ်အဖြစ် ဆက်လက်ရပ်တည် ဖို့ နဲ့  ဆက်လက် တိုက်ပွဲဝင်ဖို့  တိုက်တွန်းလိုက်ပါတယ်။

8 comments :

Anonymous said...

အစကတည်းကပြောပြီးသားလေ ဥပဒေမှာပါပြီးသား...ရွေးကောက်ပွဲမ၀င်နိုင်တဲ့သူတွေဟာ ပါတီအဖြစ်မှ ဖျက်သိမ်းရမယ်ဆိုတာ ဥပဒေမှာပါပြီးသားဖြစ်တဲ့တွက် ဒီချိန်မှာ ကိုယ်စားလှယ်လောင်း စာရင်းပြီးဆုံးချိန်ထိ ဆောင်ရွက်ခဲ့ပြီဖြစ်လို့ မှတ်ပုံမတင်နိုင်သူေ၇ွးကောက်ပွဲမပါသူတွေဟာ တရားမ၀င်တော့ပါဘူး

အပိုလုပ်ပြီးပြောနေရသေးတယ် နအဖ ကအစကတည်းကမှ တရားဝင်တဲ့အရာတွေလုပ်နေတာမှ မဟုတ်ပဲဟာ အဆန်းလုပ်လို့ 

Anonymous said...

ခက်တာဘဲဗျာ။
နအဖ ကရော ဘယ်ဥပဒေနဲ့  အစိုးရ ဖြစ်လာတာလဲ။
လူထုကရွေးကောက်တင်မြှောက်ပေးထားတဲ့
သူတွေကို နအဖ ဖျက်သိမ်းတယ်ဆိုတာကတော့၊
လင်ကြီးကို ကြာကူလီက မယားခိုးနဲ့  တရားစွဲ
သလိုဖြစ်နေပြီ။

Anonymous said...
This comment has been removed by a blog administrator.
kohtike said...