ထွန်းအောင်ကျော်
ရွေးကောက်ပွဲကတော့ပြီးသွားပြီ၊ ထင်ထားတဲ့အတိုင်းဘဲညစ်ပတ်မှုမျိုးစုံလုပ်ပြီး ကြံ့ဖွတ်ကအရှက်ကင်းမဲ့စွာနိုင် တယ်လို့ကြေငြာလိုက်ပါပြီ။ ဒီနေရာမှာမေးရ မှာကသူတို့အရှက်မရှိနိုင်တယ်လို့ကြေငြာတာကို အတိုက်အခံ တွေ ကလက်ခံမလားလက်မခံဘူးလားဆိုတာပါဘဲ။
ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာပြောင်းယူမယ်ဆိုတဲ့နိုင်ငံရေးသမားတွေရဲ့ ပြုပြင်ပြောင်းလဲရေးစိတ်ကူး ယဉ်အိပ်မက်ဟာ နအဖရဲ့မျက်လှည့်ပြကွက် အောက်မှာအငွေ့ပျံပျောက်ကွယ်လို့သွားခဲ့ပါပြီ။
၂၀၁၀ ရွေးကောက်ပွဲအနိုင်အရှုံးကိုဆုံးဖြတ်သွားတဲ့ အဓိကအကြောင်းအရာကတော့ကြိုတင်မဲဆိုတဲ့ ဗြောင်က လိန်ကျနည်းဘဲဖြစ်ပါတယ်။ ဒီလိုဗြောင်လိမ်ဗြောင်စားလုပ်တာကိုဘယ်လိုတုံ့ ပြန်မယ်ဆိုတာမကြာခင်တွေ့ရ တော့မှာဖြစ်ပါတယ်။
ဒီမိုကရတစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌဦးသုဝေက ဒီလိုမတရားတဲ့ လုပ်ရပ်တွေကို တိုင်တန်းနေလို့လဲ အပိုဘဲ၊ ဒါ ကြောင့်ကမ္ဘာနဲ့ မြန်မာပြည်သူများသိအောင် သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ဆိုခဲ့ပါတယ်။ အင်မတန်ကောင်း တဲ့ အကြံအဉာဏ်ပါ။ ဒါပေမဲ့ဦးသုဝေတို့ တပါတီတည်း မပြုလုပ်ဘဲဒီလိုညစ်ပတ်ခံရတဲ့ပါတီအားလုံး၊ ပုဂ္ဂလိက ဝင်ရောက်ယှဉ်ပြိုင်သူများကပါ စုပေါင်းပြီး သတင်းစား ရှင်းလင်းပွဲပြုလုပ်ဘို့ လိုပါ တယ်။
အားလုံးစုပေါင်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြင့် ရွေးကောက်ပွဲမသမာမှုကြီးကို အတိုက်ခံများက တစ်သံ တည်း ထုတ်ဖော်ဖွင့်ချလိုက်ခြင်းသည်အ လွန်ရာက်သော အမှန်တရားဖော်ထုတ်သည့်တိုက်ကွက် ဖြစ်ပြီးနိုင်ငံ တကာ ရှိအစိုးရနှင့်ပြည်သူများအနေဖြင့်လည်း ထိုမသမာမှုကို မျက်ဝါးထင်ထင် သိမြင်နိုင်ပြီးတတ် ရောက်လာ သော အစိုးရသစ်အား အသိမှတ်ပြုရန် အလှမ်းဝေးသွားမှာဖြစ်ပါတယ် ။
သတင်းစားရှင်းလင်းပွဲ ပြုလုပ်တာနဲ့တပြိုင်နက်တည်း မဲလိမ်မဲခိုးမှုကိုစုံစမ်းစစ်ဆေး ဘို့အတွက်လွတ်လပ်ပွင့် လင်းတဲ့စုံစမ်းစစ်ဆေးရေး ကောက်မီရှင်တရပ်ကိုအတိုက်အခံများကဖွဲ့စည်းပြီး စစ်ဆေးဖို့လိုပါတယ်။ ရွေး ကောက်ပွဲတွေကျင်းပတဲ့အခါ မဲလိမ်မဲခိုးမှုတွေရှိတတ်ပါတယ်။ အဲဒါကိုတိုင်ကြားသူရှိရင် အစိုးရအပါအဝင်မည် သည့်အဖွဲ့အစည်းရဲ့သြဇာလွမ်းမိုးမှုမှ ကင်းလွတ်တဲ့စုံစမ်းရေး ကော်မီရှင်ဖွဲ့ဘို့လိုပါတယ်။ ဒါမှမဲလိမ်မဲခိုးတဲ့မ သမာလုပ်ရပ်များကို ပေါ်ပေါက်အောင် ဖေါ်ထုတ်ပြီး အမှန်ကို ရောက်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။
အခုချိန်ဟာ အတိုက်အခံဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းညီညွတ်စွာဘုံရန်သူ နအဖကိုဥပဒေ ဘောင်ထဲကနေ တောင်းဆိုရမဲ့အချိန်ပါဘဲ။ Collective Action ဆိုတဲ့စုပေါင်းလုပ်ဆောင်မှုဟာ ဒီအချိန်မှာအ ထူး လိုအပ်နေပါတယ်။
