Saturday 27 November 2010

ဗိုလ်ချုပ်ခင်ညွန့် ဗွီဒီယိုကလစ်ကို သင်ကြည့်ပြီး ပါပြီလား

  ဗိုလ်ချုပ်ခင်ညွန့် ဗွီဒီယိုကလစ်ကို သင်ကြည့်ပြီး ပါပြီလား

၁- သင်ဘယ်လိုထင်ပါသလဲ
၂- ဒီ ဗွီဒီယို နအဖ က ဘာ ကြောင့် ဖေါက်ချ ပေးလိုက်တယ်လို့ ထင်သလဲ

၃- နအဖ က ဘယ်သူတွေကို သိစေချင်တာလဲ ။  ဘာကြောင့်လဲ  ။
 ၄- သူတို့  ဘာတွေ ပြောနေတယ်လို့ သင်ထင်သလဲ  ။
 ၅- ဒေါ် အောင်ဆန်း စုကြည်နဲ့  ဗိုလ်ချုပ်ခင်ညွန် အနာ ဂ တ်မှာ လက်တွဲ ပြီး လုပ်ကိုင်နိင်မယ်လို့ သင်ယူ ဆပါသလား ။

ကွန် မင့် မှာ ရေး ပေး ပါ။ 



18 comments :

Anonymous said...

ထင်တာကတော့ ခု နယ်စပ်ပြသနာတွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေကို ဗိုလ်ခင်ညွန့် က အရင်က စေ့စပ်ပေးဖူးတာကိုး အဲ တော့ လက်ရှိတိုင်းရင်းသား လက်နက်ကိုင်တွေကို ပြန်ပြီး သူတို့ ကို ထောက်ခံအောင် စည်းရုံးဖို့ ခင်ညွန့် ကို ပြန်ချည်းကပ်တာလို့ ထင်တယ် ဒေါ်စုနှင့် ဘာမှ မပတ်သက်ဖူး ခင်ဗျားတို့ သိစေချင်တယ် သန်းရွေ ဟာ ဒေါ်စုကို ဘယ်နည်းနဲ့ မှ ဘာ နေရာမှ ဘယ်တော့မှ ပေးမှာ မဟုတ် သန်းရွေ သေရင် တော့ တမျိုးဖြစ်ကောင်းဖြစ်မယ် သန်းရွေ စိတ်ပြောင်းရင် တောင် သူ့ မိန်းမ ကြိုင်ကြိုင် နဲ့ သားသမီ မြေးမြစ် တွေ က လက်မခံ သန်းရေီကို လုပ်ကြံနိုင်မှ အေးမယ်

လမင်းငယ် said...

နအဖကခဲတလုံးနှင့်ငှက်နှစ်ကောင်ပစ်တာဖြစ်နိုင်ပါ
သည်။
(၁) ခင်ညွန်၏တဖြည်းဖြည်းချင်းဆုတ်ယုတ်သွားသော
အခြေအနေဥပမာ(၎င်း၏ပထမနေအိမ်
တွင်ပရိဘောဂအသုံးအဆောင်များကိုရိုက်ပြ
ရာတွင် နောက်ဆုံး၎င်း၏ဖိနပ်ဘီရိုမှာ
(မနှိုင်းကောင်း၊မယှဉ်ကောင်း)အိမ်သစ်ကဘုရား
စင်ထက်ပင်ကြီးသေးသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် နောင်တွင်
တဖြည်းဖြည်း ထောင်ထဲသို့ ပါပို့ လာနိုင်သည်။
(၂) ခင်ညွန့် ကိုလဲ နေရာသစ်သို့ ပြောင်းရင်းအခြား
စစ် ဗိုလ်များကိုလဲ နမူနာကြည့်ထားကြဟုပြော
ခြင်းပင်ဖြစ်သည်။

Unknown said...

