ယခုကာလဟာ တပ်မတော်မိသားစု များ အပါအ၀င် လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထု တရပ်လုံး စစ်အာဏာရှင် စနစ် ရဲ့ လက်အောက် က လွတ်မြောက်ပြီး တရားမျှတ စစ်မှန်လွတ်လပ် အေးချမ်း တဲ့ ပြည်ထောင် စု တည်ဆောက်ရေးဟာ အဓိက ကျပြီး လက်နက်ကိုင်ထားတဲ့ အပစ်ရပ်အဖွဲ့ အားလုံး ရော ၊ အပစ်မရပ်ပဲ တိုက်ခိုက်တော်လှန်နေတဲ့အဖွဲ့  တွေရော ၊စစ်အာဏာရှင် ထားရာနေ စေရာသွား ဘ၀နဲ့ ခေါင်းငုံ့ လည်စင်းခံနေရတဲ့ တပ်မတော်ထဲ က အရာရှိအရာခံ အကြပ်တပ်သားများရောမြို့  အသီးသီးမှာရှိတဲ့ ဒီမိုကရေစီလိုလားသူများအားလုံးရော တညီတညွတ်ထဲ တိုက်ပွဲ ၀င်ရတော့မယ့်ကာလဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်များ ၏ အခန်းကဏ္ဍ
မိတ်ဆွေတို့  အနေနဲ့ နအဖ တဖြစ်လဲ န၀တ ဆိုတဲ့ စစ်အာဏာရှင် ကြီးစိုး ပြီး နိုင်ငံတော်အာဏာကို မတရား သေနတ်တေ့ ယူ ထား ကြသော သူများနဲ့ တေ့တေ့ဆိုင်ဆိုင် ဆယ်စုနှစ် တစ်စု နဲ့တ၀က်ကျော်ကျော် ပတ်သက်ဆက်ဆံဖူးကြပြီးသားဖြစ်တော့ နအဖ အထက်ပိုင်း ရဲ့ မိတ်ဆွေ တို့ တဖွဲ့ချင်းအပေါ် ၊ တယောက်ချင်းအပေါ်ထားတဲ့သဘောထားကို နားလည်ကြပြီးသားဖြစ်မှာပါ။
"မိတ်ဆွေတို့ နဲ့ ဆယ့်လေးငါးနှစ်ကြာတဲ့အထိ အပစ်အခတ်ရပ်စဲပြီး
တဖက်နဲ့  တဖက်ဝင်ထွက်သွားလာနေပေမယ့် မိတ်ဆွေတို့ နဲ့ပါတ်သက်တဲ့ နအဖ
အထက်အဖွဲ့ အစည်းရဲ့ တွေးခေါ်ပုံနဲ့ အဆင့်အတန်းသတ်မှတ် ပုံ က
ဘယ်လိုဆိုတာ သိပြီးသားဖြစ်မှာပါ။"
စပြီးအပစ်ရပ် ပြီဆိုတဲ့ နေ့ ၊ တရားဝင် သတင်းစာ ၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုက နေ ဘယ်အဖွဲ့ ဘယ်အဖွဲ့ ဟာဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့် လွှတ်ပြီး ဥပဒေဘောင်ထဲ ၀င်ရောက်လာကြောင်း ဆိုတာကို အကျယ်တ၀င့်ဖော်ပြချိန်ကတည်းက မိတ်ဆွေတို့ သိမှာပါ။
ဝေါဟာရအရ ကိုပဲ ကချင်ဆိုတဲ့ ကောင်တွေ ရှမ်းဆိုတဲ့ကောင်တွေ ၊ ၀ ဆိုတဲ့ကောင်တွေ ၊ ကရင်နီဆိုတဲ့ကောင်တွေ ၊ ကယန်းဆိုတဲ့ကောင်တွေ ၊မွန်ဆိုတဲ့ကောင်တွေ ၊ ကရင်ဆိုတဲ့ကောင်တွေ ကတော့ ကျေကျေနပ်နပ်ကြီး ပွဲ နဲ့ လမ်းနဲ့လက်နက်ချပြီး ကျောသပ်ရင်သပ်ခံနေရတာကို သဘောကိုခွေ့  နေတာပဲဟေ့ ဆိုတဲ့ အဓိပ္ပါယ် ဆိုတာ ကိုယ်တိုင်သိမှာပါ။ သေချာပြန်မှတ်မိချင်ရင်
