Barack Obama holds a town hall meeting with students at St. Xavier's College in Mumbai
Photo: EPA
-WFWW-
မြန်မာစစ်အစိုးရ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတ အိုဘားမား က အိန္ဒိယ လူထုရှေ့မှာ ဒီရွေးကောက်ပွဲ ဟာ မလွတ်လပ်သလို တရာမျှတမှုမရှိဘူး လို့ ပြောကြားသွားပါတယ်။ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေဟာ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ စံနူံး မရှိဘူးလို့ လဲ အမေရိကန် သမ္မတ ကရှုံ့ချသွားပါတယ်။ နိုင်ငံတကာ က ရွေးကောက်ပွဲ ကိုလေ့လာဖို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေကို မြန်မာ အာဏာပိုင်တွေက ပေးမဝင်ခဲ့ပါဘူးလို့ St.Xavier's college, Mumbai မှာ ပြောကြားသွားခြင်းဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကလဲ မြန်မာပြည် အနေနဲ့ စုတ်ပဲ့ ပြီး လွတ်လပ် တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပလိုက်တာ အခွင့်အရေးကောင်းတွေ ဆုံးရှူံးသွားခဲ့ပါတယ်လို့ ပြောကြား သွားပါတယ်။ ဟယ်လာရီကလင်တန်က အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ မြန်မာ စစ်အုပ်စုနဲ့ စကားဆက်ပြောနေအုန်းမယ် ဖြစ်ပေမဲ့ ပြင်းထန်တဲ့ စီးပွားရေးပတ်ဆို့မူ့ကိုတော့ နိုင်ငံရေး အကျဉ်းသမား တွေကို မလွတ်ပေးသရွှေ့၊ လူအခွင့်ရေးတွေ ချိုးဖောက်နေသရွှေ့။ အတိုက်အခံတွေနဲ့ စကားမပြောသရွှေ့ ဆက်လက် လုပ်သွားမယ် လို့ပြောကြားသွားပါတယ်။
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ခ်ျ ကတော့ ဆုံးရူံးသွားတဲ့ နိဂုံး လို့ မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲ ရလာဒ်ပေါ်ပြောကြားသွားပါတယ်။ မြန်မာပြည်သူတွေအတွက်ကတော့ စစ်အစိုးရက ပါဝါရလာပြီး ပိုမိုဖိနှိပ်လာမှာဖြစ်ပြီး တိုင်းပြည်ရဲ့ သံယာဇာတတွေကို ဖျက်ဆီးဖြုန်းတီးလာမှာ ဖြစ်တယ်။ မုဒိန်းမူ့တွေ၊နှိပ်စက်မှူ့တွေ ပိုမိုခံစားလာရမှာဘဲ လို့ သူက ထပ်လောင်းပြောကြားသွားပါတယ်။
ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဘားနဒ်ကုပ်ခ်ျနာ ကတော့ လူမျိုးစုတွေနဲ့ အထင်ကရ နိုင်ငံရေးအတိုက်အခံ ပါတီတွေကို ရွေးကောက်ပွဲ ပေးမဝင်တာနဲ့ ပတ်သတ်ပြီး ပြင်းထန်စွာ ရှုံ့ချသွားပါတယ်။ မြန်မာ အာဏာပိုင်တို့ဟာ အတိုက်အခံတွေနဲ့ လူမျိုးစုတွေကို လေးလေးစားစားနဲ့ စကားပြောဖို့ ကျနော်တောင်းဆိုလိုက်တယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက ဆိုသွားပါတယ်။
ွှအီးယူ နိုင်ငံခြားရေး တာဝန်ခံ ကက်သရင်း အက်ရှ်တွန်ကတော့ မြန်မာရွေးကောက်ပွဲဟာ နိုင်ငံတကာ စံနူံးမရှိဘူးလို့ ပြစ်တင်ဝေဖန်သွားပါတယ်။ အန်လယ်ဒီ အပါအဝင် အဓိက အတိုက်အခံပါတီတွေကို သေးသိမ်စွာ ပေးမပါတာကတော့ ဘယ်လိုမှ အဆင့်အတန်းရှိတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ သူမကပြောကြားသွားပါတယ်။
တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ဟုန်လီ ကတော့ တရုပ်အစိုးရအနေနဲ့ မြန်မာ တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပြီး မျော်လင့်ထားခဲ့တဲ့ ရွေးကောက်ပွဲ ချောချော မောမော နဲ့ ပြီးဆုံးသွားမှာကို မျော်လင့်တယ်၊ မြန်မာပြည် ဒီမိုကရေစီ ရေးတိုးတက်လာပြီး တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်လာမယ်လို့ မြန်မာစစ်အစိုးရဖက်က သာသာထိုးထိုးပြောသွားပါတယ်။
ဒါပေမဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲ ကို နိုင်ငံတကာ အစိုးရများက ဘယ်လိုပဲဝေဖန်ပြစ်တင်ရှုံ့ချနေစေကာမှု စစ်အစိုးရက တော့ နောက်ထပ် ဆယ်စုနှစ်များစွာ အာဏာ ကို ဆက်လက် ဆုတ်ကိုင်ထားမှာဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင်ဖော်ပြထားပါသည်။
No comments :
Post a Comment