Thursday 11 November 2010

မြ၀တီတွင် တိုက်ပွဲကြီး တခုထပ်မံ စိုင်းပြင်နေ

ယမန်နေ့ညမှ ရရှိသောသတင်းများအရ မြ၀တီမြို့နေလူထု ၃၀၀၀ ခန့်သည် မြ၀တီတဖက်ကမ်း မဲဆောက်မြို့ ဘက်ခြမ်းသို့ ပြန်လည်ထွက်ပြေးလာ ကြကြောင်းသိရသည်။

အကြောင်းမှာ ၈ ရက်နေ့မှစတင်ခဲ့သော ဒီကေဘီအေနှင့် န၀တ တပ်များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအရှိန် သည် လျှော့ကျသွားသည်ဟု ထင်သယောင်ရှိ၍ ကိုယ့်အိမ်ကိုယ့်ယာသို့ ပြန်သွားကြသော စစ်ပြေးဒုက္ခသည် များသည် ၁၁.၁၁.၂၀၁၀ နေ့တွင် နှစ်ဘက်သော စစ်တပ်များ၏ အကြီးအကျယ် စစ်ရေးပြင်ဆင်မှုများကို မိမိတို့ ၏အိမ်အနီးမှာပင် တွေ့နေရသောကြောင့် မိမိတို့၏ အသက်အိုးအိမ် စိုးရိမ်ရသော အခြေအနေကြောင့် ယ္ခုကဲ့ သို့ပြန်လည်ထွက်ပြေး လာကြခြင်းဖြစ်ကြောင်း CAP မှသတင်းရရှိသည်။

CAP news
တင်ဆက်သူ စိုင်းအောင်

1 comment :

Anonymous said...

အပိုတွေ ... မြ၀တီမှာအေးဆေးပါဘဲ ...ပြည်ပက လူတွေ အဲဒီက သတင်းတွေကို အကုန်လုံးမယုံနဲ့ သူတို့က ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောတဲ့ သူတွေ ..
အခုလည်း ဒုက္ခသည်တွေ လှူဖို့ စိုပြီး အလှူငွေ တောင်းတယ် မဲဆောက်မှာက ဘယ်ဒုက္ခသည်မှ မရှိတာ
ပြန်ကုန်ပြီး ...
မဲဆောက်သား