Thursday, 21 October 2010

ဂီရီ အမည်ရှိ မုန်တိုင်း မြန်မာ ပြည်ကို ပြစ်မှတ်ထား နေပြီ ။ အားလုံးသတိရှိကြ။

                                                 အလွန်အားကောင်စွာဖြစ်ပေါ်နေတဲ့ ဂီရီ အမည်ရှိမုန်တိုင်းကိုတွေ့ ရပုံ
ဂီရီ  (GIRI - TC- 4B- ) အမည်ရှိ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ဟာ ရခိုင်ပြည်နယ်အလယ်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ မုန်းတိုင်းက ကျောက်ဖြူကိုဖြတ်သန်းပြီး အရှေ့ မြောက်ကိုဦးတည်နေတည်။ အခုခါမှာ မုန်တိုင်းက တနာရီကို မိုင် ၅ခန့် နဲ့ ရွေ့ လျားနေတယ်။ လည်ပတ်နှုန်းက တနာရီကို မိုင် ၅၀ ခန့် ဖြစ်ပေါ်နေတယ်။ တဖြေးဖြေးပြင်းလာမဲ့သဘောရှိတယ်။
မုန်းတိုင်းကြောင့်လေပြင်းတိုက်ခိုက်နိင်တယ်။ အိမ်များ၊ကမ်းခြေရှိလှေ၊သင်္ဘေများကို ဒုက္ခပေးနိင်တယ်လို့ခန့် မှန်းထားတယ်။ 


တချိန်ထဲမှာပဲ တောင်တရုပ်ပင်လယ်မှာ မာဂီအမည်ရှိ တိုင်ဖုန်းမုန်တိုင်းဟာ အဆင့် ၂ -၃ ရှိနေတယ်။ တရုပ်ကုန်းတွင်းပိုင်းကို တနာရီ မိုင် ၂၀၀ ခန့်  တိုက်ခတ်လာနိင်တယ်။ မိုးသီးထန်စွာရွာမယ်။ ရေကြီးမယ်။ အဆောက်အဦးတွေကိုပျက်ဆီးနိင်တယ်လို့  တရုပ်တို့ က ခန့် မှန်းထားတဲ့အတွက် လူ ၁ သိန်းခွဲခန့် ကို ကြိုတင်ရွေ့ ပြောင်း ဖို့  သတိပေးထားတယ်လို့ သိရတယ်။  

မုန်တိုင်းနစ်ခုကြောင့် ဒေသတခုလုံးမိုးသည်းထန်စွာရွာသွန်းနေမဲ့အနေထားရှိနေတယ်။ ဒီနေ့ သောကြာနေ အကုန်မှာ မုန်တိုင်းတွေစတင်ဖြစ်ထွန်းမယ်။ စနေနေ့ မှာ သိသာလာမယ်။

1 comment :

Anonymous said...

အလံသစ်လဲပြီးအလံဟောင်းမီးရှို့ပြီးတဲ့နောက်ဂီရီးမှုန်တိုင်းကထပ်ကြပ်မကွာလိုက်လာပါလေရော။