ဗိုလ်ခင်ညွန့်ကို ကြံ့ဖွံ့ရွေးကောက်ပွဲဝင်ဖို့အစပျိုးစဉ်က အာဏာပိုင်တွေစည်းရုံးခဲ့ဘူးတယ် နောက်နေအိမ်အကျယ်
ချုပ်ကနေ အစောင့်တွေရုပ်သိမ်းလို့ အပြင်သွားလာခွင့်ပြု
ခဲ့တယ် အဲဒါတွေက ပြန်လည်စည်းရုံးခဲ့တာတွေပါ ဘာ
ကြောင့်ဆိုတော့ ခင်ညွန့်ဟာ မြွေပွေးမို့ခါးပိုက်ပိုက်ထားရင်
အန္တရယ်မို့ စည်းရုံးခြင်းနည်းက ပထမသုံးတယ် ခင်ညွန့်
ကလည်း နာထားတာတွေကြောင့်ငြင်းလိုက်ပုံရတယ် အခု
ဒေါ်အေင်ဆန်းကြည်လွတ်လာချိန် အမျိုးသားသင့်မြတ်ရေး
အတွက် ဘယ်ပုဂ္ဂိုလ်/အဖွဲ့အစည်းမဆိုပူးပေါင်းလုပ်ဆောင်မဲ့အ
အစီအစဉ်မှာ တပ်တွင်း/တပ်ပြင် တပ်ဗိုလ်များပူပေါင်း
ပူးပေါင်းသွားရင် ဒုတိယပင်လုံးရဲ့ရိုက်ခတ်မှုအရှိန်ဟုန်ဟာ ပြည်တွင်း/ပြည်ပထိ ဂယက်ရိုက်နိုင်မဲ့အခြေအနေမို့ သူတို့နဲ့ဆန့်ကျင်မဲ့သူမှန်သမျှရှင်းလင်းနေမှာပဲ တပ်တွင်းကိုလည်း သတိပေးလိုက်တဲ့သဘော။

ညီမောင် said...

ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်သူကပဲ support လုပ်နိုင်လုပ်နိုင်ပြည်သူအတွက်အရမ်းကောင်းပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ကလည်တိုင်းပြည်အတွက်ဆိုရင်ကြံ.ှဖွတ်နဲ.တောင်လက်တွဲနိုင်ပါတယ်လို.ပြောပြီးသားပါ၊ဗိုလ်ချုပ်ကြီးခင်ညွှန်.လွတ်လာခဲ.လိုNLD နဲ. ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံနိုင်မယ်ဆိုရင်ပိုပြီးအားကောင်းလာမှာပါ၊ဒါပေမယ်.နဲနဲ.တော.စိတ်ကူးယဉ်ဆန်ပါတယ် ၊နအဖကဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးနိုင်ပေမယ်. ဗိုလ်ချုပ်ကြီးခင်ညွှန်.ကိုလွယ်လွယ်နဲ.လွှတ်မပေးနိုင်ပါဘူး၊သူတို.အတွက်အ န္တရယ်ရှိပါတယ် …
ဗိုလ်ချုပ်ကြီးခင်ညွှန်.ဘာလုပ်နိုင်တယ် ၊ဘယ်လောက်အစွမ်းရှိတယ်ဆိုတာသူတို.ကောင်းကောင်းသိပါတယ်၊
အခုဒီဗွီဒီယိုကလစ်ထွက်လာတာလည်း နအဖကပြည်သူရယ်၊တပ်မတော်ရယ်၊တိုင်းရင်းအဖွဲ.တွေရယ်ကိုသွေးတိုးစမ်းတဲ.သဘောလို.ထင်ပါတယ်၊
(ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ကိုယ်.ကိုကိုယ် သိပ်ပြီး Confidence ရှိပုံမပေါ်ဘူး)
နအဖ က Feedback ကိုသိချင်နေပုံရပါတယ်၊ အဲ.ဒီ Feedbackပေါ်မှာမူတည်ပြီး မှ ဗိုလ်ချုပ်ကြီးခင်ညွှန်.ကိုသုံးချပြီးနိုင်ငံရေးကစားချင်ပုံရပါတယ် …

Anonymous said...

