Friday, 15 October 2010
အမှို က်ပုံပေါ်က သခင်များ
ဒီဗွီဒီယို ကလစ်ကတော့ သတင်းထောက်ကျော်သိင်္ခ ကရှာဖွေတင်ပြထားပါတယ်။ ၂၀၁၀ အတွက်အကောင်းဆုံး တင်ပြချက်လို့  ကျနော်ဆိုခြင်ပါတယ်။
သူတို့ ဟာ ခင်ဗျားတို့ ကျနော်တို့ လိုပဲ ဗမာလူမျိုးတွေ၊ မနုသဗေဒအရ ငပိစား ငံပြာရေကိုစားသုံး၊ ထိုးကွင်းထိုး၊ ဆေးရွက်ကြီါ်ကိုသုံးစွဲ ပြီး၊ အပန်းဖြေခြင်းကတော့ ကြက်တိုက်တာနဲ့ ခြင်းလုံးခတ်တဲ့ ဓလေ့တွေရှိသူပါ။
ကာဗိုဟိုက်ဒရိုက်ကို အများဆုံး အစာချေနိင်ပြီ။ အမဲသားကိုသိပ်အစာမချေနိင်တဲ့ လူမျိုးပါ၊ မနုသဗေဒပညာရှင်တွေက ဒီလူမျိုးတွေဟာ ခင်ဗျားလိုပဲ နှဖါချေးက လိပ်ထွက်ပြီး ကော့ကေရိုက် ( Caucasoid ) တို့ နီဂရ လွိုင် ( Negroid) တို့ လို ပျော်မထွက်ဘူး လို့ ဆိုပါတယ်။
အိမ်ခေါင်မိုးကိုခပ်ဆောက်ဆောက် ဆောက်လေ့ရှိပြီး သေရင် အုန်းသီးကိုမျက်နှာပေါ်ဆေးကြောလေ့ရှိကြတဲ့သူတွေပါ။ ကွန်ဖြူရှပ်ယဉ်ကျေးမှု (Confucius civilization ) နဲ (Christian civilization ) ခရစ်ယန် ယဉ်ကျေးမှု ရှိတဲ့ လူအဖွဲ့ စည်းကလူတွေလို သင်္ချိုင်းကို မကန် တော့တဲ့  သချိုင်းကို ပြုပြင်လေ့မရှိကြပါဘူး။ ဒီ ယဉ်ကျေးမှုကို မျှဝေ ကျင့်သုံးနေသူတွေပါ။
ပရောဖက်ဆာ ရစ်ချပ် ဒန်ကင်ရဲ့  စကားနဲ့ ပြောရရင်တော့ မျိုးရိုးဗီဇကို ထိမ်းသိမ်းထားရသူတွေပါ။ ကဲပါ- ပွင့်ပွင့်လင်းလင်းပြောရရင် အမိုက်ကောက်နေတဲ့သူတွေဟာ တခြားမဟုတ်ဘူး။ ခင်ဗျားတို့ ကျနော်တို့ လိုပဲ
မျိုးရိုးဗီဇ ( Gene ) တူနေကြတဲ့သူတွေပါ။ ကျနော်တို့  ခင်ဗျားလူမျိုးပဲလို့ ဆိုကြပါစို့ ။
ဒီမျိုးရှိဗီဇ ( Gene ) ရှိသူတွေ ပါပဲ ကြီးကျယ်တဲ့  င်ဗမာနိင်ငံတော်ကြီးကိုတည်ဆောက်ပြီး အရှေ တောင်အာရှ တလွားမှာ အနောက်တိုင်းပညာရှင်တွေက အင်ပါယာတခုကို တည်ဆောက်ခဲ့ကြသူတွေလို့ မှတ်တမ်းတင်ခံခဲ့ရသူတွေပါ ဒါကဟိုရွေထီးဆောင်းခဲ့တဲ့ခေတ်တုံးကပါ။ ခုတော့ ဒီမျက်နာ ဒီဂျက်နက်တစ်ရှိနေတာက ကံဆိုးမိုမှောင်ကျမှုလို သတ်မှတ်ခံရပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ သန်းရွှေ
စစ်အစိုးရက ရန်သူလို သဘောထားပြီဆက်ဆံခံရပါတယ်။ စီးပွားရေးနဲ့ လူမှုရေးအခွင့်အရေးတွေကို ဒီလိုမျက်နှာရှိတဲ့သူတွေ က ပိုပြီးငြင်းပယ်ခံရပါတယ်။
သူတို့ အခု ထိုင်းနိင်ငံမှာ အမှိုက်ကောက် စားပြီးအသက်မွေးဝမ်းကြောင်းလုပ်နေကြတဲ့ဘ၀ ကိုရောက်ခဲ့တာကတော့သမန် မတော်တဆ မှုတော့မဟုတ်ပါဘူး။ မဟာအမှားကြီးတခုတော့ ဒီလူအဖွဲ့ စည်းမှာ ဖြစ်နေပြီဆိုတာကိုအမိုက်ပုံထဲက လူသားတွေက မီးမှောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။
at 09:10
Subscribe to:
Post Comments
(
Atom
)
4 comments :
သနားပါတယ်ဗျာ တကယ်ကိုသနားပါတယ် ကြည့်ရတာစိတ်မကောင်းပါဘူး
ကျနော်ကြည်ပြီးvery sad. Pls, How we can do for that people?
ဘာလဲ
ပြောချင်တာက ဗမာဒုက္ခသယ်တွေက အမှိုက်ကောက်စားနေရပြီး
တိုင်းရင်းသား ဒုက္ခသယ်တွေက
ဥရောပတို. အမေရိကားတို.မှာ
ကောင်းစားနေတယ် လို.ပြောချင်တာလား
ဒီမိုကရေစီရရင် သူတို.ဘ၀ တိုးတက်လာနိုင်မလား
ဟီးဟီး ကြက်တိုက်တဲ့ ပညာလေးများ မျှဝေပေးလိုက်ချင်ရဲ့ ၊
ဆရာသော်တာဆွေ၊မင်းသားကြီးမြတ်လေး၊ဆရာဝင်းတို့ 
နဲ့ ကြက်တိုက်ခဲ့ဘူးတဲ့
ကျနော် ဝီဆင်းပါ
Post a Comment