Saturday 27 November 2010

ထောက်လှမ်းရေးကွန်ယက်ကိုပြန်ဖွဲ့မှုကြောင့်ထောက်လှမ်းရေးမှူးချုပ်ဟောင်း ခင်ညွန့်အားအင်းစိန်ထောင်သို့ပြောင်းရွှေ့ 


khin nyunt from 88bigguy on Vimeo.

တင်ကျော်ကျော်စိုး ၊   Freedom News Group                   

ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ နှင့် ၀န်ကြီချုပ် ဟောင်း ဖြစ်သူ
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီးဖြစ်
သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အား ရန်ကုန်မြို့  ကမ္ဘာအေး ရှိ
နေအိမ် မှ အင်းစိန် အကျဉ်း ထောင်သို့  ပြောင်းရွှေ့ လိုက်
ပြီ ဖြစ်ကြောင်း ရန်ကုန် မြို့ သတင်းတပ် ဖွဲ့ မှ
အမည် မဖော် လို သည့် အရာ ရှိ တစ်ဦးက Freedom News Group
သို့ အတည် ပြုပြောကြားသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ ခြင်းဖြစ်သည်။ စစ်ထောက်လှမ်းရေး အကြီးအကဲ သည် နိုင်ဝင်ဘာလ ၂ ရက်နေ့  တွင် နေအိမ် အကျယ်ချုပ် မှ အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့  ခံရခြင်းဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့ ပြောင်းရွှေ့ ပြစ်ဒဏ်ပြောင်း လဲ ခံယူရန် မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့ ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီ ၊ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့ မှုး ၊ သတင်းတပ်ဖွဲ့ မှုး၊ အကျဉ်းဦးစီးဌာ န ညွှန်ကြားရေးမှုး၊ အကျဉ်း ဦးစီး ဌာန အင်းစိန် အကျဉ်းထောင် ထောင်ပိုင် နှင့် အခြား တာဝန် ရှိ သူများ လာရောက် တွေ့ ဆုံ ပြီးနောက် အင်းစိန် အကျဉ်းထောင် သို့ ထိုနေ့ မှာ ပင် ရွှေ့ ပြောင်း ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
အတည်မပြု နိုင်သည့် သတင်းများ အရ လည်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ၎င်း ၏ ယောက်ဖ ဖြစ်သူ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက် ပွဲ တွင် ပါဝင်လာစေရန် အတွက်နေပြည်တော် အထိ ခေါ် ယူ တွေ့ ဆုံက ပါးနပ် စွာ အသုံးချ ခဲ့ သည် ဟု သိရှိရသည်။
ယခင် ကကလှမ်း မှ အရာရှိ ဟောင်း တစ်ဦးက မူ “ဒါ သူတို့ သက်သက် မဲ့ စွပ်ဆွဲ တာပါ။ လူထု အုံကြွှမှု ဖြစ်ရင် ဗိုလ်ချုပ်ကဒေါ် စု မလွတ်သေး ဘူး ဆိုရင် ပြည်သူတွေ ရှေ့ မှ သူ့ အမှား ကို ၀န် ခံပြီး ရင် ဦးဆောင် မှု ပေးမယ် ဆို လို့ လုပ်လိုက်တာ။
ဗိုလ်ချုပ် က သူ့ ဆံပင် ကို တောင် သူ့ ဘာသူ တောင် သူ ညှပ်ရတာ ဘယ်လိုလုပ် အာဏာသိမ်းမလဲ ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် သည် ၎င်း ၏ ကွန်ယက် ထူထောင် နိုင်ရေး အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် နေပြည်တော် တွင် တွေ့ ဆုံစဉ် က ၀ တပ်ဖွဲ့  နှင့် ရှမ်းမြောက် အဖွဲ့ များ ကို မတိုက်သေး ရန် အကြံပေး ခဲ့ပြီး ၎င်း က မူ ၀ လူမျိုးထိပ်တန်း စီးပွား ရေး လုပ်ငန်း ရှင် တစ်ဦး ထံ မှ ၎င်း  ကွန်ယက် အတွက် ငွေကြေး မြောက် မြား စွာ ရယူ ခဲ့သည်။
စာရေး ဆရာ တစ်ဦး လည်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး က မူ “ဒေါ်စု လွတ်ပြီ ဆိုတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကို အပြင် မှာ ဘယ်ထား တော့ မလဲ ရန်ကုန်မှာက လက်ရှိ စစ်အစိုးရ ကို မကြည်တဲ့ figure တွေ ကပိုများလာတာကို သူတို့ ပေါ် လစီက တော့ တစ်ယောက် ၀င် ၊
တစ်ယောက် ထွက် ပဲ ဟု ပြောကြားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ရာထူး မှ ဖယ်ရှားပြီးနောက် စစ်ထောက် လှမ်းရေး အရှိများ အားထောင်ဒဏ် နှစ်၁၀၀ ကျော်ထိ ချမှတ် ခဲ့သည်။ စစ်ထောက်လှမ်းရေး က ပိုင်ဆိုင်သည့်  A 21 ဆပ်ပြာ၊ခိုစိမ်းဖိနပ်၊ စူပါ ဂျာနယ်၊ စေတမန်တေးသံသွင်း၊ နိုင်ငံတကာ စီးပွားရေး ဂျာနယ် တို့ ကို ယခု
ဒုတိယ ဗိုလ်ချုပ်ကြီးမြင့် ဆွေ မှ လွှဲပြောင်း ရယူ လိုက်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ၏  ကျေးဇူးရှင် ဖြစ်သူ မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ဥက္ကဌ ဟောင်းနှင့်
အာဏာရှင် ဟောင်း ဦးနေ၀င်းမှာ ၂၀၀၁ ခုနှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ် ခံရပြီး ၂၀၀၂ ခုနှစ် တွင်
ကွယ် လွန် ရာဉ် ခေါင်းတလား တွင် နာမည် ပင် ရေး ထိုး ခြင်း ကို စစ်အစိုးရ က ခွင့် ပြု ခဲ့ခြင်း မရှိချေ။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီး မောင် နှံ တို့ နှစ်ဦး သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ၏ ခင်ပွန်း ဖြစ်သူ  ပါမောက္ခ ဒေါက်တာ မိုက်ကယ် အဲရစ် ကွယ် လွန် စဉ်က အစောဆုံး ၀မ်းနည်း ကြောင်း သ၀ဏ် လွှာ ကို အင်္ဂလိပ် ၊မြန်မာ နှစ် ဘာသာဖြင့် ရေး သား ပေး ပို့ ခဲ့သူ တစ်ဦး ဖြစ်သည်။
၎င်း တို့  ၏ သား နှစ်ဦး ဖြစ်သူ ဗိုလ်မှုးကြီး ဇော်နိုင်ဦး နှင့် Bagan Cyber Tech တည်ထောင်သူ ဒေါက်တာ
ရဲ နိုင်ဝင်းမှာ ထောင်ဒဏ် နှစ် ငါးဆယ် ကျော်စီ အပြစ်ပေးထား ခြင်းခံရသည်။ သမီးဖြစ်သူ သင်းလဲ့လဲ့ဝင်းမှာမိသားစု နှင့် အတူ နေအိမ် တွင် အကျယ်ချုပ် ပြစ်ဒဏ် ခံယူနေရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့်  သည် ၎င်း ၏ နေအိမ် တွင် အကျယ်ချုပ် ခံယူပြီးနောက် အင်းစိန် ထောင်
သို့  အသွားတွင် ဘုရားရှိ ခိုးပြီး ဇနီး ဖြစ်သူ နှင့် လွယ် အိတ် ကလေး လွယ်ကာ ထွက် ခွာသွားသည်။
မြန်မာ စစ်အစိုးရ က ထိုဖြစ်စဉ် အား သတင်းစာရှင်းလင်း ပွဲ ပြုလုပ်လိမ့် မည် ဟု သိရှိရသည်။
နေပြည်တော် ရှိ ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦးက ထောင်ဒဏ် ၄၄ နှစ် ချမှတ် ခံရသည့်
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့  ပြောင်းရွှေ့  ပြစ်ဒဏ် ခံယူရန် စီစဉ်ရ
ခြင်းသည် ၎င်း ၏ အာဏာ ပြန်လည် ရရှိရန် အားထုတ် ကြိပမ်းမှုများကြောင့် ဖြစ်သည် ဟု ဆိုသည်။
အာဏာ ပြန်လည် ရယူရန် ကြိုပမ်းမှု ဖြစ်စဉ် နှင့် ပတ်သက် ၍ ထိုအရာရှိက “သူ့ ကို ဘာမှ အစိုးရ က ချုပ်ချယ်မထားဘူး သူ့ လုပ်ဖော် ကိုင်ဖက် တွေ ရဲ့ နာရေး တွေ ၊ ဘာသာရေး နဲ့ ပတ်သက် တာတွေ ကို ရန်ကုန် တိုင်း ကို သတင်းပို့ ပြီးရင် သွား ခွင့် ပြုတယ်။ နောက်ပိုင်းမှာ သူက မရိုးမသားလုပ်လာတာတွေရှိတယ်။ သူ့ ထောက်လှမ်းရေး ကွန်ယက်ကို ပြန်ဖွဲ့ တယ် ။ ရွေးကောက် ပွဲ မတိုင် ခင်မှာ သူ့ ရဲ့ ကွန်ယက်တွေ က ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate
လုပ်လာတာတွေ ရှိတယ်။  နောက်ဆုံး သူ့ ရဲ့  Net Work တွေ ကို အကုန် မိတော့ မှ သူ့ ကို ဖမ်းလိုက်တာ။ အစိုးရကသူ့ ကို တရား ပြန်စွဲမယ်ထင်တယ် ဟု အဆိုပါ အရာရှိ က Freedom News Group သို့ပြောသည်။

11 comments :

Anonymous said...

Junta (Than Shwe) afraid of unity between Daw Aung San Su Kyi and Gen Khin Nyunt. So junta shifts Gen Khin Nyunt to secure place.
Sr Gen Than Shwe did a lot of mistakes to public. He is pulling tail of tiger and he will continue until he dies. So this news means going to bad side other than good one.

Anonymous said...

Junta (Than Shwe) afraid of unity between Daw Aung San Su Kyi and Gen Khin Nyunt. So junta shifts Gen Khin Nyunt to secure place.
Sr Gen Than Shwe did a lot of mistakes to public. He is pulling tail of tiger and he will continue until he dies. So this news means going to bad side other than good one.

Anonymous said...

Very happy about this good news.remember Khin Nyint send many politicans to jail.Some r still in jails.
khin Nyunt is U Nay Win"s pet.U Nay Win used him as gasterpo to control the Army and Generals.When U Nay Win fevoured him,he care nobody.
Everybody know what khin Nyunt did 8888.

Anonymous said...

This is just Than Shwe attempt to show all those people in the military what will happen to their family if they disobey him. That's all.

Than Shwe is master manipulator of fear.

You can see Khin Nyunt saying good bye to his grandchild, wife and family members. Again, that's the hidden message that what Than Shwe will do to anyone who will take his power.

Than Shwe wants all to fear.

Citizens, monks, students and all ethnic minority to fear of long jail sentence, killing and torture, so that they won't oppose him.

Above all, he wants all his military men to be fearful of loosing their preferred status, their belongings and family.

That's just one of those cunning Than Shwe and Kyine Kyine's dirtiest trick.

Anonymous said...

Message to all military men and citizens of Burma---

You don't need to fall under Than Shwe's trap of using fear so Than Shwe's family can sold the country to China for personal gain.

You will not loose your status, belonging and family if you fight the dictator. In fact, you will gain honor, respect and the best of all -- a prosperous country for next generation including your family.

Don't be fooled. If we have freedom from fear, we can overcome anything even the stupid dictator family.

Anonymous said...

