Poem against Visitors Registration in Burma
by Moe Thee Zun
‘88 Students’ Leader
I look around my homeland to see
When to go
Where to stay
And the people to meet
No need to let the dogs and cats know first
This land is my land
These are my people
This water is our water
The forests belong to all of us
With the water buffalos
We dwell this earth
It is here that
With joy we face life and death
As Grandfather passed away
Like generations before
Mothers’ and sisters’
Cries could still be heard loud and clear
Father and Granny U San Thein
Argued drunkenly from the moonshine
While brothers in law
Played cards with a loud crowd
All night long
Full of visitors from near and far
No space left even for an only dog
Ernest funeral procession
With vociferous cries
Calling grandpa to wake up and take a last look around
Yes indeed!
No one
Registers guests with the police
We are humans
We have the right to travel freely
Across the clouds like the bunny
To continue on our journey
As if counting animals in the barn
How many came and how many gone
Plainly speaking
No one should be interrogated for being human
Including you, my friend
For us free men
‘Pannatti-sila’ ‘ten moral rules’ prescribed by Buddha
Do not require registration of visitors
Nor eight Magga paths to attainment of Nirvana
Include guest registration with the government
This is our country we can come and go as we please
There is no need to bow down to anyone for permission
And register to receive visitors
Dear woman
Start packing
And bring my mandolin
Come away
Climb aboard
And sail with me
(Translated from Burmese by May Ng)
ဧည့်စာရင်း မတိုင်တဲ့ ကဗျာ
ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ်။
ဘယ်နေ့သွားမယ်။
ဘယ်မှာတည်းမယ်။
ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ
ဘယ်ခွေး တကောင် ကြောင်တမြီးကိုမှ ပြောနေစရာမလိုဘူး။
ဒီမြေက ငါ့မြေ။
ဒီလူတွေက ငါ့လူတွေ။
ဒီရေက င့ါ့ရေ ။
ဒီသစ်ပင်က ငါ့သစ်ပင်။
ဒီကျွဲက ငါ့ကျွဲ။
ကဲ...။
ငါ့အမျိုးတွေလဲ ဒီမြေပေါ်မှာနေ
ဒီမြေပေါ်မှာ ပျော်ပျော်ပဲ
သေပွဲဆင်ခဲ့ကြရဲ့။
အဖိုးသေတယ်လေ။
အမေတို့ အမတို့ 
ရိုးရာမပျက်၊
ကျွက်ကျွတ်ညံ ငိုကြရဲ့
အဖေနဲ့ ဘကြီး ဦးစံသိန်း တို့က ချက်အရက်တွေသောက်
တယောက်တပေါက် ငြင်းခုန်။
ငါ၊ ငါ့ယောက်ဖနဲ့ အပေါင်းသင်းတသိုက်
အော်ကြီးဟစ်ကျယ် ဖဲရိုက်ကြတယ်။
တညလုံး ...။
ရပ်နီးရပ်ဝေး ဧည့် တရုန်းရုန်း၊
ငါ့ ခွေး တီလုံး ခမြာ နေရာမရ။
အုံးအုံးကျွက်ကျွက်နဲ့ အသုဘ။
အားရပါးတ ရ ရှိလှရဲ့..။
'' အဘ ရေ ထ ကြည့်စမ်း ဗျ '' လို့  ဒို့ ဟစ်ကြွေး ကြ ။
အေး ...။
ဒို့  ဘယ်သူမှ ဧည့်စရင်း မတိုင်ကြဘူး ။
ငါဟာ လူသား၊
လွတ်လပ်စွာ သွားချင်ရာသွားခွင့်ရှိနေတယ်။
လင်းယုန်တကောင်လို တိမ်လွှာ ကိုခွဲပြီး
ဤခရီးကို သွားမယ်။
မွေးမြူရေးခြံထဲက တိရစ္ဆာန်တွေလို
ဒီနေ့  ဘယ်နှစ်ကောင်ပျောက်၊
ဘယ်နှစ်ကောင်တိုး
( ဒီမှာ - ရိုးရိုး လေး ပြော မယ် )
အစစ်.ဆေး..ခံ..နေစရာ.. င့ါ့မှာ ...အကြောင်း...မရှိ ။
မိတ်ဆွေ ငဲ့ …။
သင့်မှာလည်း အကြောင်းမရှိဘူး။
ငါဟာ လွတ်လပ်တဲ့ လူသား။
ပညတ်တော်ဆယ်ပါးမှာ ဧည့်စရင်း တိုင်ကြလို့ မပါဘူး။
မဂ္ဂင်ရှစ်ပါးမှာ ဧည့်စရင်းတိုင်ကြလို့ မပါဘူး။
ငါ့နိုင်ငံထဲမှာ ငါဘယ်သွားသွား ဘယ်လာလာ
ဘယ်သူ့ကိုမှ သံတော်ဦး တင်စရာ မလို။
ဧည့်စရင်း တိုင်စရာလည်း မလိုဘူး။
မိန်းမ ရေ
အထုပ်အပိုးတွေပြင်
ငါ့ မယ်ဒလင် ယူခဲ့။
လာ ဒို့ ခရီးထွက်မယ်
လှေပေါ်တက် ၊
ရွက်လွင့်မယ်။
Sunday, 12 December 2010
Subscribe to:
Post Comments
(
Atom
)
5 comments :
For us free men
‘Pannatti-sila’ ‘ten moral rules’ prescribed by Buddha
translator please revise this sentence, i think poet mean not this.
whatever this you are good translator.
The Ten Commandments ပညတ်တော်ဆယ်ပါး
အဲဒါ ကျမ်းစာဆီကလာတယ် မိုးဇက် ရခဲ့တဲ့ အပြားကြီးဆီက ။ အဲဒီအပြားကြီး ပေါ့ အဲဒီအပြားကြီး။
ဟေး ဟေး ဟေး
ဆရာ မိုးသီးကြီးလည်း ကဗျာတွေရေးလို့ပါလာ...
ဟုတ်ရောဟုတ်ကဲ့လားဗျာ့...ကျွန်တော်ကတော့ဗျာ မိုးသီးဆိုတာနဲ့ တောင်စွယ်နေကွယ်ချိန် သံချေးတက်နေတဲ့ ဓါးကြီးထမ်းပီး လူသတ်တတ်တဲ့ ပါးကွက်အာဏာသားကြီးပုံပဲမြင်မိတယ်...ဟဲဟဲဟဲ
မိုးသီးကဗျာရေးတာ မသိမီဘူးဆိုတော့ တော်တော် နုံအ တဲ့ သူပဲ စာပေ ဗဟုသုတနဲ့ ခပ်လှမ်းလှမ်းဖြစ်ပုံရတယ် ဟုတ်စ
အကိုမိုးသီး အရမ်းကောင်းတဲ့ ကဗျာလေးပါ၊မြန်မာ လူမျိုးတစ်ယောက်ရဲ့ လွတ်လပ်မှုနဲ့ အကျင့်စရိုက် စိတ်ထား ကလေးကို ကွက်ကွက်ကွင်းကွင်း မြင်သွားစေတယ်။
Post a Comment