Sunday 16 January 2011

မကောင်း ဗြဲမခေါင်းချ

မကောင်း ဗြဲမခေါင်းချ
 
 
မိတ်ဆွေများ
 
ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီးဆိုပြီး ဆွေနိုင်ဘလော့ဂ်မှာ စပါလာပြီးတဲ့နောက် ဒီမိုကရေစီ ဖက်တော်သား အချို့တွေရဲ့ ဆွေးနွေးချက်တွေ၊ အမြင်တွေကို အကဲခတ်နေခဲ့ပါတယ်။
 
ကျနော်တို့မှာ မသိဖါသာဖြစ်ဖြစ် တမင်ဖြစ်ဖြစ် စွဲသိမ်းထားတဲ့ လူမျိုးရေး၊ ဘာသာရေး အစွန်းစိတ်လေးတွေကို မှန်မှန် ကန်ကန်ဖြစ်အောင် မပြုပြင်နိုင်ဘူးဆိုရင် ၂၁ရာစုမှာ ခေတ်မှီတိုးတက် တန်းတူညီမျှ တရားမျှတတဲ့ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးဆိုတာ ကျနော်တို့အတွက် ဘုန်းကြီးနှင့် ဘီးလို ဝေးနေအုန်းမယ်လို့ ထင်ပါတယ်။
 
ဗီဒီယိုသတင်းက ၂၀၁၀ ဒီဇင်္ဘာ(၇)ရက်နေ့ ဘားအံမြို့ ဇွဲကပင်ခမ်းမမှာ တပ်မမှူး အပါအဝင် အာဏာပိုင်တွေ တက်တဲ့ ဆရာတော်အရှင် Eiddidpala ဦးစီးတဲ့ နံပါတ်(၁) စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းဆင်းပွဲပါ။ (http://swenaing.blogspot.com/2011/01/blog-post_6331.html)မှာ ကြည့်နိုင်ပါတယ်။ အဲဒီဘုန်းကြီးကို ကုလားဘုန်းကြီးလို့ ဆွေနိုင်ဘလော့ဂ်က စတင်အမည်တပ်လိုက်ပြီးနောက် မွတ်စလင်ကုလားတွေ မဟာဗျူဟာအရ ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့လုပ်နေတာ ကာကွယ်ရမယ်စသဖြင့် လူမျိုးချင်း မုန်းတီးစိတ်တွေကို နှိုးဆွပေးတာမျိုးကိုလည်း တွေ့လာရတယ်။ ကုလားဖြစ်တယ် ဆိုရင်လည်း ခြေမ မကောင်း၊ ခြေမပေါ့။ ကုလားဘုန်းကြီးတစ်ယောက် မကောင်းတာကြောင့် ကုလားတွေအားလုံးကို ရောကြိတ်လိုက်မဟေ့ဆိုတဲ့ လူမျိုးချင်း ခွဲခြားနှိမ့်ချလိုစိတ်(Racial Discriminatory Stereotyping)နှင့် မသိချင်ယောင်ဆောင် ရေးကြ၊ ဖြန့်ကြတာဆိုရင် လိပ်ပြာသန့်ကြပါရဲ့လားလို့ မေးရပါမယ်။ ကျင့်ဝတ်သိက္ခာကြီး၊ တန်ခိုးကြီး၊ သာသနာပြု ထိပ်ထိပ်ကြဲ ကုလားဆရာတော်တွေလည်း ရှိနေ ကိုးကွယ်နေကြတာဘဲ မဟုတ်လား။ ဗုဒ္ဓဘာသာသည် လူမျိုးတိုင်း လူသားတိုင်းအတွက် မဟုတ်ဘူးလား။
 
မိတ်ဆွေများ
 
ဒီနေရာမှာ မထိတထိနှင့် ဝေ့ဝိုက်မနေတော့ဘဲ၊  တည့်တည့် ဆွေးနွေးလိုက်ချင်ပါတယ်။ လူကြီးလူကောင်းစိတ်ဓါတ်နှင့် ယဉ်ကျေးစွာ(Civilised Manner)နှင့် ပြန်လှန်ဆွေးနွေးမှုတွေကို လေးစားစွာ ကြိုဆိုပါတယ်။
 
