ကြာအင်းဆိပ်ကြီး အခြေစိုက် နအဖစစ်တပ်များနှင့် ဒီကေဘီ၊ ကေအန်ယူ၊ ဟောင်သယော သူ့မူဟဲ တပ်များအကြား တိုက်ပွဲဖြစ်ပွား အ၀ိုင်းခံထားရသော နအဖ တပ်များမှ ရမ်း၍ပစ်ခတ်ရာ မိုးကုတ်ဝိပဿနာကျောင်းမှ ဘုန်းကြီးနှစ်ပါး ဆွမ်းစားရင်း ဒဏ်ရာရ စန်ခဘူရီဆေးရံသို့တင်ထားရာ ပျံတော်မူသွားကြောင်း သတင်းရရှိ အရပ်သားများထဲမှ အမျိုးသမီးကြီးတဦးနှင့် အမျိုးသမီးငယ် ၂ ဦးလည်းဒဏ်ရာရရှိ ကလေးငယ်တဦးမှာ သေဆုံးသွားကြောင်း သတင်းရရှိ။
ထိုင်းဘက်ကမ်း အာနမိုင်ဆေးခန်းရှေ့ တွင်လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည် ထိခိုက်မှုမရှိကြောင်းနှင့် လောလောဆယ် အရေးပေါ်အခြေအနေအရထိုင်းအစိုးရဘက်မှ ရေဘူးများ ထ္မင်းထုတ်များ ဝေငှနေကြောင်းသိရသည်။ နိုင်ငံခြားသားတချို့လည်းကူညီနေကြောင်းသိရသည်။
ဘုရားသုံးဆူမြို့တမြို့လုံး အိမ်စောင့်များသာကျန်ရှိတော့ကြောင်းသိရ၍ စစ်ပြေးဒုက္ခသည်ပေါင်းမှာ အစိုးရ၀င်ထမ်းများဖြစ်ကြသော ကျောင်းဆရာ၊ ပညာရေးဝင်ထမ်း နှင့် လူဝင်မှုကြပ်ရေးမှ အစ တသိန်းကျော်ခန့် ရှိမည်ဟုသိရသည်။ ယ္ခုအချိန်မှာ ဘုရားသုံးဆူမြို့တခုလုံးသည် Ghost town (တစပြင်) ကြီးပမာ ဖြစ်နေကြောင်း သတင်းရရှိ။
သစ်တောရုံး ရပ်ကွက် (၄) မဲရုံနှင့် မဲရုံအားလုံး မီးရှို့ဖျက်စီးပြီကြောင်းသတင်းရရှိ၊ အထူးရဲတပ်ဖွဲ့မှ ရဲတဦး ကျဆုံးသွားကြောင်းလည်း သတင်းရရှိ။
နအဖ ဘက်မှ စစ်တပ်များတွင် ခလရ (၂၈၃)၊ ခြေလျှင်တပ်ရင်း (၀၄) ကြာအင်းဆိပ်ကြီး တပ်များပါဝင်ကြောင်းသိရသည်။
နောက်ဆုံးရရှိသော သတင်းမျာအရ ဘုရားသုံးဆူရှိ ဆရာတော် တပါးကစေ့စပ်ပေးနေကြောင်းသိရှိရသည်။
ဒီကေဘီအေမှ ဒုရင်းမှူး ဗိုလ်ထူးမောင်ခေါ် ကျော့ဘူ၊ KBS ဟောင်သရောတပ်ဖွဲ့ တပ်ရင်း (၃) တပ်ရင်းမှူး စောလေးဝင်း၊ ကေအန်ယူ တပ်ရင်း (၁၆) တပ်ရင်းမှူး ဗိုလ်မှူးတင်လှိုင်နှင့် အခြားသောတပ်မှူး တပ်ဖွဲ့များမှ တောင်ကုန်းအသီးသီးပေါ်တွင် အထက်စီးမှနေ၍ ၀ိုင်းရံထားကြောင်းသိရသည်။ 13:00 10.11.2010
မိုးသီးဇွန်
စိန်ဟန် (081 973 1982)
Wednesday, 10 November 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment