Monday 8 November 2010

စစ်ရေးမဟာမိတ်ပြုထားသော တိုင်းရင်းသားတပ်မတော်များသို့ ပန်ကြားချက်

မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။
ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်း တော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုရမယ်။
ကျနော်တို့  နဲ့ တူ တူ ငြိမ်းချမ်းရေး ၊ လူ့ အခွင့်အရေး ၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလဲ အမိမြေရဲ့ နေရာအနှံ့ က ပူးပေါင်းပါဝင်ကြပါလို့ဖိတ်ခေါ်ပါတယ် ။

ပြည်တွင်း က အနိုင်ကျင့် ခံ အညာ ခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံး လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။


ဗိုလ်မှူးချုပ်စောလားဘွယ် (DKBA)

3 comments :

aye said...

လက်နက်ကိုင် တိုင်းရင်သားများအားလုံးစုပေါင်းပီး တညီတညွတ်တည်း စစ်အာဏာရှင်များကို တိုက်ကြစေလိုပါတယ်
ပြည်ပရောက်စစ်မတိုက်နိုင်ကြသောသူများကလည်းမိမိတို့ တတ်နိုင်တဲ့ဘက်က ၀ိုင်းကူစေလို့ ပါတယ် အထူးသဖြင့် ငွေအားပါ
အသက်စွန့် တိုက်ပွဲဝင်နေသူတွေကို ကျနော်တို့ က မေတ္တာထားကူညီစေလိုပါ
ငွေလက်ခံရန်ဌာနများကိုလဲနိုင်ငံတကာမှစနစ်တကျဖွင့်စေလိုပါတယ်
ကျနော်လဲငွေလှူလိုပါတယ်ဘယ်ကိုပေးမယ်ဆိုတာမသိဘူးဖြစ်နေပါတယ် မဲဆောက်ကဗိုလ်ထက်မင်းတို့ ဆီကတဆင့်ပို့ ရင်ဖြစ်နိုင်မလားအကြောင်းပြန်ပေးစေလိုပါတယ်
ကျနော်mailက mgmgaye5@gmail.com ဖြစ်ပါတယ် ။

seinnmyanaddy said...

mgmgaye ပြောတာမှန်ပါတယ်။ အလှူငွေလက်ခံဌာနကို
မဲဆောက်မှလူများကတာဝန်ယူလျှင်ပိုသင့်ပါတယ်။

Anonymous said...

Yes we need to support money, Medicine and materials. We need to start 3M program. It is crucial to support the freedom fighters.
All ethnic nationalities and Burmans need to join hand in hand to fight against the military dictatorship.

Htun Aung Gyaw