ခင်ညွန့် က ဒု-ဗိုလ်ချုပ်ကြီး မဟုတ်ပါ။ မပြုတ်ခင်ထိ ဗိုလ်ချုပ်ကြီး (Four Star) အဆင့်နှင့် ဖြစ်ပါသည်။

Anonymous said...

yh yh ... when khin nyunt unite with su kyi, then another tin oo for you guys to kowtow. zzzzzzzzzzzz

Anonymous said...

သူဟာ မြန်မာ့သမိုင်းမှာ မကြုံဘူးလောက်အောင်ကို ထူးချွန်တဲ့ စစ်ထောက် အကြီးအကဲ အဟောင်းဖြစ်ပါတယ်။ သူ့ရဲ့ ထောက်လှမ်းရေးအဖွဲ့နှင့် တရားခံပြုစစ်မေးနည်း တွေဟာလည်း သူမတူအောင် ထက်မြက်လှပါတယ်။ မော့ဆက်တို့၊ စီအိုင်အေတို့မှာ ဆိုလျှင် သူကောင်းကောင်း ဂုဏ်ပြုခံခဲ့ရမှာပါဘဲ။ ဒါပေမယ့် ကျုပ်တို့ဟာ ဂျိန်းစ်ဘွန်းကားကြည့် မင်းသားအနိုင်ရသာတွေကို ဘဲ ကြည့်နေလို့ မဖြစ်ချေဘူး။ ခံရတဲ့သူတွေဘက်က စဉ်းစားရပါဦးမယ်။ ကျုပ်တို့ဟာ ဘယ်သူတွေကို မဆိုခွင့်လွှတ်လို့ရပါတယ်။ ဒါပေမယ့် ဘယ် မကောင်းတဲ့ အကြံ လုပ်ရပ်မျိုးကိုမှ ခွင့်လွှတ်လို့ မဖြစ်ချေဘူး။ တရားသောအကြံနှင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးတဲ့ လုပ်ရပ်တွေကို သာ ထောက်ခံရမှာ ဖြစ်သလို ကိုယ်တိုင်ပြုကျင့်ရပါ့မယ်။ ဒီအတွက် ဘယ် မတရားမှုကို မဆို လက်ပိုက်ကြည့်မနေတတ်တဲ့စိတ်မျိုး ထားတတ်မှလည်းဖြစ်ချေမယ်။

Anonymous said...

ခင်ညွန့် က ဒု-ဗိုလ်ချုပ်ကြီး မဟုတ်ပါ။ မပြုတ်ခင်ထိ ဗိုလ်ချုပ်ကြီး (Four Star) အဆင့်နှင့် ဖြစ်ပါသည်။

This idiot Khin Nyunt got this rank by killing and torture the politicans,not fighting like infantary solders.this guy is not solder.

ဒေါ်ဖေါ said...

ချဲ့ကားပြီး မတိမကျနဲ့ရေးတဲ့သတင်းကို အောက်က အရူးတွေကလည်း အလွတ်တမ်းကို ဘာပြောပြောယုံနေပါလား...နိုင်ငံရေးသမားတွေ ခုတလော ဘူပိတ်နေရင် ဗေဒင်ဟောစားဖို့တောင် ကောင်းနေပြီနော်...။

Anonymous said...

နောင်တ ဆိုတာ နောင်မှဘဲ ရကြတာကိုး ...
ဒီ ဗိုလ်ချုပ်ခင်ညွန့်ဆိုတဲ့ ငတ .. အာဏာလက်ထဲ ရှိနေတုံး ဒီနောင်တ ရမိခဲ့ရင် .. ဘယ်လောက်ကောင်းလိမ့်မလည်း ... သေချာတာက စစ်ထောက်လှမ်းရေးက ဒီငတ တွေမှာ ကိုယ်ချင်းစာနာစိတ် ဆိုတာ မရှိတာဘဲ.. အားလုံးကလည်း Myanmar Tatmadaw Pte.Ltd က အမြီးပြတ် မြေခွေးတွေချည့်ဘဲလေ .. ယုန်နဲ့အတူပြေးခွေးနဲ့အတူလိုက်ကြတဲ့ ငို့ဘ တွေ သတ်သေလိုက်ကြပါလားဗျာ..

ဇော်မြင့်သန်း