Friday, 15 October 2010

ကိုဇာဂနာ ဒီငြိမ်းလင်း နဲ့ နိင်ငံရေးအကျဉ်းသား တွေ ပြန်လွတ်ပေး

( ဓါတ်ပုံ-  အီလဲဗင်း  ဂျာနယ်မှ )    

အခုတလော နအဖ က နိင်ငံရေးအကျဉ်းသားတွေကို ကောင်းမွန်စွာထားပါတယ်။ အကျဉ်းထောင်ထဲမှာ လူအခွင့်အရေးအပြည့်ရှိနေပါတယ် ဆိုတာတွေကို ဆက်တိုက်ဝါဒဖြန့် နေတယ်။ နအဖ ရဲ့ ဝါဒဖြန့် ချီရေး အသံဖြစ်တဲ့ မြတ်ခိုင်ရဲ့ လျပ်တပြက်သူဂျာနယ်မှာ လက်ရွေးစင် စုထားတဲ့  အကျဉ်းသား တချို့ ကို အင်္ကျ ကောင်းကောင်းမွန်မွန် ၀တ်ပေး၊ ဘုန်းကြီး ကတရားပြ၊ အကျဉ်းသားတွေက တရားထိုင်။ အာဏာပိုင်တွေကကြည့်၊ မြတ်ခိုင်က ဓါတ်ပုံရိုက်ပေး ဂျာနယ်ထဲမှာထည့်  စသဖြင့်  ခပ်ညံညံပြဇတ်တပုဒ်လို စည်းဝါးတိုက်  ဇတ်တိုက်နေကြ တာကို  တွေ့ နေရတယ်။  ပြဇတ်နာမည်ကို '' တရားရှာ ထောင်မှာတွေ '့' လို
နအဖ ကိုဖါးပြီး မြတ်ခိုင်က ခပ်ပေါပေါ ခေါင်းစဉ်တပ် ထားပေး လိုက်သေးတယ်။  ဒါဆိုရင် မြတ်ခိုင်ထောင်ထဲမှာ သွားပြီးတရားအားထုတ်ပါလားလို့ မေးခြင်တယ်။မြန်မာ ပြည် အကျဉ်းထောင်တွေက အကျဉ်းသား တွေရဲ့   နေစဉ်ဘ၀ ကို ခံစားနားလည်နိင်ပါလိမ့်မယ်။   ထောင်ဘ၀၊ အကျဉ်းသားဘ၀ ဆိုတာက ဘယ်ပညာရှိ ၊ ခေါင်းဆောင်ကြီး၊ သတင်းသမားက မှ တယ်သာယာတဲ့နေရာပါလား။ ငါထောင်ကျတာကံကောင်းလှခြည်ရဲ့ လို့  မချီးမွန်းခဲ့ကြပါဘူး။ ဒါကို မြတ်ခိုင်က မရှက်မကြောက် တကမ္ဘာလုံးက စောင့်ကြည့်ရှုတ်ချ နေတဲ့ နအဖ ရဲ ထောင်စနစ်ကို သူက ဟိမ၀န္တချီးကြူးခန်းဖွင့်ပေးနေတာကတော့ အကြောင်းရှိမယ်။ မြတ်ခိုင်၊ ကျော်ဆန်း။ ကျော်ဆန်းမြတ်ခိုင်
လျိုလ်ဝှက်အမြီးခြင်းချိတ် ထားတဲ့ ဇတ်လမ်း ရှိနေလို့ ဖြစ်မယ်။ အာဏာပိုင်တွေဆီက အခွင့်အရေးတွေရလို့  ၀က်မစင်မကြောက်သလို ဖြစ်နေတာ၊ ရေးနေတာကို အားလုံးက သိပြီးပါပြီ။

