Monday, 20 December 2010
ဝီကီလိခ် သံတမန် ပေါက်ကြားမှုနဲ့ မြန်မာ့ သတင်းများ
နိင်ငံတကာသံတမန် ရေးလျိုလ်ဝှက်ချက်တွေကို ဖေါ်ထုတ်ခဲ့တဲ့ ၀ိကီလိခ်သတင်းပေါက်ကြားမှုကြီး ကြောင့် တကမ္ဘာလုံးက အစိုးရတွေက  ၀ီကီလိခ် ၀က်ဆိုက် ပိုင်ရှင် ဂျီလီယန် အဆန် ကို အမှုန့်  ကြိတ်ခြင်နေကြပါတယ်။  အမေရိ ကန် အစိုးရလည်း နိင်ငံတကာသံတမန် လောကမှ အရှက်တကွဲဖြစ်ခဲ့ရတယ်။ အမေရိကန် က ဒီလိုအရှက်တကွဲဖြစ်ခဲ့ရတဲ့အတွက်  ပထမပိုင်းမှာ နအဖ စစ်အစိုးရ အတော်လေး သဘောကြခဲ့ပုံရပါတယ်။ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း ဦးဆောင် နေတဲ့ ပိတောက်မြေ ဘလောက်မှာ
ဂျူလီယန် အဆန်း နဲ့ ပတ်သက်လို့ ခုလို ချီးကြူ ခဲ့ပါတယ်။ 
အမေရိကန်အစိုးရရဲ့ နောက်ကွယ်က ဝါဒသရုပ်မှန်ကို အကွက်ကျကျ ထုတ်ဖော်ပြသသွားခဲ့တဲ့ အတွက် ဂျလီယန် အဆန်း ကို  (၂၁) ရာစုရဲ့ သူရဲကောင်းကြီးလို့တောင် တင်စား ခေါ်ဝေါ် ထိုက်ပါတယ်။ သူ့အတွက် တစ်စုံတစ်ရာ အကျိုးအမြတ် မျှော်ကိုးခြင်း မရှိဘဲ ကမ္ဘာ့ပြည်သူများ၊ ကမ္ဘာ့နိုင်ငံများ သိထားသင့်တဲ့ အချက်တွေကို Julian Assange က သူရဲ့အတတ်ပညာစွမ်းအားနဲ့ ထုတ်ဖော်ပေးနေတဲ့ အတွက် လေးစား ထိုက်တဲ့ သူရဲကောင်းကြီး တစ်ဦးလို့ ကမ္ဓည်းမော်ကွန် တင်လိုခြင်းဖြစ်ပါတယ်။
လို့  ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ  စစ်ဗိုလ်ချုပ်တွေနဲ့ စကားပြောရတာ ဟာ လူသေကောင်နဲ့ ပြောရသလို ပဲ လို့  လီကွန်ယုရဲ့ သံတမန် လောက မှတ်ချက် အပါအ၀င် စစ်အစိုးရသတင်းနဲ့  ပတ်သက်လို့  အချက်အလက်ပေါင်း ၃ထောင်လောက်လဲပါဝင်နေတာကိုတွေ့ တဲ့အခါမှာတော့ ကျော်ဆန်းတယောက် ဂျလီယန် အဆန်းကို  သတ်ခြင်နေမှာပါ။  
       ကိုမိုးသီးဇွန် ( ဓါတ်ပုံ နေသစ်)
နယ်စပ်မှာ ပါလီမန် တခုဖွဲ့ စည်းတဲ့သတင်း၊ အန် စီဂျယူဘီ သတင်းတွေလည်းပါဝင်ကြောင်း တွေ့ ရပါတယ်။ ( အပြည့်အစုံကို အာဇာနည် ဘလောက်မှာလည်း ဖတ်ရှု့ နိင်ပါတယ်။)  ဒီသတင်းတွေ ဘာကြောင့် ပေတါက်ကြားလာနိင်သလဲဆိုတော့ မြန်မာ သံရုံး က ကြပ်ပြေးကို အင်တာနက်ကမှတဆင့်သတင်းပေးပို့ ချက်တွေကို အမေရိကန် အစိုးရက ကြားဖြတ် ရယူခဲ့ပုံရပြီး  အမေရိကန် အစိုးရကွန်ပြူတာနက်ဝပ်ကို ဟက်ကာ တဦးက တဖန် ပြန် ဖေါက်ထုတ်ခိုးယူခဲ့ပြီ ၀ီကီလိခ်ကို ပေးပို့ ခဲ့ရာမှာ သံတမန် လောက သတင်းပေါင်းစုံ ဟာ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။  
No comments :