Sunday 16 January 2011

သတ္တိ ရှိတဲ့ခေါင်းဆောင်

 တူနီးရှားတွေ ဘာကြောင့်နိင်သလဲ ။ တူနီးရှားခေါင်းဆောင်တွေက 

အစိုးရဖွဲ့ ရဲလို့ ပဲ။ တချို့  ခေါင်းဆောင်တွေက 

လူထုတိုက်ပွဲအမြင့်ဆုံးအချိန်မှာတောင်အစိုးရဖွဲ့ ရဲလေ့မရှိကြဘူး ။


17 comments :

Anonymous said...

ကိုမိုးသီး...ခေါင်းဆောင်ဆိုတာ တည့်တည့်ပြောရဲရတယ်..

Anonymous said...

အဲ့ဒါကတော့ သိပ်မှန်တယ်။ ဒီစကားကို သိပ်ကြိုက်တယ်။

Anonymous said...

ဖတ်မှတ်ခဲ့ဘူးသည့် ကမ္ဘာ့တော်လှန်ရေးများတွင် ပထမအစ တော်လှန်ရေးကို ဦးဆောင်သူများမှာ ပညာတတ် ခေါင်းဆောင်များ ဖြစ်ကြသည်။
ထိုခေါင်းဆောင်များမှာ တော်လှန်ရေး ကိုရေရှည် ဦးဆောင်မှုကို မယူပဲ နိုင်ငံရေးအရ၊ သမိုင်း ကြောင်းအရ နာမည် ကောင်းယူပြီး လမ်းတ၀က်မှာပဲ အနားယူပြီး တကိုယ်ရည် လွတ်မြောက်ရေး အတွက် နိုင်ငံခြား တိုင်ပြည်များသို့ ထွက်၍ အလုပ် လုပ်ကိုင်ရင်း နိုင်ငံခြား အစိုးရများနှင့် မြန်မာ့နိုင်ငံရေး အကြောင်း မစားရ ၀ခမန်း ပြောကြသည်။

နိုင်ငံခြားအစိုးရများမှ ၄င်းတို့ကို ဘတ်ဂျက်ငွေများ ချပေးသည်။
ထိုငွေများဖြင့် မဖြစ်မနေ နယ်စပ်များသို့ (၃)ပုံ(၁)မျှ ပေးပြီး ၄င်းတို့ကြ အခန့်သား နေထိုင်ပြီး လူထုနှင့် တစ်ဘ၀တည်း မတည်ဆောက်နိုင်ကြပါ။
ထို့ကြောင့်တောထဲ၊ တောင်ထဲတွင် အမှန်တကယ် ကျန်ရစ်ခဲ့ကြသူများမှာ ပညာမတတ်သူ အများစုကျန်ရှိပြီး ပညာတတ် အချို့မှ ထိုသူများကို စီမ့ခန့်ခွဲပြီး တော်လှန်ရေး တာဝန်များ ထမ်းဆောင်ကြသူများ ရှိကြသည်။

Anonymous said...

-(ရဲဘော်ဇော်မင်းဦး)- ကျနော့်အဖေက မဆလစစ်ဗိုလ်ဗျ။ တကယ်ဆို ကျနော်ဟာ မဆလ အမျိုးနွယ်ဗျ။
၁၉၈၈ခုနှစ် တတိုင်းပြည်လုံး မဆလတပါတီအာဏာရှင်ကို သပိတ်မှောက် တဲ့အချိန်မှာ ကျနော် သပိတ်တပ်ဦး ရှေ့မှာ ပါဝင်ခဲ့တယ်။
အခုတောထဲကို ရောက်တဲ့ အထိပေါ့။
ကျနော်နဲ့ တောခိုလာတဲ့အဖော်တွေလည်း နိုင်ငံခြားကို ထွကိကုန်ပြီ။ ကျနော် တယောက်ထဲတောထဲမှာ ကျန်ခဲ့တယ်။ ကျန်ခဲ့ရခြင်း ရည်ရွယ်ချက်က ကျနော့်အဖေ ကျန်ရစ်ခဲ့တဲ့ မဆလ အမျိုးဆိုတဲ့ သမိုင်းကြွေးကို အခု တော်လှန်ရေး နယ်မြေမှာ ဒီမိုကရေစီ ရရှိတဲ့ အချိန်အထိ လက်နက်ကိုင် တော်လှန်ရေးက မစွန့်ခွာပဲ သေတဲ့အထိ ရန်သူကို တိုက်ခိုက်တော်လှန် သွားမယ်လို့ သံဓိဌာန်ချ ထားလို့ပဲ။
who can do like him?shame ur self.After drinking wiskey and fry chicken at third countries,its impossible to go back to front line.

