Wednesday, 10 November 2010

ကျောင်းသားတပ်မတော် အမှတ် (၄) တပ်ရင်း လွိုင်ကော်-ရှားတောကားလမ်းပေါ်က နအဖ စခန်းတခုကို သိမ်းပိုက်

၂၀၁၀ ခုနှစ်အောက်တိုဘာလ ၂၆ ရက်မနက်ပိုင်းတွင် ကရင်နီပြည်လွိုင်ကော်-ရှားတောကားလမ်းပေါ်ရှိ ပွန်းချောင်းတံတားစခန်းကိုကရင်နီတပ်မတော်အမှတ်(၃)တပ်ရင်းနှင့် ABSDFအမှတ်(၄)ရင်းမှတပ်ဖွဲ့များနှင့်အတူပူးပေါင်းသိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲတွင်ရန်သူ့သုံ့ပန်း(၄)ဦး၊ရန်သူ့အလောင်း(၄)လောင်း၊လက်နက်ကြီးငယ်မျိုးစုံ(၉)လက်နှင့်
ခဲယမ်းမီးကျောက်များသိမ်းစီးနိုင်ခဲ့သည်။မနက်(၁၁း၀၀)တွင်သုံ့ပန်းများကိုပြန်လွတ်ပေးပြီး၊သိမ်းပိုက်စခန်းကို
မီးတင်ရှို့ခြင်းနှင့်တံတားအားဖေါက်ခွဲကာပြန်လည်ဆုတ်ခွါခဲ့သည်။
မိမိဘက်မှာထိခိုက်မှုမရှိ။

4 comments :

Anonymous said...

ကျောင်းသားတွေ ဘာလုပ်နေလဲ မေးတဲ့လူတွေ ဒါဖတ်ပြီးရင် နှုတ်ခမ်းမွှေးအဖွဲ့က နောက်ကျမှလုပ်မှန်း သိမယ် ...

Anonymous said...

ဟေ့သူငယ်ခြင်း မနှိုင်းနဲ့ 
နှုတ်ခန်းမွှေး က သူ့  ကိုယ်ကြိုးအတွက် လုပ်တာ
ကျောင်းသား က ပြည်သူ့  အတွက် လုပ်တာ။

Anonymous said...

If the studuentd do for the people,why they left to third countries?

simple said...

ကျောင်းသားတပ်မတော် အမှတ် (၄)တပ်ရင်း လွိုင်ကော်-ရှားတော ကားလမ်းပေါ်က နအဖ စခန်းတခုကိုသိမ်းပိုက်- စိတ်ဝင်စားစရာကောင်းတဲ့ သတင်းခေါင်းစဉ်းပဲ ဒါပေမဲ့ မှတ်တမ်းတင် ဓါတ်ပုံ ဗီဒီယိုမှာ ကျောင်းသားတပ်မတော်သားတွေ မတွေ့ မိပါလားနော် အသားယူလိုက်တဲ့ သတင်းပဲလို့ ထင်တယ် ဘယ်သူတကယ်လုပ်လဲဆိုတာကိုပဲ ဖော်ပြသင့်တယ် စစ်မှန်တဲ့ Media ဆိုရင်ပေါ့လေ