မြန်မာအလုပ်သမားများ ကိုကားပေါ်တွင်တွေ့ ရစဉ်။ သူတို့ က တယ်လီဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ပေးပို့ ခဲ့ခြင်းဖြစ်တယ်။
ဘယ်သူတွေလဲ - မြန်မာအလုပ်သမား ၇၀၀ ဘာဖြစ်တာလဲ အလုပ်ရှင်က လုပ်အားခမပေးတာ၊ ပစ်စပို့ အတုတွေလုပ်ပြီး မဲဆောက်ကနေ လားအိုနယ်စပ်မှာအလုပ်ရမယ်ဆိုပြီးခေါ်သွားတယ်။ ထိုင်းပိုင်ထေချားဖိုင်းနစ် စက်ရုံ ငါးဖမ်းပိုက်တွေလုပ်တဲ့စက်ရုံမှာအလုပ်ရမယ် ဆိုပြီးခေါ်သွားတယ်။ အလုပ်ရှင်က စက်ရုံကမောင်းထုတ်၊ ဆက်နေမယ်ဆိုရင် တနေ့ ကို ဘတ် ၄၀ ပေးရမယ်ဆို။ အလုပ်သမားတွေမကျေနပ်။ ဘယ်တုံးကလဲ ပြသနာစဖြစ်နေတာ က အောက်တိုဘာ ၇ရက်နေ့ ကတည်းကဖြစ်နေတာ။ ဒီနေ့  အောက်တိုဘာ ၁၅ ရက်၊ ၂၀၁၀ နေ့ မှာသူတို့ ကို ထိုင်း တရားရုံးမှာ ရင်ဆိုင်ဖို့  မဲဆောက်ကိုဆင်းလာကြတယ်။ အခုဘာဖြစ်နေလဲ အလုပ်သမားတွေ ကအလုပ်ရှင်ရဲ မတရားမှုကိုတိုက်ပွဲဝင်၊ တရားစွဲဖို့ မဲဆောက်ကို ကားတွေနဲ့ ပြန်လာကြတယ်။ အခုသူတို့ ကားပေါ်မှာပဲရှိသေးတယ်။ လက်မှတ်ဖိုးတွေငွေပေးပြီးသား။လက်မှတ်တွေကို အလုပ်ရှင်က အတုတွေပဲလုပ်ပေးခဲ့ရာက ရဲဖမ်းမိပြီးပြသနာပေါ်လာခြင်းဖြစ်တယ်။
ဘယ်သူတွေက အလုပ်သမားတွေကိုကူညီနေလဲ ခွန်အားသစ်အလုပ်သမားလူငယ်များ၊ JACPA နဲ့  MAP အဖွဲ က ကူညီပေးနေတယ်။ သူတို့  ဘာတွေလိုခြင်တာလဲ
လုပ်အားခ တွေပြန်လိုခြင်တယ်။ သူတို့ ကိုအလုပ်သမားလက်မှတ်အစစ်တွေပြန်လိုခြင်တယ်။
No comments :
Post a Comment