Monday, 15 November 2010

ဝေါ်လေရွာက ဒီကနေ့ စစ်ပြေးဒုက္ခသည်များ

  
ဒီနေ့ ဝေါ်လေက စစ်ပြေးဒုက္ခတွေတွက် စားစရာတွေသွားရောက်ပို့ပေးခဲ့တယ်။ ဝေါ်လေက မဲဆောက်တောင်ဘက်က ဖုတ်ဖမြို့နယ်ထဲမှာပါ။ ဖုတ်ဖမြို့ကို ဖြတ်သွားရပါတယ်။ ဝေါ်လေရောက်တော့ စစ်ပြေးဒုက္ခသည်တွေ ရှိတဲ့နေရာကို သွားတဲ့ လမ်းမှာ ထိုင်းနယ်ခြားစောင့်တပ်တွေက ပိတ်ထားပါတယ်။ ကျနော်တို့ကားကို တားကာ ပါလားတဲ့ ပစ္စည်းတွေကို စစ်ဆေးတယ်။ ပြီးတဲ့အခါ တိုက်ရိုက်သွားပေးခွင့် မပေးပါဘူး။ ပစ္စည်းတွေ စားစရာတွေ ကူညီချင်တယ်ဆိုရင် ဖုတ်ဖမြို့ပိုင်ရုံးမှာ ခွင့်သွားတောင်းဖို့ပြောလာပါတယ်။ 
အဲဒါနဲ့ ကားကို လာလမ်းအတိုင်းပြန်လှည့်ပြီး ဖုတ်ဖမြို့ကို ပြန်လာခဲ့ရတယ်။ မြို့ပိုင်ရုံးက ခွင့်ပြုစာယူပြီး ဒုက္ခသည်တွေရှိတဲ့ ဝေါ်လေကို ပြန်လာခဲ့ရတယ်။  
အခုဓါတ်ပုံထဲက နေရာကတွေကတော့ ဝေါ်လေရွာက နွားကုန်သည်တွေ ဆောက်ထားတဲ့ နွားရုံနေရာမှာ ဖြစ်ပါတယ်။
စစ်ပြေးဒုက္ခသည်တွေကို တွေ့လိုက်တော့ လူစုံပါပဲ။ ငွေရှိတဲ့လူလည်းပါတာပဲ။ မရှိတဲ့လူလည်း ပါတဲ့ပဲ။ နည်းနည်းရှိတဲ့လူလည်း ပါတာပဲ။ ကလေးတွေ၊ ခွေးတွေ၊ မြောက်တွေ၊ ကလေးလူကြီးအားလုံး ၂၀၀ လောက်တွေ့ခဲ့တယ်။
တိုက်ပွဲတွေဖြစ်လို့ပြေးပြီးဆိုရင် လူတန်းစားမရွေး ပြေးကြရတာပါပဲ။ သူများမြေပေါ်ရောက်တာနဲ့ လောလောဆယ်တော့ ကုန်းပေါ်အတင်ခံလိုက်ရတဲ့ ငါးလိုပဲ။ သူများမြေပေါ်မှာ သွားရလာရ ခက်ခဲပါတယ်။ ငွေပါတာတောင် ဟိုနားဒီနားဆိုင်တွေမှာ သွားဝယ်စားဖို့ခက်ပါတယ်။
နယ်ခြားစောင့်စစ်တပ်တွေက လုံခြုံရေးအရ သွားတာလာတာ မကြိုက်ပါဘူး။ အဲလိုအချိန်မျိုးမှာ ဘာပဲပြောပြော အကူအညီဆိုတာ လိုအပ်ပါတယ်။ ကူညီသင့်တယ်လို့လည် ထင်ပါတယ်။ အဲဒါကြောင့် ဒီနေ့သွားကူညီခဲ့လေးကို မျှဝေလိုက်တာပါ။




နွားစားခွက်ထဲရောက်နေပေမယ့် ဖန်စင်ရှင်တော့မဟုတ်ပါ
(ဓါတ်ပုံ .. ဖေအောင်)

3 comments :

Anonymous said...

They r the real refugee,not Chin people.Let the world know.God know.

Anonymous said...

When u see the chin people,even they swear the god that they r the real refugee,kick them out.

Anonymous said...

Than Shwe,
I hope you are looking at those poor people. Remember all the money that pocketed by selling the natural gas? Yeah, the gas that you dug up underneath their land and took it by force. If you have a drop of sympathy, you would have at least thought to make their lives better.
Why is it so hard for you to imagine how the parents of those kids in the picture would feel? You never wanted your grandson to grow up like that. Didn't you? When you are sleeping nice and warm in your bed every night, those people are out there cold, hungry, homeless and future-less. It's about time you stopped that greed.