မောင်အေးရယ်၊ ထိုင်းစစ်ဦးစီချုပ်ရယ် မြ၀တီ မှာတွေ့ ကြတယ်။ သူတို့ နှစ်ယောက်မူးလာတော့ သူတို့ စစ်သားတွေဘယ်လောက်အမိန် နာခံကြောင်းအကြွားပြိုင်ကြသတဲ့။ ထိုင်းစစ်ဦးစီင်္း ချုပ်-က သူစစ်သားတယောက်ကိုခေါ်လိုက် ပြီး
ထိုင်းစစ်ဦးစီချုပ်- '' မင်းခြေတောက်ကိုမင်း သေနပ်နဲ့  ပြစ်ချိုးပြလိုက်စမ်း'' လို့ အမိန် ပေး သတဲ့
ထိုင်းစစ်သား က '' ကျနော်မှာ မိန်းမ နဲ့ ကလေးတွေတွေရှိသေးတယ်'' ဆိုပြီး မလုပ်ဘူးတဲ့။ ဒီတော့ ထိုင်းစစ်ဦးစီးချုပ် မျက် နှာပျက်သွားတယ်။
ဒီအခါမှာ မောင်အေး က မြန်မာ စစ်သားတယောက်ကိုခေါ်လိုက်ပြီး '' မင်းခြေထောက်ကိုမင်း သေနပ်နဲ့  ပြစ်ချိုး လိုက်စမ်း '' လို့ အမိန့် ပေးလိုက်တဲ့အခါမှာ မြန်မာ စစ်သား က စဉ်းစားမနေဘူး '' ဒိုင်း'' ကနဲ ဆိုပြီး သေနပ်နဲ့ သူခြေထောက်ကို သူဖါသာသာသူပြစ်ချိုးလိုက်သတဲ့ မောင်အေးက ငှဲငှဲ နဲ့  ထိုင်းစစ်ဦးစီးချုပ်ကို ပြုံပြ လိုက်သတဲ့။ ထိုင်းစစ်ဦးစီးချုပ်လည်းအရှက်ကွဲသွားတယ်။ ပြီးတော့ မြန်မာ စစ်သားကို မဲဆောက်ဆေးရုံကိုတင်ပေးဖို့ ခေါ်လာရင်း လမ်းမှာ ထိုင်းစစ်ဦးစီးချုပ်က
'' မင်းနဲ့ ကွာ ဘာကြောင့်မစဉ်းမစား သူအမိန့် ပေးတိုင်းခြေထောက်ကို ပြစ်ချိုးလိုက်ရတာလဲ '' လို့  မေးသတဲ့
ဒီအခါမှာ မြန်မာ စစ်သားက မျက် နှာ ကိုရှုံ့ မဲ့ ရင်း- '' ကျနော်မှာ မိန်းမ နဲ့ ကလေးတွေ ရှိသေး တယ်ခင်မြ '' လို့ ပြန်ဖြေသတဲ့။
( သကြားမင်းကြီး )
Wednesday, 27 October 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment