အိန္ဒိယနိုင်ငံ ဒါရမ်စလာမြို့မှာ အခြေစိုက်တဲ့ တိဘက် အဝေးရောက် အစိုးရရဲ့ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေနဲ့ တိဘက် ခေါင်းဆောင်သစ်ကို ရွေးချယ်ကြဖို့ ကမ္ဘာတ၀န်းက တိဘက်လူမျိုးတွေ ဒီကနေ့ မဲပေးခဲ့ကြပါတယ်။
ကမ္ဘာတ၀န်းက ရောက်ရာနိုင်ငံ ဒေသတွေမှာ ဖန်တီးထားတဲ့ မဲရုံတွေမှာ တိဘက်လူမျိုးတွေ သွားရောက် မဲပေးခဲ့ကြပြီးတော့ တိဘက် အဝေးရောက် အစိုးရ ၀န်ကြီးချုပ် အသစ်ကို အဓိက မဲပေးခဲ့ကြတာပါ။
ဒီကနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲကနေ ရွေးချယ်လိုက်တဲ့ တရားဝင် ကိုယ်စားလှယ်လောင်းတွေဟာ ရှေ့နှစ် မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် အနာဂတ် တိဘက်ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်မယ့် နောက်ဆုံးရွေးကောက်ပွဲမှာ ထပ်ပြီး ယှဉ်ပြှိင်ကြရမှာ ဖြစ်ပါတယ်။
ဆမ်ဒေါင်း ရင်းပို့စ် (Samdhong Rinpos) ဟာ လက်ရှိ တိဘက် အဝေးရောက် အစိုးရရဲ့ ၀န်ကြီးချုပ် ဖြစ်ပြီးတော့ သူဟာ ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ပြီးရင် ဒုတိယ သြဇာအကြီးမားဆုံး တိဘက်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အဝေးရောက် တိဘက်တို့ရဲ့ ရွေးကောက်ပွဲမှာ တိဘက်လူမျိုး ၇၂,၀၀၀ က မဲပေးဖို့ မှတ်ပုံတင်ခဲ့ကြပေမဲ့ အဲဒီဦးရေရဲ့ ၂၇ % ကသာ မဲပေးခဲ့ကြပါတယ်။ကမ္ဘာတ၀န်းမှာ အဝေးရောက် တိဘက်လူမျိုး ၁၄၀,၀၀၀ ရှိပြီး ၁၀၀,၀၀၀ လောက်က အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြပါတယ်။ ဒီနေ့ ရွေးကောက်ပွဲမှာတော့ တိဘက်လူမျိုး ၇၉,၅၀၀ က မဲပေးဖို့ မှတ်ပုံတင်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲ စီစဉ်သူတွေက ဆိုပါတယ်။ ( ဗွီအိုအေ )
+++++++++ မြန်မာတွေရဲ့ ရွေးကောက်ပွဲ ++++++++
ရွေးကောက်ပွဲကို နှစ်ဖက်စလုံးက ကြောက်တယ်။ နအဖမှလည်းလူထုရွေးကောက်ပွဲ မရှိဘူး ။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေမှာလည်း လူထုရွေးကောက်ပွဲမရှိဘူး ။ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ လျိုလ်ဝှက်ချက်ဖြစ်တယ်။
