Monday 8 November 2010

တရားသောစစ်နှင့် ဒီမိုကရေစီ အရေးတော်ပုံ မှသည် နိုင်ငံတော်သစ်ဆီသို့ 

တိုက်ပွဲ တိုက်ပွဲ

မြ၀တီတိုက်ပွဲ ၊ ဘုရားသုံးဆူ တိုက်ပွဲ တို့ သည် ကလိန်ကကျစ်နအဖ ၏ ကြံ့ဖွတ် ဖုတ်သွင်းပွဲပြီးသည်နှင့် စတင်ပေါက်ကွဲလာသည့်သေနတ်သံများဖြစ်၏။

ဖုတ်သွင်းမှန်းသိသိနှင့် တော်ကောက်ခံချင်ကြသော သူများမှာလည်း ကိုယ်လုပ်တော် အဆင့်ပင် မတင် သည့်ဖြစ်ရပ်နှင့် အရှက်တော်ပါ ၀က်ဝက်ကွဲရ၏။ ရှက်တတ်လျှင်ပြောပါတယ်။
ယခု စစ်ရေးနှင့် နိုင်ငံရေးအရ မည်ကဲ့သို့ စစ်အာဏာရှင် စနစ်ကိုအမြစ်ပြတ်သုတ်သင်မည်နည်း။
သုတ်သင်နိုင်မည်နည်း။


တပွဲချင်း တနေရာချင်း

ယခု ဗိုလ်မှူးချုပ် စောလားဘွယ် ၏ တပ်များနှင့် နအဖ တပ်များ မြ၀တီ နှင့် ဘုရားသုံးဆူတွင် ထိတွေ့ မှုဖြစ်နေ၏။ ဗိုလ်မှူးချုပ် စောလားဘွယ် ၏ တပ် အနေဖြင့် နာရီပေါင်းမည်မျှ အထိ ထိုမြို့ နှစ်မြို့ ကိုထိမ်းထားနိုင်မည်နည်း။
စစ်တိုက်သည် ဆိုသည်မှာ စိတ်ခံစားမှု ကို ထိမ်းချုပ်၍ သွေးခုန်နှုန်းနှင့်အမျှ သတိရှိရသော ကိစ္စဖြစ်၏။ Emotional ဖြစ်၍ မရ။ ထို့ အတူ စစ်၏ အရေးပါသည့် အချက်အလက်များဖြစ်သော အရံကျည်၊ ဆေးဝါး ၊ ရိက္ခာ ၊ စစ်ကူ တို့ ရှိရမည်ဖြစ်၏။
ထိုနည်းနှင်နှင် ပိုမို အရေးကြီးသည့် စစ်၏ အသက်သွေးသည်ကား အထက် တပ်မှူး၏ ရှင်းလင်း တိကျသော အမိန့် ဖြစ်၏။ တပ်မှူးအဆင့်ဆင့်၏ နယ်မြေ ကျွမ်းကျင်ပိုင်နိုင်မှုဖြစ်၏။ သူ့ တဖွဲ့ တည်း တိုက်နေလျှင်တော့ တန်ဖိုးရှိလှသော မိမိအင်အားကိုဖြုန်းတီး သည် နှင့်တူသွားလိမ့်မည်ဖြစ်၏။

စစ်ရေးအရ အပစ်အခတ်ရပ်ထားသော်ငြားနအဖ ၏ ခြေထောက်အောက် ခေါင်းလျှိုမ၀င်လိုသည့် ကချင် ၊ မွန် ၊ ကရင်နီ ၊ ရှမ်း ၊ ၀ တို့  အနေနှင့် ယခု အချိန်တွင် ငါ့လာ မတိုက်သေးဘူးပဲ မြို့ ထဲ မှာ အေးအေးလူလူ နှပ်နေနိုင်သမျှ နေမည်ဟူသောစိတ်ဖြင့် မသိသလိုနေမည်ဆိုလျှင်တော့ သင်တို့ ၏ အလှည့်လည်း မလွဲမသွေ တစ်နှစ်အတွင်း ရောက်ရှိလာမည်ဖြစ်၏။
ယခု ချိန်တွင် နေရာတိုင်း မှ တပြိုင်နက်တည်း နအဖ ၏ ဖုတ်သွင်းရွေးကောက်ပွဲ ကို ဆန့် ကျင် သည့် စစ်ရေး ဆောင်ရွက်ချက်ကို စတင်သင့်ပြီဖြစ်၏။ သို့ မဟုတ်ပါမူ သင်တို့ အဖွဲ့ များ၏ အနာဂါတ်ကံကြမ္မာ ၊ တိုင်းရင်းသားပြည်သူလူထု ၏ အနာဂါတ်ကံကြမ္မာသည်ကား ၊ ခွေးစားသော တိုင်ယာ ဖိနပ် ကဲ့သို့  စုတ်ပြတ် သွားမည်မှာ မုချမသွေဖြစ်ပေ၏။


တပ်မတော်၏ စိတ်ပိုင်းဆိုင်ရာ

တကယ်တန်းတွင် ယခု ထိတွေ့ တိုက်ပွဲဖြစ်နေသော နအဖ တပ်မှူးများ သည်လည်း အကပ်မရှိ ၊ မျက်နှာမရှိ၊ တက်လမ်းလည်းတကယ်ရှိနိုင်မည်မဟုတ်သည့် အစွယ်အပွားအရာရှိများသာဖြစ်၏။ သူတို့ ၏ ဘ၀သည်လည်း ပြည်တွင်းစစ်၏ အခွင့်ထူး ရ သားကောင်များသာဖြစ်၏။ထို့ ထက်မပို ၊ သူတို့ သည်လည်း ပြည်သူလူထု၏ မေတ္တာကို လို လားတောင့်တနေသူများအမှန်ဖြစ်ကြပါ၏။

ထို့ ပြင် သူတို့ တွေလည်း အဓိပ္ပါယ်မဲ့ အသက်ဆုံးချင်ကြသည်မဟုတ်။ ထို့ အတူ တပ်မတော်ကြီးတစ်ခုလုံးသည် ငတ်မွတ်ဆာလောင် မ၀ရေစာဖြင့် လူရုပ်မပေါ်စွာအသက်ရှင်နေရသော နောက်တန်းရဲမေများနှင့်မိသားစုများ အများစုဖြင့် ဖြစ်၏။

တပ်မတော်သားများအနေဖြင့် လည်း အထက်ပိုင်းစစ်အာဏာရှင် ဗိုလ်ချုပ် ကြီး ဆိုသူများကို ကြေနပ်ကြသည်မဟုတ်။ ထိုအနေအထားမှ တခွင်တပြင် ပြည်သူလူထုနှင့် ပူးပေါင်းနိုင်လာရန် ပြည်နယ်အသီးသီးနှင့်ပြည် တွင်းရှိ ရွေးကောက်ပွဲ တွင် မဟာအရှက်တော် ပက်ပက်စက်စက်ခွဲခံလိုက်ရသော
နိုင်ငံရေးပါတီများအပါအ၀င် ရွေးကောက်ပွဲ ကို ရင်ကော့သပိတ်မှောက်သော NLD နှင့် တကွ အားလုံးအားလုံး က တပ်မတော် အနေဖြင့် ပြည်သူ့ ရင်ခွင်တွင်ပြည်သူနှင့်လက်တွဲရန် ထပ်မံ ကြိုဆိုအာမခံကမ်းလှမ်းကြဖို့ လို၏။

ပြည်တွင်း မြို့ ကြီးများမှ တက်ကြွလှုပ်ရှားသူများ ၊ မဲညစ်ခံလိုက်ရသော နိုင်ငံရေးပါတီများပူးပေါင်းကာ Joint Action Committee တစ်ခု ဖွဲ့ ၍ နအဖ ၏ ဖုတ်သွင်းပွဲ ရလာဒ်နှင့် နအဖ ဖုတ်သွင်းထားသော ဘီလူးသရဲ ကြံ့ဖွတ်တို့ ကို နအဖနှင့်တန်းတူထားကာ တောထုတ်ပွဲ အတွက် အစီအစဉ်ကျကျ
အကောင်အထည်ဖော်သင့်၏။


တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ တပ်မတော်သားများအနေနှင့်လည်း ရှေ့ တန်း ထွက်မိန့် ကို
အာခံ၍ ကိုယ့်တပ် အင်အားနှင့်ကိုယ့်တပ်ဗဟိုတွင်ကိုယ့်လက်နက်ကိုယ်ကျစ်ကျစ်ပါ
ကိုင်ကာလူထုနှင့်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်၏။ထိုမှသာတပ်မတော်သားများလည်း စစ်ကျွန်ဘ၀ကလွတ်မြောက်တော့မည်ဖြစ်၏။