Anonymous said...

Do not compaire with Phlipine.U Nay Win knew how to control if they announced new goverment.If they announced,they will be send to jail atonce.

Anonymous said...

it's true! totally agree! talking is juz talking, useless!

Anonymous said...

that' right. Absolutely right.

Anonymous said...

Absolutely Right!

Anonymous said...

ဘယ်သတ္တဝါဖြစ်ဖြစ် ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက် ကာကွယ်ထိန်းသိမ်းရတယ် အဲဒါ အဆင့်အတန်းခွဲခြားတဲ့ အယူအဆမဟုတ်ပါ မျိုးရိုးဗီဇဟာ အရေးကြီးပါတယ် ခေတ်ပညာတွေထဲမှာလည်း ယနေ့အချိန်ကာလအထိ လက်ခံထားရပါတယ် ရှင်းရှင်းပြောရရင် မျိုးချစ်စိတ်ဆိုတာ မျိုးစစ်မှ ရှိတာပါ (အပြောကောင်းတာလောက်နဲ့ ယုံကြည်မှု့တွေ မပျက်ပျယ်ကြပါနဲ့ မြန်မာပြည်သားစစ်စစ်တို့ ခင်ဗျား)

Always said...

အန်အယ်လ်ဒီက ဦးဆောင်နေလို့ကတော့ ဘယ်တော့မှ မြန်မာနိုင်ငံက စစ်ကျွန်ဘ၀က လွတ်မြောက်လာမှာ မဟုတ်ဘူး။ နှစ်ပေါင်း ၂၀ အတွင်းမှာ အန်အယ်လ်ဒီက ဘယ်နှစ်ခါများ လူထုတိုက်ပွဲတွေကို ပုံဖော်တိုက်ပွဲဝင်ခဲ့ဖူးတာရှိလို့လဲ။ ဟောပြောပွဲတွေလုပ်နေတာတွေက အကြမ်းမဖက်တိုက်ပွဲပါလို့ ပြောလို့ရလား။ ဟောပြောတာက ဟောပြောခြင်းပဲဖြစ်တယ်၊ တိုက်ပွဲမဟုတ်ပါဘူး။ တိုက်ပွဲမရှိရင် အောင်ပွဲမရှိပါဘူး။ အန်အယ်လ်ဒီက တိုက်ပွဲမရှိတဲ့အတွက် မြန်မာပြည်က ယနေ့အထိ အောင်ပွဲမရသေးတာဘဲ။ တိုက်ပွဲမရှိဘဲနဲ့ တွေ့ဆုံဆွေးနွေးရေးကို ပါးစပ်ကအော်နေလို့ကတော့ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး။ ၁၉၈၈ တုန်းက ကျောင်းသားတွေက ဟောပြောပွဲတွေပြုလုပ်ပြီး လူထုတိုက်ပွဲတွေနှင့်တိုက်ခဲ့လို့ အောင်ပွဲတွေရခဲ့တာကို ၈၈က ပြည်သူတွေအသိပါဘဲ။ ဘယ်အရာမှ ထိုက်တန်တဲ့ရင်းနှီးပေးဆပ်မှုမရှိရင် မရရှိနိုင်ဘူးဆိုတာကို အန်အယ်လ်ဒီက မသိချင်ယောင်ဆောင်နေတာ နှစ်ပေါင်း ၂၀ကျော်နေပြီ။ ဒီလိုသာဆက်သွားနေရင်တော့ နောင်အနာဂတ် မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေက မြန်မာနိုင်ငံကို စစ်ကျွန်ဘ၀ထဲသွတ်သွင်းတဲ့အထဲမှာ အန်အယ်လ်ဒီက အဓိကတရားခံဆိုတာဖြစ်လာမှာပါ။
လေးစားစွာဖြင့်
၈၈ ကျောင်းသား

Anonymous said...