မိတ်ဆွေတို့ အဖွဲ့တွေ ငြိမ်းချမ်းရေးယူ တယ်ပဲပြောပြော အပစ်အခတ်ရပ်စဲတယ်ပဲပြောပြော
အဲဒီအချိန်က ထုတ်တဲ့ ကြေးမုံ သတင်းစာ မြန်မာ့အလင်းသတင်းစာနဲ့ စစ်အာဏာရှင် ရဲ့ ၀ါဒဖြန့် ချီရေး ယန္တရား က ထွက်လာခဲ့တဲ့ ရုပ်မြင်သံကြား အခန်း ၊ သတင်းစာ ဖြတ်ပိုင်း ၊ ရေဒီယို အသံလွှင့် ကဏ္ဍ တွေ က ဆိုလိုရင်းကဘာလဲ ဆိုတာကို ပြန် မြင်ယောင်ကြည့်ပါ။
ကချင်ဖြစ်ဖြစ် ၀ ဖြစ်ဖြစ် ကရင်ဖြစ်ဖြစ် ကယားဖြစ်ဖြစ် မွန်ဖြစ်ဖြစ် ဘယ်အဖွဲ့ ဖြစ်ဖြစ် ၊ ခင်ဗျားတို့  သေနတ်တွေကို တန်းစီ ထောင်ထားပြီး ဝှေးသင်းခံလိုက်ရတဲ့ ကြောင်သိုးတွေလို ခပ်ကုတ်ကုတ်ကလေး ဓါတ်ပုံရိုက်ခံခဲ့တာ ၊ ရုပ်မြင်သံကြား အဖွဲ့ ရဲ့ ကင်မရာအောက်မှာ သိမ်ငယ်ခဲ့ကြရတာ
မှတ်မိကြမှာပါ၊ (ဝှေးသင်းခံရပြီးသား စိတ်ထားနဲ့ သူတွေကတော့သိမ်ငယ်စိတ်ဖြစ်မည်မထင် )
(ကချင် အဖွဲ့ ခင်ဗျား ၊ ခင်ဗျားတို့ ကချင် တင်မက အားလုံးသော အပစ်အခတ်ရပ်စဲထားသည့်အဖွဲ့ များ အား နအဖ အထက်အဖွဲ့ အစည်းမှ စ ကတည်းက ယနေ့ အထိ သောင်းကျန်းသူ ဟု သာ သုံးနှုန်း ရည်ညွှန်းသည်ဆိုသည်ကို အသိပေးလိုက်ပါရစေ)
ယခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အားလုံး တညီတညွတ်တည်း မိမိ နယ်မြေ မှ မိမိ တပြိုင်နက်တည်း ပြတ်ပြတ်သားသား စတင်တိုက်ပွဲဝင်ရမည့် အချိန်ကာလဖြစ်ပါတယ်။
မိတ်ဆွေတို့ ဟာ မိတ်ဆွေတို့ စစ်ရေးမဟာမိတ်ဖွဲ့ဖွဲ့  နိုင်ငံရေးမဟာမိတ်ဖွဲ့ ဖွဲ့  ကြိုက်တာဖွဲ့ လို့ ဖြစ်ပါတယ်။ တကယ်တန်း အဲဒီ စကားကြီးစကားကျယ် မဟာမိတ် ဆိုတဲ့ခေါင်းစဉ်တွေ ကို သိပ်ခေါင်းခြောက်ခံစဉ်းစားဖို့ ထက် အလုပ်အဖွဲ့  တစ်ခု အဖြစ် တဖွဲ့နဲ့ တဖွဲ့  အသိအမှတ်ပြုဖို့ လိုပါတယ်။
ချင်းမိုင် သွား ၊ လူစု ၊ သုံးလေးရက်အချိန်ယူ အဲသလိုလုပ်ဖို့ မလိုပါဘူး ခင်ဗျား။