ကိုလိုနီစနစ် ဆိုးမွေကြောင့် ကျနော်တို့ အဖွါးတွေ၊ ဘေးမကြီးတွေက တိုင်းတပါးက ဝင်လာသူတွေနှင့် အိမ်ထောင်ကြပြီး ကျနော်တို့ကို မွေးလာတာ ကျနော်၊ ကျမတို့ အပြစ်လားလို့ ပထမဦးစွာ မေးချင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ကျုပ်တို့ရဲ့ ဖွားအေတွေ၊ ဘေးမကြီးတွေကို တိုင်းတပါးသားတွေနှင့် လက်ထပ်ရကောင်းလားလို့ အပြစ်တင်ချင် တင်နိုင်တယ် ဆိုအုန်းတော့ ဘာမသိ၊ ညာမသိနှင့် သူတို့ မွေးလာလို့ လူဖြစ်လာတဲ့ ကျုပ်တို့ကို ဘာပုဒ်မနှင့် အပြစ်တင်နိုင်ပါသလဲ။ ဘယ်လူ့ကျင့်ဝတ်ဆိုင်ရာ ဥပဒေ(Civilized Laws)တွေနှင့် နှိမ့်ချခွဲခြား ဆက်ဆံနိုင်ပါသလဲ။ တစ်ကယ်တော့ စောစော ကျွန်ဖြစ်တဲ့ အိန္ဒိယက ခိုင်းကောင်းအောင် ကျင့်ထားတဲ့ အိန္ဒိယတိုက်နယ်သား အလုပ်သမားတွေ၊ လယ်သမားတွေကို နောက်ကျကျွန်ဖြစ်တဲ့ မြန်မာပြည်ထဲ အလုံးအရင်းနှင့် သွင်းခဲ့တဲ့ ကိုလိုနီစနစ်ကို အဓိက တရားခံအဖြစ် မမြင်နိုင်ဘဲ ကိုလိုနီစနစ်ရဲ့ ခွဲခြားအုပ်ချုပ်ခြင်း(Divide and Rule)ကို အခုလို ၂၁ရာစုမှာ တခြိုက်မက်မက် ဖက်တွယ်ထားပြီး အချင်းချင်း ပြန်ချနေခြင်းကို သာယာနေခြင်းကလည်း မောဟတစ်မျိုးပါဘဲ။
 
ကုလားဆိုပြီး အမုန်းခံ၊ အနှိမ်ခံနေရတဲ့ မြန်မာမွတ်စလင်တွေဟာ တိုင်းရင်းသား မိတ်ဆွေများနှင့် သွေးသားတော်စပ်သူ မောင်နှမ ဝမ်းကွဲများဖြစ်တာကို ဘယ်သူများ ငြင်းနိုင်ပါသလဲ။ သွေးမစပ်ပါဘူးလို့ ငြင်းချင်သူများအနေနှင့် မိမိခန္ဓာကိုယ်က သွေးတွေကို ကုန်အောင် ဖေါက်ထုပ်လိုက်ကြဖို့ တစ်နည်းဘဲ ရှိတာကိုလည်း သိစေချင်ပါတယ်။ သူတို့တွေကို မနေ့တစ်နေ့ကမှ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများလို ဆက်ဆံသင့်ပါရဲ့လား။ ဆက်ဆံခွင့်ကော ရှိပါသလား။ မျက်စေ့ စုန်မှိတ်ငြင်းရင် ဘာမှ မမြင်နိုင်တာမို့ အကန်းနှင့် အတူတူပါဘဲ။ အမြင်ကျယ်ကြဖို့ လိုပါပြီ။
 
ကရင်ကိုလည်း ကရင်မို့နှိမ်၊ ရခိုင်၊ ချင်း၊ ရှမ်း၊ မွန်၊ ကယား၊ ကချင်ဆိုလည်း နည်းမျိုးစုံနှင့် နှိမ်၊ ဒီကြားထဲက ကိုယ့်ဆွေမျိုး သွေးသားတော်စပ်တွေကိုလည်း ကပြားဖြစ်လို့နှိမ်၊ အနှိမ်ခံရသူတွေကလည်း အနှိမ်မခံရအောင် ပြန်ချကြနှင့် လွတ်လပ်ရေးသာ ရလိုက်တယ်။ ဘယ်တုန်းကမှ တိုင်းပြည် တည်ငြိမ် တိုးတက် အေးချမ်းအောင်လုပ်ဖို့ အချိန်မရှိခဲ့ပါဘူး။ ဒီလိုပုံမျိုးနှင့်ဆိုရင် လောကပါလတရားတွေ ကြီးစိုးပြီး သမမျှတ တိုးတက်တဲ့ ပြည်ထောင်စု နိုင်ငံတော်တည်ထောင်ဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးနှင့် ဒုံရင်း ဒုံရင်း ဖြစ်နေအုန်းမှာပါ။
 
