Saturday 13 November 2010

ကျနော်က သူမ ကို အမေဟုမခေါ်ခဲ့ဖူးပါ....

ကျနော်ဒီနေ့  အင်တာနက်မှ ဒေါ်အောင်ဆန်းစုကြည်မလွတ်ခင်မှ လွတ်မြောက်ပြီဆိုသည့် အထိ ပြီးတော့
ဒေါ်အောင်ဆန်းစုကြည်၏ အသံကိုကြား ရုပ်ကိုမြင်ရသည်အထိစောင့်ကြည့်မိပါသည်။

ကျနော်သည် လေးဆယ်နားကပ်နေသော သာမန် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါသည်။
လူထုကြီး၏ အသံ ၊ လူထုထဲမှ သက်ကြီးရွယ်အိုအဘွားကြီးတဦး၏မျက်နှာ ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်
ခြံဝမှ ထွက်လာသည့်ပုံတို့ အား တခု စီ တခုစီ သေချာ အနုလုံပဋိလုံကြည့်ရင်း ပြောမပြနိုင်သည့် ဝေဒနာတစ်ခုနှင့်
မျက်ရည် လည် ရင်စို့ မိပါသည်။

အော်.... တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်လွတ်ဖို့  တတိုင်းတပြည်လုံး က စောင့်နေရတာဟာ
ထမင်းမစားရသေးတဲ့ လူမမယ်တွေ အမေပြန်အလာကိုမျှော်နေတဲ့ပုံမျိုးပါလား လို့  ဟု ခံစားလိုက်မိပါသည်။

တကယ်တန်းတွင်တော့ ကျနော် အပါအ၀င် သည်ပင် ဆာလောင် ငတ်မွတ်နေသော ကလေးတယောက်မဟုတ်ပါလား...။

3 comments :

Anonymous said...

Exactly I'm still feeling the same way.

Anonymous said...

ကျတော်လဲအတူတူဘဲ။
လေးစားပါတယ်။
အမေစု သက်တော်ရှည် အန္ဒရယ်ကင်းပါစေ။

တမာညို

ုkhungyi said...

ကျွန်တော်ရင်တဲမှာလဲ ထပ်တူ ခံစားနေရပါတယ်။
ဘာကြောင့်ရယ်မသိ ဒီနေ့ မှ ဒေါ်စုကို အမေလို့  ခေါ်ခဲ့မိတယ်။ ဟုတ်တယ် ဒေါ်စုဟာ ကျွန်တော်တို့  မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံးရဲ့ ဒီမိုကရေစီ မိခင်ကြီးပါဘဲ။ ဒီမိုကရေစီ လိုလားသူအားလုံး ကျွန်တော်တို့ ရဲ့  မိခင်ကြီးနဲ့ အတူ လက်တွဲ ကြိုးစားကြပါစို့ ။