အဖွဲ့ တိုင်းအဖွဲ့ တိုင်း ၊ အခြား အလုပ်ဖြစ်မယ့်နည်းနာတွေသုံးပြီးချိတ်ဆက်ပါ။ တဖွဲ့ ချင်းရဲ့ ပေါ်လစီကို အာမခံနိုင်မယ့် စစ်ဦးစီးချုပ် နဲ့ ဗဟိုဦးဆောင်ကော်မတီကို ကိုယ်စားပြုမယ့် ခေါင်းဆောင် တစ်ဦး စီကို
တဖွဲ့ စီကရွေးလိုက်ပါ။ ပြီးရင် အဲဒီ ကိုယ်စားလှယ်တစ်ဦးချင်းနဲ့သူ့ အလုပ်အဖွဲ့ ငယ်တွေပါဝင်တဲ့ ပြည်ထောင်စု ကော်မတီ ဆိုတာဖွဲ့ လိုက်ပါ ပြီးရင် အဲဒီ ကော်မတီရဲ့ စစ်ရေး ဆုံးဖြတ်ချက်တွေ ကို ဒေသအလိုက်တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သလို ကော်မတီကိုပြန်လည်တင်ပြ ဆွေးနွေးပြီး နေ့ စဉ် အချိတ် အဆက်နဲ့ လှုပ်ရှား ရမှာဖြစ်ပါတယ်။
ပြီးရင် ခင်ဗျားတို့ တွေရဲ့ ပထ၀ီ အနေအထား တွေ တစ်ခုချင်းအရ ကိုယ့် ပြည်နယ် ကိုယ့်ဒေသကို မြေပုံ တစ်ကွက်စီ ကနေ ဒေသန္တရ တစ်ခုစီအထိ ခွဲပြီး တာဝန်ယူလိုက်နိုင်ဖို့လိုပါတယ်။ စစ်ဦးစီးမှူးတွေ အနေနဲ့လည်း တပွဲချင်း နည်းဗျူဟာ ပိုင်းအပြင် သေနင်္ဂဗျူဟာတစ်ခုလုံးကို တိတိကျကျရှင်းရှင်းလင်းလင်း နားလည်
ဖို့ လိုအပ်တဲ့အတွက်ခင်ဗျားတို့ ချင်းတွေ ဆက်သွယ်ရေးကွန်ယက်များ နာရီနဲ့အမျှ ရှိနေရပါမယ်။ စစ်ပွဲ တပွဲချင်းကို အဆုံးအဖြတ်ပေးနိုင်မယ့် အဓိကအချက်ဖြစ်တဲ့ လှုပ်ရှား စစ် ကိုတော့ ပိုင်ပိုင်နိုင်နိုင်ကျင့်သုံးဖို့ လိုပါလိမ့်မယ်။
ပေါ့ပါးပြီး ပြောင်းလွယ်ပြင်လွယ် ဖြစ်မယ့် စုဖွဲ့ မှုအသေးစားလေးတွေ နဲ့ synchronized and coordinated attacks နည်းဗျူဟာကို တွင်တွင်သုံးနိုင်ရပါလိ့မယ်။ ရန်သူ ၏ စိတ်နေစိတ်ထား လုပ်ပုံကိုင်ပုံ များကိုသင်တို့အနေဖြင့်သိပြီးဖြစ်မည်ဟုယူဆပါ၏။
အဲသလိုမှ မဟုတ်ရင်တော့ ခွေးလျှက်တဲ့ ထန်းလျှက်ခဲလိုပဲ ခင်ဗျားတို့ တိုင်းရင်းသူတွေ အဓမ္မ ပေးခံလိုက်ရတဲ့ သားကလေးတွေ ဥ လာတာအဖတ်တင်ပြီး ခင်ဗျားတို့ လဲ အခြေမှုန်းခံလိုက်ရတာ သာအဖတ်တင်ပါလိမ့်မယ်။
တခု ခင်ဗျားတို့ သတိထားရမယ့်အချက်ကတော့ သတင်းလုံခြုံရေးကိစ္စနဲ့စစ်ရေးသတိရှိဖို့ ဖြစ်ပါတယ် ။ ယောင်လို့ မှ ပြည်ပရောက် အဖွဲ့ အစည်းများကို ပါတ်သက်ဆက်နွယ်ပြီး အလုပ်လုပ်ဖို့ မကြံလိုက်ပါနဲ့။