Burmese believe "the future of Burmese Defence Force is only to protect the country" , they have no chapter in POLITIC. We are not interested in fighting between "Khin Nyunt & his groups Vs Than Shwe's groups" . They all are same . We do not trust non of the army people. That's it.

P.S , We only recognize the result of the 1990's election. Apart from that, election held by illegal government (Than Shwe Government ) is also illegal too .

Anonymous said...

ဒီဗွီဒီယိုဟာ ဆန်းတယ်။ ဘယ်လို နားလည်ရမှန်းတောင် မသိဘူး။ ကြည့်မြင်ရတာတော့ သနားစရာကောင်းတယ်။ ဗိုလ်ခင်ညွန့်ကို လုပ်ငန်းကိစ္စနဲ့ အနီးကပ်စကားပြောဘူးတယ်။ လူကောင်းပါ။ ဘာလို့ ဒါတွေပြတာလဲ။ သနားအောင်လား။ သနားအောင် ဆိုရင် ဘယ်သူက လုပ်တာလဲ။ ဘာအတွက်လဲ။

သူထောင်ကျတာဟာ လက်အောက်က လူတွေကို လုံးဝမနိုင်တော့လို့။ ဝါးလိုက်ကြတာ ကြောက်ခမန်းလိလိ၊ ထောက်လှမ်းရေးဆို အာလုံး ပြားပြားဝပ်နေတယ်။ လေဆိပ်ကို ရောက်ရင် ဘယ်လောက်ပဲ တရားဝင် စာရွက်စာတမ်းနဲ့လာလာ၊ ပိုက်ဆံ စာအုပ်ကြားထဲ ညှပ်မပေးရင် စာအုပ်ပြန်မပေးဘူး။ လူထုကိုတင် နှိပ်စက်တာတော့ ပြဿနာမရှိဘူး လူထုက ဘာဆိုဘာမှ ပြန်မလုပ်နိုင်ဘူး။ အဲ စစ်တပ်ကို ကျတော့ ဒါမျိုးလုပ်လို့ မရတော့ဘူး။ ထောက်လှမ်းရေးက စစ်တပ်ကို အနီးကပ်စောင့်ကြည့်တယ်။ ဘယ်သူဘာလုပ်လဲပေါ့။ လိင်ကိစ္စ၊ ငွေရေးကြေးကိစ္စ၊ အားလုံးပဲ။

ဗိုလ်ခင်ညွန့်ထောင်ထဲ ရောက်သွားပြီး ထောက်လှမ်းရေးတွေ ပြုတ်သူပြုတ်၊ ထောင်ကျသူက ဖြစ်ကုန်တော့ လေဆိပ်ဟာ အတော်ကောင်းသွားတယ်။ သန်းရွှေကောင်းတာမကောင်းတာ မသိဘူး။ လေဆိပ်မှာ စားတဲ့လူရှိရင် အဲဒါဟာ ဝင်သွားတဲ့လူတွေက ပစ္စည်းသွင်းချင်လို့ အတင်းကို ထိုးကျွေးတာ။ ခင်ဗျားတို့ ဗမာလူမျိုးတွေ အကြောင်းသိတယ် ဟုတ်လား။ လဒ်စားတတ်အောင် သူတို့ သင်ပေးခဲ့တာ. အခုမှ အပြစ်မပြောလေနဲ့တော့။

ကွာလာလမ်ပူမှာ အနှစ် ၂၀လောက်နေပြီး အစိုးရကို အခွန်မပေးပဲ အခု ရန်ကုန်ပြန်သွားတဲ့လူက လေဆိပ်ဝင်တော့ ငါးပြားစေ့မှ ပေးစရာမလိုဘူး။ သူများပြောရင် ယုံမှာမဟုတ်ဘူး။ ကိုယ်တိုင်သွားမှ သိလိမ့်မယ်။

Anonymous said...