ဒီတော့ တဗက်တွေက မြန်မာ တွေထက်သာသွားပြီ။ ဒါကတော့ လူထုရွေးကောက်ပွဲ ကိုလုပ်ရဲတယ်။ ကျနော်တို့  နအဖရော နိင်ငံခြားရောက် ဒီမိုကရေစီအင်အားစုတွေက လူထုရွေးကောက်ပွဲကို မလုပ်ရဲကြဘူး ။
ဥပမာ - အန်စီဂျီယူဘီ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူဘောင်သစ်မှာ အောင်မိုးဇော်က လည်း သန်းရွှေလိုပဲ အကြိမ်တရာမြောက်ဥက္ကဌ ဆက်လုပ်ခြင်နေတယ်။ လူလည်းမရှိတော့ဘူး။ ( လူက ၁၅ ယောက်လောက်ပဲရှိတော့တယ်။ ဒုတိယအကြီးဆုံးပါတီဆိုပြီးလုပ်နေတုံး။ အဲ့ဒီ ၁၅ ယေက်ကလည်း သူဘာလုပ်လုပ် မျက်စိမှတ်ထောက်ခံနေတုံး။ သန်းရွှေ နဲ့ သူလူတွေလိုပေါ့။
သူတို့ မှာ လူထုအခြခံတဲ့ရွေးရကောက်ပွဲတွေမရှိဘူး။ သူတို့ အချင်းအချင်း အုပ်စုအတွင်းမှာပဲလုပ်တဲ့ရွေးကောက်ပွဲတွေရှိတယ်။ Group Politics ၊ Group Election တွေပဲဖြစ်လာနေတော့တယ်။ နအဖ ကလည်းဒီပုံပဲလုပ်နေပါတယ်။ ဒါက ရွေးကောက်ပွဲမဟုတ်ဘူး တကယ်လူထုကရွေးခြယ်တဲ့ခေါင်းဆောင်တွေဖြစ်မလာဘူး။
အမေရိကန်မှာ ဒီမိုကရက်ပါတီ ညီလာခံကိုတက်ခွင့်ရဖို့ ကိုယ်စားလှယ်လောင်းတဦးကို သူပါတီဝင်တွေကရွေးတာမဟုတ်ပါဘူး။ သူနေ တဲ့ နယ်မြေက လူထုတွေကပဲရွေးပေးလိုက်တယ်။ လူထုထောက်ခံမဲမရ င် ပါတီက သူကိုညီလာခံဆက်တက်ခွင့်မပေးတော့ဘူး။ ဒီတော့ ပီါတီကိုယ်စားလှယ်တွေက လူထုအတွက်အလုပ်လုပ်ကြရတော့တယ်။ သူကိုရွေးတဲ့လူထုတွေက ဒီမိုကရက်ပါတီဝင်တွေမဟုတ်ကြပါဘူး။ မဲပေးဖို့  မှတ်ပုံတင်ထားတဲ့သူမျှသာဖြစ်တယ်။
ဒါကြောင့်လူထုကုံပါတီကိုယ်စားကိုရွေးကောက်ပွဲမှာရော၊ နိင်ငံတော် ရွေးကောက်ပွဲမှာပါမဲပေးကြပါတယ်။
ပါတီကိုယ်စားလှယ်ရွေးကောက်ပွဲကတော့သိပ်ပြီး သမတ ရွေးကောက်ပွဲတွေလို့ သိပ်ပြီး လူမသိလှကြပါဘူး။
ဒီတော့ ဒီမိုကရက်ပါတီကိုယ်စားလှယ်ဟာ ပါတီထဲမှာခေါင်းဆောင်ဖြစ်လာဖို့အတွက် ပါတီ နိင်ငံရေး အုပ်စုဖွဲ့  လုပ်တာမျိုးမဟုတ်ပဲ လူထုအားနဲ့ ခေါင်းဆောင်ဖြစ်လာနိင်တယ်။ ပါတီခေါင်းဆောင်တွေမဟုတ်တာလုပ်တာကို ပြောရဲတယ်ဆိုရဲတယ်။ ဒီက ပါတီအဖွဲ စည်း အတော်များများမှာ ပါတီရဲဘော်တွေက ပါတီခေါင်းဆောင်တွေ အရက်သောက်၊ အကျင့်ပြက်၊ လဒ်စား နေတာတွေကိုမပြောရဲကြတော့ဘူး။ ဝေစားမျှစားလုပ်နေကြတယ်။ ဒီတော့ တော်လှန်ရေးဒီရေကျလာတယ်။ ဝေဖန် ရေးကို ရဲဘော်တွေလုပ်ရဲပြောရဲတဲ့သတ္တိကင်းလာတော့တယ်။
နိင်ငံရေးဟာစိတ်ပျက်စရာစိတ်ကုန်စရာတွေဖြစ်လာတယ်။
ကျနော်တို့ ဆီမှာ ဥပမာ မဲဆောက်က လူထုတွေကို စည်းရုံးထားနိင်တဲ့အဖွဲ့ တွေရှိတယ်။ အသက် ၁၈ နစ်ပြည်ပြီသူတွေကို ပါတီ ကိုယ်စားလှယ်တွေရွေးကောက်ပွဲအတွက် မဲပေးခွင့်တွေကို မှတ်ပုံတင်ပြုစုထားနိင်တယ်။ ထိုင်းနိင်ငံမှာ လူ ၅ သန်းရောက်နေတယ်။ ဒီထဲမှာ လူတသိန်းက မဲပေးမယ်လို့ 
အဆိုပြုရင် သူတို့ စာရင်းကိုယူပြီး ပါတီအသီးသီးက ကိုယ်စားလှယ်တွေ ကို ကြိုက်မကြိုက် ရွေးကောက်ပွဲလုပ်သင့်တယ်။ ဒီလိုလုပ်ရင် တော်လှန်ရေးထဲမှာဖြစ်နေတဲ့ အကျင့်ပြက်မှု၊လဒ်စားမှု ၊ အရည်အချင်းမရှိမှုတွေကို တိုက်ဖျက်လာနိင်တယ်။ မဲပေးတဲ့လူတသိန်းက ကိုယ်ရဲ့ အမာခံလူထုဖြစ်လာတယ်။ အလားတူပဲ မလေး၊ဂျပန်၊ဥရောပ နဲ့ အမေရိကန်မှာလည်း လူထုရွေးကောက်ပွဲတွေကိုလုပ်သင့်တယ်။
အခုတော့ လူထုဒီမိုကရေစီမဟုတ်တော့ပဲ ။ အုပ်စု အချင်းချင်းရွေးကောက်ပွဲကနေတင်မြောက်ထားတဲ့
ရွေးကေက်ပွဲတွေပဲဖြစ်လာတယ်။လူထုခေါင်းဆောင်မဖြစ်လာတော့ပဲအုပ်စုခေါင်းဆောင်တွေပဲဖြစ်လနာကြတယ်။ တိဗက်ရွေးကောက်ပွဲဟာ အတုယူစရာကောင်းတယ်။
အ န်စီဂျီယူဘီ၊ အန်အဲလ်ဒီ၊ လူဘောင်သစ်၊ အက်ဖ်တီယူဘီတို့ ဟာ တကယ်ရွေးကောက်ပွဲကိုရောခံယူရဲရ
ဲ့ လားဆိုတာမေးခွန်းထုတ်စရာဖြစ်လာပြီ။ ဒါဆိုရင် နအဖဘာကြောင့်ရွေးကောက်ပွဲကြောက်နေလဲဆိုတာကို ကျနော်တို့  သိပ်မေးခွန်းထုတ်စရာမလို တော့ ဘူးထင်ပါတယ်။ ဒါကို အန်စီယူဘီက ကိုမောင်မောင်တို့ က
ပြည်ပမှာ အစိုးရဖွဲ့ ဖို့  လုပ်ကြံနေသူတွေပါ။ အစိုးရသက်တန်းက ဘယ်လောက်လဲ ။ ရွေးကောက်ပွဲကို
ဘယ်လိုလုပ်မှာလဲ။ဲကိုယ်ပြည်ပရောက်တွေနဲ့  ရွေးကောက်ပွဲ ကိုလုပ်ရဲတဲ့သတ္တိေ၇ာရှိကြရလား လို့  မေးခွန်း
ထုတ်ခြင်တယ်။ မရဲရင် ကျွဲဗြဲမစီ ကြပါနဲ့ လို့  ပြောပါရစေခင်ဗျား။
No comments :
Post a Comment