Thursday, 7 October 2010

ဒီနေ့မနက် မဲဆောက် ဘန့်ဆောင်ကွဲ ကျေးရွာ အဖမ်းအဆီး

ခွန်အားသစ်
ယနေ့ နံနက် (၆း၀၀) အချိန်တွင် မဲဆောက်မြို့ ဘန့်ဆောင်ကွဲကျေးရွာအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာ အလုပ် သွားမည့်အလုပ်သမားများနှင့်နေ အိမ်တန်းလျားမှ အလုပ်သမားများအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးသွားကြောင်းနှင့် စက် ရုံအလုပ်သမားများလည်း အဖမ်းဆီးခံရကြောင်း သိရှိရပါသည်။ ဖမ်းဆီးခံရသော စက်ရုံမှာ ဘန့်ဆောင်ကွဲ ဘောင်းဘီချုပ်စက်ရုံဟု ခေါ်ကြောင်းနှင့် လည်းကောင်း စက်ရုံတွင် စက်ရုံအလုပ်သမားတရာကျော် ဝင်ရောက်လုပ်ကိုင်နေကြောင်း အများအားဖြင့် လက်မှတ်မရှိ သည့် အလုပ်သမားများဖြစ်ကြောင်း အမျိုးသား အနည်းငယ်သာရှိပြီး အမျိုးသမီးအလုပ်သမားများကြောင်း သိရှိရပါသည်။ လက်မှတ်ရှိ သည့် အလုပ်သမားအနည်းငယ် လွတ်သွားကြောင်းနှင့် ဖမ်းဆီးခံရသော အလုပ်သမားများကို လွတ်မြောက်ဖို့အတွက် အလုပ်ရှင်မှ ထိုင်း အာဏာပိုင်များနှင့် ညှိနှိုင်းသော်လည်း မရကြောင်း၊ စက်ရုံမှ အလုပ်သမား (၈၀) ကျော်ဖမ်းဆီးခံရကြောင်း ဘန့်ဆောင်ကွဲကျေးရွာတွင် နေထိုင်သည့် နယ်မြေခံအလုပ်သမားတယောက်က ပြောကြားသွားပါသည်။ အဖမ်းဆီးခံရသော အလုပ်သမားများအား ကားပေါ်တွင် ထိုင်းအာဏာပိုင်များက လွတ်မြောက်လိုလျှင် ဘတ်ငွေ (၅၀၀) ဘတ်တောင်းဆိုကြောင်း ဘတ်ငွေ (၅၀၀) မရှိပါက ဘတ်ငွေ (၃၀၀) ပေးရင် ပြန်လွတ်ပေးကြောင်း လွတ်မြောက်လာသော အလုပ်သမားက ပြောပြသွားပါသည်။ ယခု ဖမ်းဆီးမှုတွင် အလုပ်သမား (၁၀၀) ကျော် ဖမ်းဆီးခံရကြောင်း သိရှိရပါသည်။

No comments :