Sunday, 7 November 2010

ဒီကေဘီအေ ရွေးကောက်ပွဲရလဒ်ကို ဆန်ကျင့် ခြင်းဖြစ်

ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်တဲ့  ဒီကေဘီအေနဲ့ နအဖတပ်တွေကြားမှာ ဒီနေ မနက်က စပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့တယ်။  မြ၀တီ မိုးကုတ် ဂိတ် အနီါး်ပ်တိုက်ပွဲများစတင်ဖြစ်ပြီးနောက်ပိုင်းမှာ  ၈၁ မမ လက်နက်ကြီးတွေနဲ့ ပါ အပြန်အလှန်ပြစ်ခတ်ခဲ့တယ်။ ပြသနာ ဖြစ်ရတဲ့အကြောင်းရင်းကတော့ နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ရမှာနဲ့ ရွေးကောက်ပွဲကိုလက်မခံကြောင်း  ဖြစ်ပါတယ်။မနက်က စပြီး နအဖ တပ်တွေက မြ၀တီ မြို့ မှာ လူတွေကိုပေါ်တာဆွဲတာက လတ်တလောအကြောင်းရင်းလာလို့ ယူဆလို့ ရတယ်။ 
ထိုင်းနိင်ငံကို အလုပ်လာလုပ်ကြတဲအတွက် တမြို့ လုံးမှာအရွယ်ရောက်တဲ့ယေက်ကျားတွေရှားသွားတယ်။
ဒီတော့ ၁၂ နစ် ၁၃ နစ်အရွယ်ယောက်ကျားလေးတွေကို ပေါ်တာဆွဲတာကနေ တင်းမာမှု တွေစတင်ဖြစ်ပွားလာပြီး ဒီကေဘီအေ ပေါက်ကွဲ သွားတာဖြစ်တယ်လို့  မျက်မြင်သက်သေတဦး က သတင်းပို့ ပါတယ်။ လက်ရှိမြင်ကွင်းကတော့ မြ၀တီဖက်ကိုသွားတဲ့ ကားလမ်းကိုထိုင်းစစ်တပ်ကပိတ်လိုက်တယ်။
ထိုင်း ရဲနဲ့ စစ်သားတွေအများကြီါ်ချလာတယ် ။ နယ်စပ်မြစ်ကို ဖြတ်ပြီး လူ ၅ ထောင်လောက် ထွက်ပြေးလာတယ် ။  ကလေးတွေ၊ မိန်းမ တွေက အများစြုဖစ်တယ်။ အော်ဟစ်ငိုကြွေးသံတွေနဲ ကမ္ဘာပျက်သလိုဖြစ်နေတယ်။  ထိုင်း ဘုန်းကြီး ကျောင်းတကျောင်းက ဒုက္ခသည်တွေက ယာယီ နေရာချပေးထားတယ်။


1 comment :

Anonymous said...

ချဟေ့
နုတ်ခမ်းမွှေးတပ် ကိုရင်ကြည်တို့ ကျော်ဌေးတို့ ချကွ၊
မင်းတို့ လဲ တို့ ကျောင်းသားတပ်ကဘဲ သွေးပြောင်တာ
တို့ သိတယ်။
တို့ ပြည်ထောင်စုငြီမ်းချမ်းမှ ကရင် တကျပ် ဗမာတကျပ်
ဖြစ်မယ်ဟေ့။
ရွှေဘ