Sunday, 14 November 2010

အိပ်မက်ဆိုးမှ နိုးထလိုသူများ နှင့် အာရုံ ဦး

မနေ့ က တပ်မတော် အရာရှိ အချို့ နှင့် ကြံ့ ဖွတ် ပါတီ ၀င် အများစု ဒေါ်အောင်ဆန်းစုကြည်
မိန့် ခွန်းပြောချိန်တွင် ပရိဿတ်ကြားမှ လာရောက် နားထောင်ခဲ့ကြသည် ဟု သိရပါသည်။

ထို ကြံ့ ဖွတ် ပါတီဝင်အများစု သည် ၀င်လို ၍ မဟုတ်ပဲ ၊ အကြောင်းအမျိုးမျိုးကြောင့် ကြံ့ ဖွတ် ပါတီဝင်ဖြစ်ကြရသော သူများ ဖြစ်သည် ဟု ဆိုပါသည်။
ယခု သိရသည့်အချက်အလက်များပေါ်အခြေခံ၍ စဉ်းစားကြည့်မည်ဆိုလျှင် ဆယ့်ခြောက်သန်း အင်အားရှိသည် ဆိုသော ကြံ့ ဖွတ်ပါ တီ ၀င် များ သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်မှုအောက်တွင် သူတို့ ၏ အိပ်မက်ဆိုးများမှ နိုးထလာလိုကြသည် ဖြစ်ကြောင်း ၊ ကြံ့ ဖွတ်ပါတီသည် အမှန်တကယ်တွင်မူ နအဖ ၏ ထုံးစံအတိုင်း အတင်းအဓမ္မ စစ်သား ဖမ်းဆီးစုဆောင်းသကဲ့သို့  ပင် အခြေအနေအကြောင်းအမျိုးမျိုးအရ မဖြစ်မနေ ပါတီဝင် ကဒ်ပြားရရှိထားသော ပြည်သူလူထု များပင်ဖြစ်ကြပါသည။်

ဒီပဲယင်း လုပ်ကြံမှုကျူးလွန်သူများ ၊ ၂၀၀၇ သံဃာ့ မေတ္တာ ပို့ ပွဲ များအား ရိုက်နှက် သတ်ဖြတ်နှိမ်နင်းခဲ့ကြသော
လက်တဆုတ်စာ လူဆိုး လူမိုက် များမှ လွဲ ၍ ထို ဆယ့်ခြောက်သန်းဆိုသော အင်အား ၏ ရင်တွင်း ဆန္ဒရင်းမှန်အား မနှေးအမြန် သိရန် ကျွန်ုပ် တို့  ၀ိုင်းဝန်းအားထုတ်ကြိုးပမ်းကြပါစို့ ။

ထို့ တူ ငါးသိန်းခန့်  အင်အားရှိသည်ဆိုသော တိုင်းပြည်ကောင်းစားရေးကို လိုလား သည့် ၊ မိသားစု ၀၀ လင်လင် ၊ အေးအေးချမ်းချမ်း စားသောက် အသက်ရှင် သိက္ခာ ရှိရှိ နေထိုင်လိုကြပြီဖြစ်သော တပ်မတော်သား အများစုကြီး တို့ ၏ စိတ် ဆန္ဒအမှန်အား လည်း မနှေးအမြန် သိရှိကြရမည်ဟု နားလည်မိပါ၏။


ဒေါ်အောင်ဆန်းစုကြည် က တော့ မေတ္တာ အပြည့်ဖြင့် ခွင့်လွှတ် မုဒိတာ စိတ်ရှေ့  ထားကာ တိုင်းပြည်အတွက်
လူမျိုးအတွက် ၊ ပြည်ထောင်စုအတွက် သူမအား ထောင်သွင်းအကျဉ်းချ အသက်ဘေးပါ ရန်ရှာကြသော သူများကိုပင် အေးချမ်းစွာ လက်ကမ်းကြို နေသလို ပြည်တွင်းပြည်ပ မှ တိုင်းပြည် အတွက် ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန် နေကြသော သူအားလုံးအားလဲ ကြိုဆိုနေပြီဖြစ်ပါ၏။

အာဃာတ တရား ၊ မစ္ဆေရ စိတ် ၊ အ၀ိဇ္ဖာ အတွေးအကြံတို့ အား ပါယ်သတ်၍ ပြည်ထောင်စုတွင်းရှိ ညီရင်းအကို မောင်ရင်းနှမ အားလုံး တဦးကိုတဦး နားလည် မျှ တ စွာ ညီညွတ် တန်းတူ အေးချမ်းသော ပြည်ထောင်စုကြီးအား တည်ဆောက်နိုင်ရန် ရုပ်လုံး ပေါ်လာစပြုတော့မည် ဖြစ်ပါသည်။

ယင်းအနေအထားအား တိုင်းပြည် နှင့် တမျိုးသားလုံးကောင်းစား စေလိုသော စေတနာ ရှေ့ ထားလျှက် လက်နက်ကိုင်အင်အားစုများအားလုံး ကလည်း တညီတညွတ်တည်း တသံတည်း တအင်အားတည်း ရပ်တည်ကာ သတိရှိရှိ ဖြင့် အသင့်ဖြစ်နေကြဖို့ ကြိုတင် ပြင်ဆင်ကြဖို့ လည်း လိုအပ်ပြီဟု တွန်းဆော်လိုပါသည်။

တပ်မတော် ၏ ဂုဏ်သိက္ခာနှင့် တပ်မိသားစုများ၏ ဘ၀ရှေ့ ရေး ပြည်သူလူထု နှင့် နိုင်ငံတော်၏ အနာဂါတ် အေးချမ်းသာယာမှုအတွက် ရှေးရှု လက်တွဲ၍ တပ်မတော် သားများအနေဖြင့် မိမိတို့  လည်း လိုချင်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် ယခုအခါထက် သင့်တော်သော အခါ သမယ ကောင်းများ နောင်တချိန် ရကောင်းမှ ရပါလိမ့်မည်။ ကောင်းသော အရာများ ကို လုပ်ခွင့်ဆိုသည်မှာကား
ကောင်းသော ကုသိုလ်စိတ်ဖြင့် ကောင်းသော သမယ ကို စိတ်ကောင်းနှလုံးကောင်းထား၍ ဆုတ်ကိုင် ပြုကျင့် နိုင်ပါမှ သာလျှင် ဖြစ်တည် ထွန်းကား ပါလိမ့်မည်။ ထို့ ကြောင့် တိုင်းပြည်နှင့် လူမျိးပေါင်းစုံပြည်သူလူထုကြီးအတွက် စိတ်ကောင်းများမွေး၍ အခွင့်အခါကောင်းကို အမိအရ အသုံးပြုကြပါဟု တိုက်တွန်းလို ပါသည်။

ပြည်သူတဦး

No comments :