လေတွေနဲ့ ကိုက်ကြလေသတည်း။ လေတွေနဲ့ ကိုယ့်ဂုဏ်ကိုဖော်ကြလေသတည်း။ လေတော်လှန်းရေးနဲ့
လေများတဲ့မြန်မာပြည်။ ဒါကြောင့် နာဂစ်လေမွှေသွားတယ်။ ဂီရိမုန်းတိုင်းလည်း ရခိုင်ဘက်မှာမွှေသွားတယ်။ ခင်ဗျားတို့ တော်လှန်ရေးလေတွေက အဲဒီကိုရောက်ကုန်တယ်။

Anonymous said...

by the way who asked NLD to lead? Daw Suu always said they cant do that alone. everyone must b involved. they do their part in non violence revolution. some if ur interested in violent one, just start leading. dont talk. violent or non violent the target is the Junta to release power. non violent ppl do their best and violent ppl do their best for the country. we all must be united. there should be no conflict between violent and violent. for me I will respect the leaders of either one. coz they're doing for the country. but shame on u for those just criticised non violent and NLD! if u think violent will work and if u dare to sacrifice, just start it.

Anonymous said...

တိုင်းပြည်ရဲ့ပြသနာကိုအဖြေရှာတဲ့အခါမှာ ပွင့်လင်းတဲ့သဘောရှိရမယ်။ဝေဖန်ရေးလည်းရှိရမယ်။
ဝေဖန်တာကအဆိုးမြင်အပြစ်ပြောတာတော့မဟုက်သင့်ဘူး။ကျနော်စစ်အစိုးရနဲ့ပတ်သတ်ပြီးဘာမှမဝေဖန်ချင်ဘူး။
အသိတရားမရှိတဲ့ကောင်သွားဝေဖန်ရင်ဘာအကျိုးထူးမာလည်း။
(NLD)ကကောမဝေဖန်သင့်လောက်အောင်ကိုပြီးပြည့်စုံနေပြီလား။
နစ်(20)လူထူထောက်ခံမူ့ကိုရခဲ့တဲ့ပါတီကြီးဘာကြောင့်မအောင်မြင်သေးတာလည်း။
နိုင်ငံရေးသမားတွေပြောကြတယ် လူထုထောက်ခံမူ့မရှိတဲ့နိုင်ငံရေးကိုသေနေတဲ့နိုင်ငံရေးလိုပြောတယ်။
လူထုထောက်ခံမူ့ကိုရရဲ့သားနဲ့သေနေတဲ့နိုင်ငံကိုကောဘယ်လိုပြောမလည်း။

Anonymous said...

need to change tatice from nonviolent but i m not saying to do violent.playing the music in front of the buffalo 20 years doesent work.change other way but i m not saying to beat the buffialo.
Doctor has to do doctor job.Teacher has to do teaching.farmer has to do farm.they can not do politice.But as a cttizen,they have already voted to NLD.NLD belive if they win,they can do for country but they cant.When they cant do,Oh,i can not do alone,everybody has to do it.
What does it mean?Answer me?
I m teacher.My duty is to teach the kids to be educated for country.I do my job.I can not do politice but as a citizen i voted NlD 1999 election.
NLD politicans have to do it.,

Anonymous said...

Daw Suu always said they cant do that alone. everyone must b involved.
As a ctitzen,i voted NLD 1999.I belive all ctitzens voted NLD.NLD win but when it can not do ,it said everybody must do it.I do not agree this.NLD has to do it.

Anonymous said...

Gosh they're using arms to destroy NLD. of coz they could have done better if these SPDC handed power to NLD when they won 1990 elections. but they were cheated. what to do the army has to b in the middle and should not be involved in politics. but these so called government in myanmar are using up army to maintain their power and crack down those whoever criticize them. let me tell u what. How many ppl died in 1988? was it worth to do so? NLD simply believes in non violent coz they dont want anyone to be hurt. btw if daw suu said , ok start vilent revolution or start protesting, do u think everyone will be involved? lol no way. I dont think so. The end result will be daw suu assinated or put back into house arrest. I believe in daw suu. but i dont trust burmese people. they are full of fear! she's a good leader. but there are only a few good followers. not worth it man.

Always said...

ကိုမိုးသီး
Anonymous နှင့် ရေးသားနေသူများကို ဖော်ပြခြင်းမပြုသင့်ပါဘူး။

လေးစားစွာဖြင့်
တေဇသူရ