NLD ပါတီကလဲ ရွေးကောက်ပွဲ ဝင်ခဲ့သူတွေကို သူတို့လို သပိတ်မမှောက်ရ ကောင်းလားဆိုပြီး လစ်လျူရှုမနေဘဲ ပူးပေါင်းဘို့လိုပါတယ်။ ဒီမိုကရေစီအင်အားစု အချင်းချင်းချဉ်းကပ်ပုံသာကွာပြီး၊ သွားတဲ့ရည်ရွယ်ချက်တူသူတွေ ဖြစ်လို့ ပူးကိုပူးပေါင်းဘို့ လိုပါတယ်။
ကြိုတင်မဲပေးမှုကြောင့် နိုင်နေရာကနောက်တနေ့မိုးလင်းတော့ရှုံးသွားတယ်လို့ သိရတဲ့လွှတ်တော်ကိုယ်စား လှယ်ကြီးများအားလုံး ရွေးကောက်ပွဲကိုပြန်လည်ကျင်းပပေးဘို့ တောင်းဆိုကြဖို့လိုပါတယ်။ ဒီလိုတောင်းဆိုမှု တွေ မရရှိခဲ့ရင် (ရမှာလည်း မဟုတ်ပါဘူး။) ရွေးကောက်ပွဲကို တရားမျှတမှုမရှိတဲ့အတွက် အသိအမှတ်မပြုနိုင် ဘူးဆိုပြီးရဲရဲထုတ်ပြန်ကြေငြာရဲဘို့လိုပါ တယ်။
အတိုက်အခံ နိုင်ငံရေးပါတီတွေအားလုံးစည်းလုံးစွာလုပ်ဆောင်နိုင်မဲ့ (Command Ground) တူညီတဲ့လုပ်ကွက် တခုကိုရှာကြရပါမယ်။ အဲဒါကတော့ရွေးကောက်ပွဲဟာတရာမျှတမှုမရှိဘူးဒါကြောင့် တရားမျှတမှုရှိတဲ့ရွေး ကောက်ပွဲကို ကျင်းပပေးဘို့ လိုအပ်တဲ့အချက်အလက်များနဲ့တောင်းဆိုရပါမယ်။ နိုဝင်ဘာလ (၇) ရက်ရွေး ကောက်ပွဲကို မိမိတို့နိုင် တဲ့နေရာ (၄) (၅) နေရာ (၁၀) နေရာလောက်ကို နှမြောက်မနေဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း လက်မခံနိုင်ကြောင်း၊ အသိအမှတ်မပြုကြောင်းကိုရွေးကောက်ပွဲဝင်ပါတီအားလုံး တစည အ ပါအဝင် ညှိုနှိုင်းထုတ်ပြန်ဘို့အထူးလိုအပ်ပါတယ်။
အဲဒီလိုမှ မဟုတ်ဘဲ ရသလောက်လေးယူမယ်ဆိုရင် လွှတ်တော်ထဲမှာ ကြံ့ဖွတ်အသံတွေချည်း ဟိန်းနေပြီး၊ အ တိုက်အခံဆို ပြောခွင့်မရ၊ ဥပဒေပြုခွင့်လဲ မသာ၊ ဘယ်ဟာ တင်တင်ကြံ့ဖွတ်အမတ်အများစုကသာ ထင်သလို ချယ်လှယ်နေတဲ့ လွှတ်တော်မှာ ငုတ် တုတ်ထိုင် ဖင်ပူရုံသာ နေရမဲ့အဖြစ်ကို ရနိုင်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲကို အလျော့ပေး လိုက်ရင် ဗိုလ်သန်းရွှေအတွက် ရွေးကောက်ပွဲနိုင်ယုံတင်မကဘူး ရွေးကောက်ပွဲဝင်သူနဲ့ ဆန့်ကျင် သူဆိုပြီး ဒီမိုကရေစီအင်အားစုတို့ထဲ ၂ ခြမ်းကွဲတဲ့ အမြတ်ပါပိုပြီးထွက်သွာ်းတာကို နားလည်သဘောပေါက်ကြ စေချင်ပါတယ်။
ဒါကြောင့် အားလုံး ညီညွတ်ကြပါ။ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတာကို ထုတ်ပြန်ဘို့ညှိုနှိုင်းဆောင် ရွက်ကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံလိုက်ပါတယ်။

1 comment :
အပြောလွယ်တယ်။အလုပ်ခက်တယ်။စာထဲမှာပြောလိုက်တာအလွန်ကောင်းပါတယ်။လက်တွေလုပ်ဘို့ဆိုသည်မှာ
ရေထဲမှာအရုပ်ရေးသလိုအရာမထင်ပါဘူ။ဒီလိုတင်ပြချက်ဟာ-နအဖလက်ထက်မှာ-တရားဥပဒေစိုးမိုးမှုကိုစာရေးသူ
အနေနှင့်ယုံကြည်နေဆဲလို့ထင်ပုံရတယ်။စိတ်ကူးပြီးဖဲရိုက်
ပြီးနေလိုက်ပါတော့။
Post a Comment