ဒီဗွီဒီယိုတိပ်ဟာ စစ်အစိုးရရဲ့ထိပ်တန်းလှို့ဝှက်ချက် တစ်ခုပါ။ ဒါကိုလွယ်လွယ်နဲ့အင်တာနက်ပေါ်တင်ပေးတယ်ဆိုတာ စိတ်ဓါတ်စစ်ဆင်ရေးတစ်ခုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် သတင်းကို ဒီသတင်းနဲ့ မှေးမှိန်အောင်လုပ်တာပါ။ လူတွေကို အာရုံလွှဲတာတစ်ခုပါပဲ။ အာဏာရှိစဉ်က တပ်အတွင်းမှာ ဘယ်လောက်ပဲရေပန်းစားခဲ့သည်ဖြစ်စေ ဒီမိုကရေစီအရေးလှုပ်ရှားမယ်ဆိုရင်တော့ ဦးခင်ညွန့်လဲ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးလို အဖြစ်မျိုးရင်ဆိုင်ရမှာပါ။ စဉ်းစားရမှာက မဆလ လက်ထက်မှာ ဦးနေဝင်းရဲ့လက်ရုံးတစ်ယောက်ဖြစ်ခဲ့ပြီး နဝတ နအဖ လက်ထက်မှာ လက်ညှိုးညွှန်ရာရေဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ဟာ ပြည်သူအပေါ် ဘယ်လောက်များ ချစ်နိုင်မှာလဲ။ သူအာဏာရှိစဉ်ကာလကလဲ သူ့သား သူ့သမီးတွေ ထင်တိုင်းကြဲခဲ့တာ မမေ့သင့်ကြပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြယုံပါပဲ။ ဦးခင်ညွှန့်သာ ပြည်သူနဲ့တိုင်းပြည်ကို တစ်ကယ်ချစ်တယ်ဆိုရင် သူ့နည်းသူ့ဟန်နဲ့ လုပ်နိုင်စွမ်းရှိပါတယ်။ သူကိုတိုင်က မလုပ်ချင်လို့ မလုပ်ခဲ့တာပဲမလား။ စစ်အဏာရှင်တစ်ယောက်ရဲ့ ကျဆုံးခန်းဟာ စိတ်ဝင်စားစရာမဟုတ်ပါဘူး။ ငတ်နေတဲ့ ပြည်သူသန်းပေါင်းများစွာရဲ့အရေးက ပိုစိတ်ဝင်တစားဖြေရှင်းပေးရမယ့် ကိစ္စတစ်ခုပါပဲ။ ဦးခင်ညွန့်ထောင်ကျနေရတဲ့ အိမ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေနေနေရတဲ့အခြေအနေ ဘယ်လောက်ကွာခြားသလဲဆိုတာ လူတိုင်းသိတယ်။ နိုင်ငံရေးအကျဉ်းသားကိစ္စပဲ စိတ်ဝင်စားကြရအောင်။

Anonymous said...

ကျွန်တော်အမြင်အရဆိုရင်တော့ ခင်ညွန့်ကိုသန်းရွှေ၁နေရာရာမှာသုံးမလိုသူခေါ်ထားတာဖြစ်နိုင်တယ်။

Unknown said...

I don't believe burmese people.They are always changing their mind and espicially the goverment.The mouth said to go Heaven but the hand is doing to go Hell.I am not burmese but myanmar.

Anonymous said...

It may be nothing to do with current situation,even if this situation is happening right now. So, don't waste your time.

Anonymous said...

