Monday, 20 December 2010

တောင် နှင့် မြောက် ကိုရီးယား တင်းမာမှု အခြေအနေ


-ဇင်မင်းထက်(WFWW)-
၁၂.၂၀.၂၀၁၀

တောင်ကိုရီးယားအစိုးရ က တောင်နှင့် မြောက် နယ်စပ်ဒေသရှိ ယောင်ပြုံကျွန်း အနီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့မယ်ဆိုလျှင် စစ်ရေးအရ ပြင်းပြင်းထန်ထန် ပြန်လည်လက်တုန့်ပြန်မယ်လို့ မြောက်ကိုရီးယား အစိုးရ က ခြိမ်းချောက်မှုတွေ ပြုလုပ်ခဲ့ လို့ တောင်နှင့်မြောက် ကိုရီးယားစစ်ပွဲဖြစ်တော့မယ်လို့ နိုင်ငံတကာက နေ့စဉ်စောင့်ကြည့် နေစဉ်မှာပဲ မနေ့ က တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှု အေးအေးဆေးဆေး ငြိမ်းချမ်း စွာ ပြီးဆုံးသွားခဲ့ပါတယ်။

အမေရိကန် အစိုးရ ကာကွယ်ရေးဝန်ကြီး မူလန် အပါအ၀င် အမျိုးသားလုံခြုံရေး အရာရှိကြီးများဟာ စစ်ရေးလေ့ကျင်မှု ပြုလုပ်စဉ် စနေနေ့ တညလုံး ပင်တဂွန်ဌာနမှာ ရောက်ရှိနေကြပြီး၊ အခြေအနေတွေကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့် ခဲ့ကြကြောင်း သိရပါတယ်။ ပင်တဂွန်ရှိ အမျိုးသားလုံခြုံရေး ထိပ်တန်းအရာရှိကြီးများ၊ အမေရိကန် သမ္မတ အကြံပေးအရာရှိကြီးများဟာ ဟာဝိုင်ရီ ကျွန်းရှိ အမေရိကန်ရေတပ်စစ်အခြေစိုက်စခန်း လေယာဉ်တင်သင်္ဘော များမှာ ရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးများ၊ တောင်ကိုရီးယားရှိ အမေရိကန်စစ်ဗိုလ်ချုပ်ကြီးများနဲ့ အပြန်အလှန်ဆက်သွယ်နေပြီး၊ ဂြိုဟ်တုဆက်သွယ်ရေး မှတဆင့် မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှုတွေကို အနီးကပ် လေ့လာစောင့်ကြည့်ခဲ့ကြ ကြောင်းသိရှိရပါတယ်။ ရုရှားအစိုးရ က တော့ ကိုရီးယားကျွန်းဆွယ်တင်းမာမှု ကနေ စစ်ပွဲအသွင် ဦးတည်နေလို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး အမြန်ဆုံးခေါ်ယူခဲ့တယ်။ တရုတ်အစိုးရ က တော့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ တောင်နှင့်မြောက် နှစ်နိုင်ငံစလုံး ထိမ်းထိမ်းသိမ်းသိမ်းလုပ်ကာ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲခုံပေါ်ကို ပြန်လာကြဖို့ တိုက်တွန်းခဲ့တယ်။

တောင်နှင့်မြောက် ကိုရီးယား နယ်စပ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေကြတဲ့ ယောင်ပြုံ ကျွန်း အနီးတ၀ိုက်မှာ ပဲ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ က မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ၄ ယောက် သေဆုံးခဲ့ပြီး၊ နှစ်နိုင်ငံ စစ်ရေးတင်းမာမှုတွေရှိလာလို့ ကိုရီးယားစစ်ပွဲ ထပ်မံဖြစ်ပွားဖို့ ဦးတည်လာနေခဲ့တယ်။ တောင်ကိုရီးယားအစိုးရ ကတော့ စစ်ရေးလေ့ကျင်မှုဟာ နိုင်ငံတော် အချုပ်အခြာ အာဏာ ကာကွယ်ရေး၊ လုံခြုံရေးတို့အတွက် သာမန်စစ်ရေးလေ့ကျင့်မှုသာဖြစ်လို့ ဘယ်လိုပဲ မြောက်ကိုရီးယား ကွန်မြုနစ် အစိုးရ က စစ်ရေးအရ ခြိမ်းချောက်မှုရှိစေကာ မှု ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားက စတင်တိုက်ခိုက်လာလျှင် စစ်ရေးအရ အပြင်းထန်ဆုံး ပြန်လည် လက်တုန့်ပြန် တိုက်ခိုက်ဖို့ အသင့်ရှိနေပါပြီလို့ ကြေညာသွားခဲ့တယ်။

အမေရိကန် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဘေလ်ရစ်ချက်ဆန် ဟာ မြောက်ကိုရီးယား ပြုံယမ်းမြို့တော်ကို သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းများ နဲ့ အလွတ်သဘော သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ယင်းသို့တွေ့ဆုံဆွေးနွေးစဉ် တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှု အပေါ် မြောက်ကိုရီယား က စစ်ရေးအရ လက်တုန့်ပြန်မှုမပြုလုပ်ဖို့ အကြိမ်ကြိမ် တောင်းဆို သတိပေးပြောဆိုခဲ့တယ်လို့ နိုင်ငံတကာ သတင်းထောက်များကို ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဘေလ်ရစ်ချက်ဆန် ဟာ သမ္မတဟောင်း ဘေလ်ကလင်တန် လက်ထပ်က အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုအခြေအနေ

No comments :