Sunday, 14 November 2010

ဝေါ်လေ ကနဲလေး ညတိုက်ပွဲ

၁၄ နိုဝင်ဘာလ ည ၇ နာရီ မှ ၁၀ နာရီကျော်အထိ ဝေါ်လေ ကနဲလေးမှာ ဒီကေဘီအေ နဲ့ နအဖ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရွားသား သုံး ယောက် ဒါဏ်ရာရကာ တယောက် သေဆုံးပြီး ၂ ယောက် ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် ဒါဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံမှာ တင်ပို့ ကုသ ထားရပါတယ်။

ဒီကေဘီအေ တပ်များမှာ လော့ခေါ် မှာ နေရာယူထားကာ ဝေါ်လေ နေရာမှာတော့ နအဖ တပ်မှာ ရှိနေပါတယ်။

ထမင်း ဆန် မားမားခေါက်ဆွဲခြောက် ထမင်းထုပ် ငါသေတ္တာရိက္ခာများ ပေးပို့ကူညီထား ရပါတယ်။ ၂ ဖက်တိုက်ပွဲ အကျအဆုံးသတင်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါ တယ်။

ဒီကေဘီအေ ဘက်က ထိခိုက်ဒါဏ်ရာမရှိဘူးလို့လဲ သိရပါတယ်။

No comments :