I THINK THAT IT WAS JUST ANOTHER CAREFUL MOVE FROM SPDC AGAIN TO CONFUSE OPPONENTS.THEY WERE UNDER ENORMOUS PRESSURE AND THIS WAS ANOTHER MOVE FOR BUYING TIME.REMEMBER THAT ALL MOVES INCLUDING RECENT VIDEO CIRCULATION ON THE INTERNET,WAS MASTERMINDED BY A GROUP OF PEOPLE IN A SPECIAL OPERATION ROOM.YOU ARE GOING TO BE A LOOSER AGAIN IF YOU THINK OF OPTIMISM.

THOMAS YANG said...

We do not wish to give comment on this area.
Ngwe Win, Khin Nyun & Than Swe : they all are basically came from military gangster who killed their own innocent people,student & monks (who fighting for democracy for the country/very poor people: Nothing for them)
This is clash among stupid gansters.
Our now great intension to negotiate/discuss among our nation to get fundamental agreement.

Anonymous said...

I consider he is a devil as well. During 8888, he has foiled the revolution with the most inhumane means. All those animals including should die.

Anonymous said...

ခင်ဗျားလို ပေါ်ပင်မလုပ်ဖို. သင်ယူမိပါတယ်။
လူဆိုတာ တချိန်ချိန်မှ ဒီလိုပဲ ကျတတ်ပါတယ်။ အကျကောင်းဖို.တော.လိုတာပေါ့။ ခွေးကျမကျ ပါစေနဲ.လို.ဆုတောင်းပါတယ်။

သင့်ရဲဘော်တဦး

Anonymous said...

အများဝိုင်းအော်ပေးရင် နာမည်ရတာပေါ့ဗျာ။ စုစုနွေးကိုကြည့်ပါလား။
မီဒီယာများ နဲ. လူ.အခွင့်အရေးလုပ်စားသူများ ၀ိုင်းအော်ပေးလိုက်တာ နာမည်ရသွားတာပဲ။ သူ.ကို စော်ကားတာမဟုတ်ပါဘူး။ အရမ်းပဲလေးစားမိပါတယ်။ အခြေအနေကောင်းတဲ့ဘက် အဆင်ပြေအောင် မအော်ဖို.ပါ။ ကိုမိုးသီးလို ဟိုဘက်ကမ်းကလူကို ဓါတ်ပုံပြဖို. အရိုက်ခံတာမျိုးမဖြစ်အောင်လို.ပါ။ အဲ့ဒါမျိုးက ရိုးနေပါပြီ။

Unknown said...

ဗိုလ်ချုပ်ခင်ညွန့် အကျယ်ကနေ အကျဉ်းရောက်တဲ့ကိစ္စထက်စာရင် အခုအချိန်မှာ တကယ်တမ်း ပိုစိတ်ဝင်စားရမှာက ပိုမိုဖိအားပေးပြီး ကြိုးစားရမှာက အရွယ်ကောင်းတွေရှိနေကြသေးတဲ့ မျိုးချစ်စိတ်အပြည့်ရှိကြတဲ့ အကိုမင်းကိုနိုင်တို့လို နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး အကျဉ်းကနေ အပြင်ကို လွတ်မြောက်လာဖို့ မဟုတ်ဘူးလား။ အဲသည့်ကိစ္စအတွက် အခုလိုပဲ မေးခွန်းလေးတွေ ထုတ်ပြီးမေးမယ်ဆိုရင် ပိုမကောင်းပေဘူးလား။

Anonymous said...

ကျနော့်အထင်ကတော့ ခင်ညွန့် က အမေစုနဲ့ သွားပေါင်းချင်တဲ့ အနံ့ ရလို့ ခပ်ဝေးဝေးကိုပို့ လိုက်တာလို့ ယူဆရပါတယ် တကယ်လို့ များခင်ညွန့် နဲ့ အမေစုတို့ ပေါင်းမိသွားရင်ပြည်သူတွေ အားတက်ပြီးဆူပူအုံကြွမှာကြောင့်ထင်ပါတယ်

Anonymous said...

်မထင်...ဒါပေမယ့် သူတို့ နှစ်ယောက်ပေါင်းလုပ်ရင်တော့ အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်...