မိမိ တပ် စခန်းထိုင်ရာမြို့ နယ်သို့ မည်သည့် ရပ်ဝေးတပ်မှ လာရောက်ခွင့်မပေးပဲ ကိုယ့်ဖွဲ့ စည်းပုံဖြင့်ကိုယ် လမ်းကင်းများဖြတ်ယူထားကာ တပ်မ တွင်းရှိ တပ် ချင်း ဆက်သွယ်ရေးစက်လိုင်းတစ်ခု ပေး၍ ဆက်သွယ် ချိတ်ဆက်ရမည်ဖြစ်၏။ ဖြစ်နိုင်လျှင် သုံးနေသော cipher မသုံးပဲ လိုင်း ခုန် ရမည်ဖြစ်၏။
ထို့ နောက် မြို့ နယ်အသီးသီးတွင် NLD အပါအ၀င် နှင့်အခြား ဒီမိုကရေစီ အင်အားစုများကို ဆက်သွယ် အချိတ်အဆက်ယူရမည်ဖြစ်၏။

တပ်မမှူးတိုင်းမှူးများအနေဖြင့် ပြည်သူလူထုနှင့်လက်တွဲကာ ပူးပေါင်း ပါဝင်လိုသည့် စိတ်ရှိနေသည့် တပ်မှူးများ တပ်မတော်တွင်ရှိ၏။ ထိုသူများ လည်း ပါဝင်လာနိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်၏။

တပ်မတော်သည် ပြည်သူချစ်သော ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး ကို ညီရင်းအကို မောင်ရင်းနှမပမာ ဆက်ဆံသော ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးပါဝင်သော ပြည်ထောင်စု တပ်မတော်ပဲခေါ်ခေါ်ပြည်သူ့ တပ်မတော်ပဲ ဆိုဆို မည်သို့ ပင်အမည်တပ်သည်ဖြစ်စေ ၊
ပြည်သူ လူထုကို ငဲ့ညှာ သော ဂုဏ်သိက္ခာရှိသည့်တပ်မတော်အဖြစ်သို့ 
ပြန်လည်ဘ၀ပြောင်းလိုသော တပ်မတော် သားများနှင့်တပ်မတော်ဖြစ်၏။

တပြည်လုံး အနှံ့ ၊ တခွင်တပြင် ပြည်သူလူထု တပ်မတော်နှင့်တိုင်းရင်းသား တပ်များ ပူးပေါင်းနားလည်မှုယူ ၍ တိုက်ယူမှသာ အောင်မြင်မည့် တိုက်ပွဲဖြစ်၏ အကျိုးအမြတ်အနေဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်သည် သင်တို့ ကျွန်ုပ်တို့ ၏ လက်တကမ်းတွင်ပင်ဖြစ်၏ ။ ပြည်သူ့ စစ်သည်တော် ပီသ ကြပါစေ တပ်မတော်သားအပေါင်းတို့ ။


အပစ်ရပ် အဖွဲ့ များ တွေးစရာ


အပစ်ရပ်အဖွဲ့များအနေဖြင့်လည်း သင်တို့ သည် သင်တို့ ပြည်နယ် သင်တို့လူမျိုးစု ၏ အခွင့်အရေးအတွက် တကယ်တန်း ရှေ့ တန်းက ကာကွယ်စောင့်ရှောက်ရန်လက်နက်ကိုင်သည် ဆိုပါလျှင် ယခု ဖြစ်နေသော တိုက်ပွဲ များတွင် သင်တို့ ၏ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် မဟာအခါအခွင့်ကြီးကို
လက်လွှတ် ခံကြမည်လော။

သင်တို့ ၏ နယ်မြေများတွင် သင်တို့  ချစ်သော သင်တို့  နှင့်တမြေတည်းနေ တရေတည်းသောက် ဘာသာစကားတစ်မျိုးထဲပြော ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတစ်ကျောင်းတည်းတက်များ၏ ဘ၀အတွက် ထိုသူတို့ ၏ မျိုးဆက်အတွက် ၊ သေနတ်များချိတ်ကာ ဟန်ရေးပြသော်လည်း ရေငုံနှုတ်ပိတ် ဆွံ့ အ နေမှုအိပ်မက်များမှ နိုးထကြလော့

လိမ်ညာကောက်ကျစ် ယုတ်မာသည့် စစ်အာဏာရှင်စနစ်အား တိုင်းရင်းသားတပ်များ ၊ ဒီမိုကရေစီအင်အားစုများ ၊ ရဟန်းသံဃာများ ၊ တပ်မတော်သားများအားလုံး ၀ိုင်းဝန်းလက်တွဲညီညီ တွန်းလှန်တိုက်ဖျက်၍ ကိုယ် တကယ် မြင်လိုသည့် နိုင်ငံတော် ကို တည်ထောင်ကြလော့။

အောင်ချမ်း
၂၁၀၀ နာရီ

12 comments :

Anonymous said...