ပြည်တွင်း ဒီမိုကရေစီ အင်အားစုများ
ပြည်တွင်းဒီမိုကရေစီအင်အားစုများအနေဖြင့်တော့ ဟူမူ အထူး ပြောစရာလိုမည်မထင်ပါ။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ၀န်းကျင်လုံး ကြာနီကန်ဆရာတော် ကို အားကျသလားမှတ်ရလောက်အောင်
တရားပွဲများ သာ မှိုလိုပေါက် လူစည်ခဲ့ပြီးဘာတခုမှအလုပ်မဖြစ်ခဲ့သည့်အနေအထားများကို ထပ်မံ မပြုလုပ်ရန်အထူးသတိထားသင့်သလို ကုန်းမခံ ဘူးဆိုလျှင်လည်း ပက်လက်လှန်၍ တဟီးဟီး မနေတန်ရာ ဟု သတိပေးလိုပါ၏။
ပြည်တွင်း ရောကျော်များ
လွှတ်တော်ထဲ တော့ ငါတော့ရောက်ရချည်သေးရဲ့ဟု စိတ်ကူးနှင့်ရူးခဲ့သူများအနေဖြင့်လည်း မူလတန်းကျောင်းသားဘ၀ မုန့် လုခံရ၍ အတန်းပိုင်ဆရာထံလက်ပိုက်တိုင် တောသော အနေအထားဖြင့်သာ
ငါ့ မုန့် ကလေးပြန်ရနိုးနိုး ဖြင့် တိုင်မယ်တောမယ် အာမယ် ပွားမယ် စိတ်ကူး နေကြယုံဆိုလျှင်တော့ သင်တို့ မြဲမြဲ မှတ်ထားရမည်မှာ သင်တို့ ခါးတွင်ချိတ်ထားသော ဆီပုလင်းသည် ခြေရာလက်ရာမပျက်
ဖြစ်သော်ငြား သင်တို့ ၏ အိပ်ယာနား သဲများပြန့် ကြဲကျန်ခဲ့သည်အထိ မသိသေးလျှင်တော့ သင်တို့ ကြိုက်၍သာဖြစ်ပေလိမ့်မည်ဟု ယူ ဆ ၍ ရပါ၏။
ဖြစ်သင့်သည်မှာကတော့ ပြည်တွင်း မှ ဒီမိုကရေစီအင်အားစုများနှင့် common ground တစ်ခုကိုရှာ ၍ လက်တွဲ လုပ်ကိုင်သွားသင့်ပါသည်။
အဟုတ်အမှန် အတည်ပေါက် အသည်းအသန် အမတ်မင်းများ ဖြစ်လိုလျှင်လည်း အနည်းငယ်တော့ ကြိတ်မှိတ်သည်းခံကြစေလိုပါ၏။
တပ်မတော်
ကျနော်တို့ တပ်မတော်သည် အစဉ်အလာကောင်းခဲ့သောတပ်မတော်ဖြစ်ပါသည်။ ဖက်ဆစ် ဂျပန်ကို ပြည်သူလူထုနှင့် အတူ လက်တွဲတော်လှန်ခဲ့သောတပ်မတော်ဖြစ်ပါသည်။
ကမ္ဘာစစ်နှင့်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲများအရ လွတ်လပ်ရေးရလာခဲ့ ချိန်မတိုင်ခင်ကတည်းက ပြည်သူလူထုကပေါက်ဖွားလာသောတပ်မတော်ဖြစ်ပါသည်။
ကျနော်တို့ တပ်မတော်ကို စတင်ဖျက်ဆီးခဲ့သူများသည် တပ်မတော်ကို လက်ကိုင်တုတ်လုပ်ချင်သော နိုင်ငံရေးသမား တစ်စုနှင့် လက်ကိုင်တုတ် အလုပ်ခံပြီးမှ အကြွင်းမဲ့အာဏာ၏ အရသာကို
သိရှိ သွားသော ဗိုလ်ချုပ်ကြီး နေ၀င်းတို့ ဖြစ်ပါသည်။ တကယ်တော့တပ်မတော်သည်တိုင်းပြည်ကာကွယ်ရေး
အတွက်သာ အမြဲ ရှိသင့်သည့် နိုင်ငံ့ဝန်ထမ်း တို့ ၏ အဖွဲ့ အစည်းကြီးတစ်ရပ်ဖြစ်ပါသည်။
တပ်မတော်တွင် ရိုးရိုးသားသား အေးအေးဆေးဆေး ပြန်တမ်းဝင်အရာရှိအဖြစ်နှင့် အေးအေးလူလူ နေလိုကြသည့် အရာရှိ များ များပြားစွာရှိသလို ၊ တပ်မတော်သား ဘ၀ကို ဂုဏ်ယူ လိုကြသည့်
အခြားဆင့် တပ်မတော်သားများလည်း မရှားလှပါ။ ယခင် ရက်ပိုင်းက ဒီကေဘီအေမှ ထိမ်းသိမ်းထားသော တပ်မတော်အရာရှိ နှင့် ဒီဗွီဘီ အင်တာဗျူးကို ဖတ်ရှုလိုက်ရချိန်ဝယ် တပ်မတော်အရာရှိများအပေါ်
ထားရှိသော နအဖ အထက်အဖွဲ့ အစည်း၏ သဘောထားကို သိနိုင်မြင်နိုင်ပါ၏။ ထို အရာရှိ သည် အထက်အမိန့် အရ ဒီကေဘီအေ ခေါင်းဆောင်များနှင့်သွားရောက်ဆက်စပ် ညှိနှိုင်းရန်ဖြစ်သော်လည်း
ဒီကေဘီအေမှ ဖမ်းဆီးထိမ်းသိမ်းလိုက်ချိန်တွင် ထိုအရာရှိ၏ အသိတွင် သူ့ အားပြန်လွှတ်ပေးခဲ့လျှင်လည်း သူ့ အနေဖြင့် စစ်ခုံရုံးအတင်ခံရမည်ကို သိနေနှင့်ပြီးဖြစ်နေပါသည်။
တကယ်တော့ ဒီကေဘီအေနှင့်ပူးပေါင်း ရန် မိမိ တပ်ရင်း တပ်မ နှင့် မိမိအဖွဲ့အစည်းအား ပုန်ကန်ခြားနားရန် သွားရောက်ခြင်းမဟုတ်ခဲ့ပါ။
ထိုကဲ့သို့ မိမိ၏ တပ်မတော်အရာရှိများအပေါ်တွင် ပင် ယခုလိုသဘောထားရှိသည့် နအဖအဖွဲ့ အစည်းသည် သာမာန် အခြားဆင့် တပ်မတော်သားများနှင့် တပ်မိသားစုများအပေါ် မည်မျှ အကြင်နာကင်း
ရက်စက်မည်ကို တပ်မတော်သားတိုင်းသိပြီးဖြစ်ပါသည်။
တပ်မတော်သား ရဲဘော်ရဲဘက်အပေါင်းတို့ ခင်ဗျား၊
ယခုကာလသည် ခင်ဗျားတို့ ကျနော်တို့ ၏ တပ်မတော် သား ဘ၀ ဂုဏ်သိက္ခာ၊ ကျနော်တို့ မိသားစုများ၏ အနာဂါတ်နှင့် ပြည်သူလူထု ဘ၀တစ်ခုလုံးကောင်းစားစေရေးအတွက် ယခု တပ်မတော်သားအားလုံး
လုပ်ဆောင်သင့်သည်မှာ နအဖ အထက်အဖွဲ့ အစည်းအား ပြတ်ပြတ်သားသား တွန်းလှန်တိုက်ထုတ်၍ ပြည်သူလူထုနှင့်လက်တွဲပြီး ဒီမိုကရေစီအောင်ပွဲခံရန်သာဖြစ်ပါတော့သည်ခင်ဗျား။
တိုက်ပွဲစဉ် မဟုတ်သည့် တခြားရွေးစရာ
