သူဟာ ၁၇နှစ် သမီးမှာ အင်္ဂလန်ကိုတယောက်ထဲရောက်လာတယ်။သူခြေထောက်ပေါ်သူရပ်တည် ရုမ်းကန် ခဲ့ရတယ်။ မြန်မာ ပြည်လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ သူတတ်စွမ်းသမျှ ပါဝင်လှုပ်ရှားခဲ့တယ်။
သူအကြောင်းကို မြန်မာ ပြည်က လူငယ်တွေသိပ်စိတ်စားတာကိုခံလာရတယ်။ အားကျကြတယ်။ အားပေးနေကြတယ်။ သူအကြောင်းကို သင့် ကလေးတွေကို ပြပါ။ ပြောပြပါ။သင့်ကလေးတွေကို သူလို့  မြန်မာပြည်သူတွေ ဘယ်လိုဒုက္ခရောက်နေတယ်ဆိုတာကိုပြောပြပါ။ သူတို့ ကို သင့်ကိုယ်စားခွပ်ဒေါင်းအလံကိုကိုင်ဆွဲပြီး တိုက်ပွဲဝင်နိင်အောင် သင်မှာ တာဝန်ရှိတယ်။ အမေရိကန်ကို ၈၈မျိုးဆက်တွေအများကြီးရောက်သွားတယ်။ ကလေးတွေလည်းပါသွားကြတယ်။ ဒါပေမဲ့ ကလေးအများစုဟာ မိဘ တွေ နဲ့ အတူတိုက်ပွဲ ၀င်တွေဖြစ်မလာဘူး။ မိဘာတွေရဲ့ သမိုင်းဝင်လှုပ်ရှားခဲ့တဲ့ဇတ်လမ်းတွေကို ရင်မခုန်ကြဘူး။့ ဒီနေ့ တိုက်ပွဲထဲမှာ ပါလာတဲ့ သားသမီးတွေက သိပ်ကိုနည်းလွန်းတယ်။ ထိုင်းနိင်ငံထဲရောက်နေတဲ့  ရဲ ဘော်တွေရဲ့ ကလေးတွေမှာလည်းအလားတူပြသနာတွေကိုရင်ဆိုင်နေရတယ်။ I am a Thai လို့  ခံယူသွားတဲ့ကလေးတွေအများကြီးရှိတယ်။ ဘယ်သူမှာ တာဝန်အရှိဆုံးလဲ။
ဒီနေ့ တိုက်ပွဲက ရှည်မယ်။ကြာမယ်။ ကြမ်းတမ်းမယ်။ နောက်မျိုးဆက်တခု အထိ တိုက်ပွဲဟာ ကြာကောင်းကြာမယ်။ ငါဒို့ မှာ ဝေနှင်းပွင့်သုန်လို သမီးတွေ အများကြီးလိုနေတယ်။
2 comments :
မှန်လိုက်လေ အဲ့ မေးခွန်းတွေ အဖြေ က ဘယ်လိုလဲ သိချင်လိုက်တာ
ပြည်ပကနေပဲအော်နေ ဘာမှဖြစ်လာမှာမပာုတ်ဘူး
Post a Comment