Friday, 12 November 2010

တိုက်ပွဲဖြစ်နေတဲ့ ဘုရားသုံးဆူဒေသကို ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ စစ်ကူလာနေပြီ

ညနေခင်း ၆း၃၀
ဒီကေဘီမှ ဗိုလ်ထူးမောင် နဲ့ ဗိုလ်အေဝမ်းတို့ ဦးစီးတဲ့ တပ်ဖွဲ့များဟာ နအဖ တပ်များနဲ့ ဘုရားသုံးဆူဒေသမှာ တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကူလိုက်လာတဲ့ နအဖ တပ်များကို ဗိုလ်တင်လှိုင် ဦးစီးတဲ့ ကေအန်ယူ တပ်ရင်း ၁၆ မှ ကြားဖြတ်တိုက်ခိုက်ရာ နအဖ တပ်သား ၆၀ ခန့် ကျဆုံးတယ်လို့ သိရှိရပါတယ်။

မနက်ဖြန်မှာ ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့မှ စစ်ကူတပ်များ ဘုရားသုံးဆူဒေသသို့ ရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

5 comments :

Anonymous said...

မင်္ဂလာ သတင်းဖြစ်၏..
ဗိုလ်မှူး နှုတ်ခမ်းမွေး အောင်မြင်ပါစေ..
နအဖ..ခွေးလို ၀က်လို သေပါစေ

Anonymous said...

ဗိုလ်တင်လှိုင်ဖြစ်လိမ်မယ် တပ်ရင်း ၁၆ တပ်ရင်းမှူး တပ်မဟာ ၆KNU က

Anonymous said...

ပြည်သူ့တပ်မတော်ဆိုတာ တပ်ဖွဲ့အမည်နဲ့မဆိုင်ပါဘူး ပြည်သူကို တကယ်ချစ်ပြီး ပြည်သူကို တကယ်ကာကွယ်ပေးတဲ့ တပ်သည်သာ ပြည်သူ့တပ်မတော်ပါ ဒူးလေးပဲ ကိုင်ထားပါစေ ဒါးမြှောင်တလက်ပဲ ကိုင်ထားပါစေ ပြည်သူကို ကာကွယ်ပေးတယ် နိုင်ထက်ပြုသူတွေကို ချေမှုန်းတယ်ဆို ပြည်သူ့တပ်မတော်သားပါ သတင်းကြားရတာ ပြည်သူတွေ အလွန်အားတက်ရပါတယ်.

Anonymous said...

အခြေ အမြစ်မရှိတဲ့ သတင်းကွာ။ ကွန်းမင့် ပေးတဲ့ ကောင်က အဆင့် မရှိတဲ့ ကွန်းမင့်နဲ့ ။ စစ်ကို လိုလားတာ ဒီမိုကောင်တွေလား။ အယောက် ၆၀ လို့ကွာ။ ဟုတ်မှလည်းရေးပါ။ ရန်ပုံငွေ ရဖို့ အတွက် ၁၀ ယောက်လောက်ဆိုလည်း ရပါတယ်။ မင်း ကေအင်ယူက ကောင်တွေ ၆၀ မပြောနဲ့ ၆ ယောက်ပဲ ရအောင် တိုက်ပြစမ်းပါဦးကွာ။ မင်းတို့ တစ်ချိန်က စစ်တပ်နဲ့ပေါင်း၊ ကရင် အပေါ်သစ္စာဖောက် ၊ ဂိတ်ကြေးကောက်နေတယ်ဆိုတဲ့ ဒီကေဘီအေ နှုတ်ခမ်းမွှေးက အခုတော့ မင်္ဂလာကောင်ကြီး ဖြစ်သွားပြီလား။ ဒီမို ငတုံးတွေ။ ရန်ပုံငွေလိုတာနဲ့ ၆၀ တဲ့ကွာ။ လူများလို့ ဆိုတဲ့ အပေါ်က တင်ထားတဲ့ ဟာသတက်ရယ်ရတယ်။