ကြာမည်၊ ပင်ပန်းမည်၊ အဆုံးအရှုံးများမည်၊ ဆင်းရဲမည်၊ သေမည်၊ ထိုအရာများ ကို ကွင်းရှောင်နိုင်ရန်လမ်းသည်ကားတစ်လမ်းတည်းသာရှိ၏။
ထိုလမ်းသည်ကား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် နအဖ အထက်အဖွဲ့ အစည်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားလူမျိုးအဖွဲ့ အစည်းများ အားလုံးပါသော
သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်း အလျှော့အတင်း လုပ်ကြခြင်းဖြင့် ယုံကြည်မှုအပြန်အလှန်တည်ဆောက်ကာ အတိတ် ဖြစ်ရပ်ဆိုးများအား ခွင့်လွှတ်နားလည်ပြည်ဖုံးကားချပြီး ပြည်ထောင်စုသစ်ကြီးအား
အင်တိုက်အားတိုက် အနစ်နာကိုယ်စီခံမှုဖြင့် နွမ်းနယ် ဆင်းရဲသော မိမိ ပြည်သူပြည်သားများ၏ ဘ၀များအား တန်ဘိုးထားရန်သာဖြစ်ပါ၏။ ကျနော်တို့ တိုင်းပြည် ၏ ယနေ့အခြေအနေသည် ကျောက်ခေတ်နှင့် ပြက္ခဒိန် တစ်ရွက်သာကွာပါတော့၏။ထို့ ကြောင့် အိမ်နီးချင်းနိုင်ငံများအား အမှီလိုက်ဖို့ မဆိုထားနှင့် ကိုယ့်ပြည်တွင်ဖွားသော နိုင်ငံသားအားလုံး စစ်မှန်သည့် ဒီမိုကရေစီ ကို ခံစားရပြီး ထမင်းဝရန် ကိစ္စကို ပထမအလေးပေး၍ လုပ်ဆောင်သွားမည်ဆိုလျှင်မူ ကျနော်တို့ တိုင်းပြည်နှင့် ကျနော်တို့ ရင်သွေးများ ၏ အနာဂါတ်လှပါလာနိုင်ပါ၏။ အနည်းဆုံးဆိုရလျှင်မူ ကျနော်တို့ ၏ အလည်တန်းကျောင်း စာသင်ခန်းထဲတွင် သနပ်ခါးပါးကွက်ကြားကလေးဖြင့်ထိုင်နေနိုင်မည့် လူမမယ်ကလေးမလေး ဖာသည်ပေါက်စမဖြစ်တော့မည့်အကျိုးအမြတ်များ ကို မနှေးအမြန်မြင်တွေ့ လာရပါတော့မည်။
အောင်ချမ်း
စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
Thursday, 11 November 2010
Subscribe to:
Post Comments
(
Atom
)
5 comments :
ထိုလမ်းသည်ကား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် နအဖ အထက်အဖွဲ့ အစည်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားလူမျိုးအဖွဲ့ အစည်းများ အားလုံးပါသော
သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်း ...