ခုတခါ အီလဲဗင်းဂျာနယ်မှာ နအဖ မှ မတရားဖမ်းဆီးထိမ်းသိမ်း ခြင်းခံထားရသည့်  နိင်ငံရေးအကျဉ်းသား ကိုဇာဂနာ နှင့် ဒီငြိမ်းလင်း အား  ကျမ္မာရေးဆေးကုသပေးနေပုံကိုတွေ့ ရခြင်းဖြစ်ပါတယ်။ ဒီသတင်းကို အီလဲဗဲင်း ဂျာနယ်မှာဖေါ်ပြထားတယ်။    နအဖ က ၀ါဒဖြန့် နေမဲ့အစား လူအခွင့်အရေးကို တကယ်လိုက်နာလိုက်ရင် ပြီးရောမဟုတ်လား။ အပေါစားဂျာနယ်တွေကနေ၀ါဒဖြန့် နေတာထက်ထိရောက်လာပါလိမ့်မယ်။
 လုပ်စား လို့ ကောင်းအောင် ဟန်ပြ ဓါတ်ပုံရိုက်၊ ၀ါဒဖြန့်  ချီရေးရည်ရွယ်ချက်နဲ့ လုပ်နေ တာတွေ ကိုရပ်ဆိုင်းပြစ်သင့်နေပြီ။ မဆလ ခေတ် က ၀ါဒဖြန့် ချီမှုနည်းဟောင်းတွေဟာ တကယ် တိုင်းပြည် ငြိမ်းချမ်းရေး၊ဖွင့်ဖြိုးရေး တွေဖြစ်မလာပဲ တိုင်းပြည်ဆင်းရဲတွင်းကိုကျဆင်းခဲ့တာ တကမ္ဘာလုံးက သက်သေပါ။ တကယ်လုပ်ပါ။ လူအခွင့်အရေးဟာ နှစ်နှစ်ကာကာ ယုံကြည်ပြီတော့  နိင်ငံရေးအကျဉ်းသားတွေကိုရော ၊ ရာဇ၀တ်အကျဉ်းသားတွေကို ရော


ထောင်ကျနေတဲ့ ထောက်လှမ်းရေးတွေရော၊ စစ်သားတွေရော ခံစား ပိုင်ခွင့်ရှိဖို့ လိုတယ်။ 
မြတ်ခိုင် လို လူရဲ့ ဂျာနယ်မှာဖေါ် ပြ နေရုံနဲ့  ဘယ်သူကမှ ယုံကြည်မှမဟုတ်ဘူး။ မြတ်ခိုင်ကို  လို စာရိတ္တပျက်ဆီးနေတဲ့သူ၊ ဘယ်သူကမှ အယုံကြည်မရှိတဲ့သူ က ပြောတော့ ပိုဆိုးတာပေါ့။   

တကယ်ဆိုရင်ဝါဒဖြန့် နေမဲ့ အစား နိင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးဖို့ လိုပါတယ်။ ကိုဇာဂနာဆိုရင်ပြည်သူချစ်တဲ့အနုပညာရှင်တဦး ။ သူက တိုင်းပြည်ကိုကောင်းစားစေချင်တဲ့သူ။ သူမှာဘာအပြစ်မှမရှိ။  ဒီငြိမ်းလင်း ဆိုတဲ့ကျောင်းသားလေးဟာ ၈၈ ဖြစ်မှ မွေးတဲ့သူ။သူဟာ ငယ်တယ်။ ထက်မြက်တယ်။ ကျောင်းစာသင်ခန်းထဲမှာရှိရမဲ့လူငယ်တဦးမျှသာဖြစ်တယ်။ သူဘာလုပ်ခဲ့သလဲ။ 
သူလုပ်ခဲ့တာတခုပဲရှိတယ်။  အမှန်တရားကို သူပြောမိတယ်။ တောင်းဆိုတယ်။ အမှန်တရားအတွက် သူဟာ စွန့် လွတ်အနစ်နာခံခဲ့တယ်။ သူဟာရာဇ၀တ်သားမဟုတ်ဘူး။  အပြစ်မရှိဘူးဆိုတာကို  ဒါကိုနအဖ အာဏာပိုင်တွေကောင်းကောင်းသိတယ်။ ဒီတော့ သူတို့ နှစ်ယောက်ကို ခေါ်ထုတ် ဓါတ်ပုံရိုက်ပြီ သူတို့ ကိုကောင်းကောင်းမွန်မွန်ထားပါတယ်ဆိုတဲ့ ပြချက် က သက်သေခံနေတယ်လေ။ 

အကောင်းဆုံးကတော့ သူတို့ နှစ်ဦးနဲ့ တကွ နိင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွတ်ပေးဖို့ ပါပဲ။ 





1 comment :

Anonymous said...

ဇာဂနာကတကယ်လွတ်ပြီလား၊ဒါမှမဟုတ်မင်းတို.ဘဲစစ်
အစိုး၇ကိုယ်စားဝါဒဖြန်.ပေးနေသလား။
မူဆလိမ်မအကြောင်းဘဲကောင်းကောင်းေ၇းပါခင်ဗျား၊
ဇာဂနာနဲ.မလုပ်စားပါနဲ.လို.အကြံပြုချင်တယ်။