အင်တာနက်တွင် လေကျယ်နေသူများ အမြန်ဆုံး ထိုင်းပြန်ကာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းဖြင့် သင်တို့ ရဲ့  ကျောင်းသားတပ်မတော်ကို အားဖြည့်ကာ သက်သေပြရန် အခွင့်အလမ်းဖြစ်ပါတယ်။
သင့်ကို မျိုးချစ်တပ်မတော်က အလိုရှိနေပါပီ။
where r the ABSDF deserters from third countries?revolution hasent finish.Its time to go back to front line.

Anonymous said...

I totally agree with Anonymous. Ko Moe Thee is already in Thai border. Show ur bravery by leading ABSDF back. We will follow u.

Anonymous said...

ဒီအချိန်မှာဂတုံးခေါင်းရန်ရှာစကားတွေလာမပြောနဲ။အောင်ချမ်းရေးတာလက်ခံရမယ်။တတိုင်းပြည်လုံးအတွက်ပြောတာဖြစ်တယ်။လက်တကမ်းမှာတိုက်ပွဲဖြစ်နေတယ်။မငြင်းနဲ့ဒါလက်တွေ့ဖြစ်တယ်။အပြစ်ရပ်တွေအကျိုးစီးပွားစွန့်လွှတ်ရမှာကြောက်ရင်တိုင်းရင်းသားအရေးဗန်းမပြနဲ့။ဖက်ဒရယ်လိုချင်ရင်တောင်းလို့မရဘူး။တိုက်ပွဲဝင်မှရမယ်။သင်တို့မှာကိုင်ထားတာမီးပြောင်းမဟုတ်ဘူး။တိုက်ပွဲဝင်ပါတော့လား။ဘာတွေသွေးကြောင်နေတာလဲ။မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပါတော့လား။ဘာလဲလူထုဆန္ဒခံယူပြီးမှတိုက်မှာလား။မြောက်ပိုင်းကကချင်တွေသင်တို့၏ရန်သူအပေါ်ပြတ်သားတဲ့တိုက်ပွဲသံကိုသင်တို့ရဲ့လူထုကြီးကစောင့်ကြည့်နေတယ်။သွေးမနည်းရင်ဒီအချိန်ဟာအောင်ပွဲပဲ။ဒီအောင်ပွဲကိုမယူရဲ့သူဟာတိုက်ရဲသူမဟုတ်လို့ပဲ။

Anonymous said...

ဒီအချိန်မှာဂတုံးခေါင်းရန်ရှာစကားတွေလာမပြောနဲ။
အောင်ချမ်းရေးတာလက်ခံရမယ်။
တတိုင်းပြည်လုံးအတွက်ပြောတာဖြစ်တယ်။
လက်တကမ်းမှာတိုက်ပွဲဖြစ်နေတယ်။
မငြင်းနဲ့ဒါလက်တွေ့ဖြစ်တယ်။
အပြစ်ရပ်တွေအကျိုးစီးပွားစွန့်လွှတ်ရမှာ
ကြောက်ရင်တိုင်းရင်းသားအရေးဗန်းမပြနဲ့
။ဖက်ဒရယ်လိုချင်ရင်တောင်းလို့မရဘူး။
တိုက်ပွဲဝင်မှရမယ်။သင်တို့မှာကိုင်ထားတာ
မီးပြောင်းမဟုတ်ဘူး။တိုက်ပွဲဝင်ပါတော့လား။
ဘာတွေသွေးကြောင်နေတာလဲ။ြ
မို့သိမ်းတိုက်ပွဲတွေဆင်နွှဲပါတော့လား။
ဘာလဲလူထုဆန္ဒခံယူပြီးမှတိုက်မှာလား။
မြောက်ပိုင်းကကချင်တွေသင်တို့၏
ရန်သူအပေါ်ပြတ်သားတဲ့တိုက်ပွဲသံကို
သင်တို့ရဲ့လူထုကြီးကစောင့်ကြည့်နေတယ်။
သွေးမနည်းရင်ဒီအချိန်ဟာအောင်ပွဲပဲ။
ဒီအောင်ပွဲကိုမယူရဲ့သူဟာတိုက်ရဲသူမဟုတ်လို့ပဲ။

Anonymous said...