It is the best solution.
မှန်လိုက်တဲ့သကားလုံးတွေဗျာ၊အားပေးတယ်နော်ဆက်ရေးအားမနာနဲ့ဘော်ဘော်ရေ၊လွတ်တော်အမတ်တွေကိုပြောတဲ့စကားများသဘောကျလွန်းလို့နားထဲမှာကိုကြားနေတယ်၊အမှန်ဘဲဘော်ဘော်ပြောတာတွေသွားတိုင်မှအမြင်ကတ်(ပုတ်မ)ပါတတ်ခံရဦးမယ်၊ဒီလူတွေမြင်နေသေးတယ်၊ထပ်ပြီးအတွန့်တက်ရင်လုပ်ကြံပါခံရနိုင်တယ်၊ဘာလို့လဲဆိုတော့ဒေါ်စုကိုတောင်လုပ်ြ့ကံသေးတာကံကောင်းလို့မအောင်မြင်တာ။ဒီလူတွေလောက်တော့အစပါဖျောက်ပြစ်နိုင်တယ်လို့ကျွန်နော်တော့ထင်တယ်ဗျာ။
စောက်သုံးတစက်မကျတဲ့ ချင်းလူလည်တွေအကြောင်းထည့်မရေးပါလားကွ အောင်ချမ်း , ခုဆို ချင်းတွေ အဲဒီကရင် တိုက်ပွဲတွေအကြောင်းပြ ပြီး ဒုက္ခသည် တန်းစီလျှောက်တော့မယ် ပြီးရင် ဒီမိုကရေစီသူရဲကောင်းကြီးတွေလိုလို လုပ်ပြမယ် အဲဒါတွေကျတော့မင်းမမြင်ဘူးလား
I agree.These chins will go Myawadi and will say we r the real refugee,god knows,i swear the god.there r many fighters in Burma..kachin,mon,shan,karean,wa,yakhine,plaung,kaya,.....but no chin fighter,god know
တော်ပြီ တော်ပြီ .. အထက်က ဆောင်းပါးတွေကို ဖတ်နေတုံးတော့ သြော် ဟုတ်သားဘဲ .. အားတက်စရာဘဲ ဆိုပြီး မှတ်သားသင့် မှတ်သားထိုက်တဲ့ အရာတွေကို ပြန်ပြီးမျှဝေဖို့ စိတ်ကူးထားပါရဲ့ ... ဟော .. အောက်က comments တွေကို ဆက်ဖတ်ကြည့်တော့ ဟိုလူ့ကို ဒီလူက အပုတ်ချ ဒီလူက ဟိုလူ့ကိုဆော် .. ဒါတွေနဲ့ ချာလပတ်ရမ်းနေတဲ့ မြန်မာပြည် နိုင်ငံရေးအကြောင်းကို လုံးဝ မစဉ်းစားတော့ဘူး .. သူများကိုလည်း မတိုက်တွန်းတော့ဘူး .. စာတွေက နိုင်ငံရေးအကြောင်း နားမလည်သေးတဲ့ ကလေးတွေကို နားလည်လာအောင် ရေးကြ သင်ပြကြတာမှ မဟုတ်ဘဲ ... New generations လေးတွေ အားတက်လာအောင် ပြောကြဆိုကြ ဝေဘန်ကြ အကြံဥာဏ်ပေးကြဆိုရင် ဘယ်လောက်ကောင်းမလဲ .. စိတ်ထဲရှိတဲ့ အကြံဥာဏ်လေးတွေကို ပြောပြချင်တာတောင် ခင်များက ဘယ်အချိန်မှာ ဘာလုပ်ခဲ့လို့လဲ ဆိုတဲ့ အသံက ကြားရဦးမယ် .. တော်ပြီ ..ခင်များတို့ နိုင်ငံရေးသမားတွေရော စစ်အုပ်စုကိုရော မုန်းတယ် .. ရွံတယ် ..
Post a Comment