နောက်တန်းမှ နအဖ စစ်သားများ (မှတ်ချက် စစ်ဗိုလ်မပါ) တွေကလဲ ရှေ့ တန်း မှ တိုင်းရင်းသားတွေ ညီ ညွတ်စွာ ပြန်တိုက်လျင် သူတို့ လဲ နောက်တန်းမှ ပူးပေါင်း ပြီး နအဖကို ပြန်ဆန့် ကျင်ဖို့ အသင့် မြန်မာတွေခေါင်းဆောင် တွေဟာ ဘယ်တုန်းကမှ ဆုံးဖြတ်ချက် မပြတ်သားခဲ့ ကြဖူး ဒီ အကြိမ် နောက်ဆုံး တိုက်ပွဲ ပဲ နောက် မရှိတော့ ဖူး

Anonymous said...

where is a financial support? Obama doesn't support violent so that everybody stay away from Myawaddy. They'd rather stay in US or Japan and talk garbage in Internet.

Anonymous said...

ကောင်းတဲ့ လက်ခံနိုင်စရာရှိတဲ့သုံးသပ်ချက်မို့ 
သဘောတူပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းရင်းသား တွေ ကဘယ်လောက်ပြောပြော နားမ၀င်ဘူး။ ကျေးဇူးတင်ပါတယ်။

Anonymous said...

က၇င်တွေ တာ ၀န်ကျေခဲ့ ပြီး ကရင် ပြည်ကို ကရင် သိမ်း ရှမ်းပြည်ကို ရှမ်းသိမ်း ကချင်ကို ကချင် တချိန်တည်းပြန်သိမ်း ရင် နအဖ သောင်ပြင်လွတ် ခွေး လို ဘယ်ပြေး ရမှန်းမသိ ဒီ ချိုန်မှာ ငတ်ပြတ်နေ တဲ့ နောက်တန်းရဲ ဘော် တွေ ကလဲ အမိန့် နာခံမှာ မဟုတ် နီုင်ငံတကာ ရောက် မြေပေါ် အဖွဲ စည်းတွေ ရွေးကောက်ပွဲ သပိတ်မှောက် ဒါနောက်ဆုံး တိုက်ပွဲ ပဲ ဒီ တချိန် မှာ မလုပ်ရင် နောက်မရှိတော့ ဖူး ပြီး ပြီး ဘာလို့ လဲ ဆို တော့ ထိုင်းက နိုင်ငံရေးထက် သူ့ ပြည်တွင်း စီးပွါးရေး ကို ဦးစားပေးမှာ ဒီမှာ အခက်ခဲ တခုရှိတယ် ကျည်ဆံ နဲ့ ၇ိက္ခာ ဘယ်လို ထောက်ပံ့ မှာလဲ လာအို ကနေ ၀င်လို့ ၇မလား ထိုင်း ကလုံးဝ မရောင်းဖူး တရုပ်လဲ မရောင်းဖူး ဘင်းကလားဒေ့ ရှ်က ၀င်လို့ ရမလား ဘယ်က၀င်မလဲ

Anonymous said...

Financial support?

ပြည်ပရောက် ကရင်တယောက်ကို ၁ ဒေါ်လာပဲ ထည့် ဦးတော့ ဒေါ်လာ ၁သိန်းလောက် ရတယ်. ဘတ်ငွေ သိန်း သုံးဆယ် ဒါပေမဲ့ အဲဒါကို တကယ် စစ်ရေးတွက် သုံးမယ်လို့ ဘယ်သူ့ ကို ယုံကြည်ပြီး ကျုပ်တို့ ပန့် ပိုး မှာလဲ ဘယ်သူ့ ကို ငွေကြေးအ၇ ယုံကြည်ပြီး ပန့် ပိုး ရမှာလဲ

Anonymous said...

၁၉၄၈ ခုနှစ် နောက်ပိုင်း တိုင်းရင်းသား တွေ မနိုင်တာဟာ မြန်မာ့တပ် မတော်ကို အဲ ဒီ ချိန်က လွတ်လပ် ရေးရကာစ လူထုက ၁၀၀% ပံ့ပိုးထားတယ် ခု နအဖခောတ်မှာ လူထုက တပ်မတော်ကို ၉၀% လောက် မထောက်ခံတော့ဖူး ဒါကြောင့် ဒီတချိန် တိုင်းရင်းသား လက်နက်ကိုင်တွေ ညီခဲ့ ရင် ကျူပ်တို့ စစ်မှန်တဲ့ လွတ်လပ်ရေး ရမှာပဲ မဟုတ်ရင်တော့ တနှစ်ကို တဖွဲ့ နှုန်းနဲ့ အပျောက်ရှင်းခံရမှာကို ထိုင်စောင့်ကြပေါ့ 

Anonymous said...

We Burmese love Karean Army.

Anonymous said...

kill the burmese army..