အနှစ်ငါးဆယ်ကျော် ကျုပ်တို့ အချင်းချင်းချနေတာကြောင့် တတိုင်းပြည်လုံး စုတ်ပြတ်နေပြီး တစ်ချိန်က ကိုယ့်ထက်နိမ့်ကျခဲ့တဲ့ အိမ်နီးနားချင်း နိုင်ငံဟူသမျှမှာ ကျုပ်တို့ရဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ လူညွန့်တုန်း၊ ဘဝပျက်၊ ကျွန်ခံနေရတာကို သင်ခန်းစာ မယူနိုင်သေးဘဲ၊ နအဖအလိုကျ အချင်းချင်း ချလို့ကို မဝနိုင်တဲ့ လူတစ်ချို့ ဒီမိုကရေစီအုပ်စုတွေထဲမှာ ရှင်သန်နေတာ အံ့သြစရာပေဘဲ။
 
တစ်ယောက်ခြေ တစ်ယောက်ဆွဲ၊ တစ်ယောက်လမ်း တစ်ယောက်ပိတ်နှင့် အပြုထက် အဖျက်ကများ၊ တိုင်းပြည်အရင်းအမြစ်(Recourses)တွေ အဟောသိကံအဖြစ်ခံပြီး စစ်အာဏာရှင် သက်ဆိုးရှည်ရေးနှင့် ပြည်ထောင်စု အကျိုးစီးပွါး ပျက်စီးရေးကိုဘဲ ဆက်သွားကြမလား။
 
ကိုယ့်နိုင်ငံသားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းကြားမှာ တန်းတူရေး၊ တရားမျှတရေးနှင့် လွတ်လပ်စွာပြိုင်ဆိုင်မှုကို အားပေးခြင်းဖြင့် အိမ်နီးချင်း နိုင်ငံတွေသာမက ကမ္ဘာနှင့် ယှဉ်နိုင်အောင် ကြိုးစားကြမလား။
 
 
 
အောင်တင်
ဇန္နဝါရီ ၁၅၊ ၂၀၁၀
 
 
မှတ်ချက်။            ။ မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။

17 comments :

Anonymous said...

ကောင်းလိုက်တဲ့ သုံးသပ်ချက်။ လူတစ်ဦးခြင်းစီအတွက် လိုအပ်ချက် ဖြစ်ပါတယ်။ အဆင့် အတန်းရှိရှိ တဖက်လူအပေါ် မြင်တက်ကြပါစေ။
တမာညို

Anonymous said...

မူဆလိမ်ကိုအဖေမခေါ်၇င်ဒီမိုကေ၇စီမယူနဲ.လို.ေ၇းချင်
တာလား။

Anonymous said...

မူစလင် ဘာသာကို သေချာစွာလေ့လာပါ။မူစလင်မှာ ဘုန်ကြီးမရှိဘာဘူ။ ကုလာဘုန်းကြီးပြောရအောင် ကုလာလူမျိုးဆိုတာရှိလိုလား မဲမဲချွန်ချွန် မြင်တိုင်သီမ်းမကြုံ ဘာနဲ့။

Anonymous said...

ဘုန်းကြီးပါဆိုမှ မွတ်စလင်ဖြစ်ဦးမှာလါး ဗမာဘဲပေါ့

Anonymous said...

မိုးသီးကုလားအမျိုးမျိုးရှိတယ်ဘာမှမပြောလိုပေမယ့်မွတ်ဆလငိက၇+၈+၆​-၂၁ရာစုမှာမြန်မာကမ္ဘာမှာမွတ်ဆလိင်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ကနည်းတွေနဲ့ကြိုးစားခဲ့တာမင်းသိပါတယ်ရခိုင်တွေကိုစော်ကားနေတဲ့ဘင်္ဂလီရိုဟင်ဂျာတုန်းကလည်းအောင်တင်ဖင်ယားခဲ့တာပဲမင်းကလိုလားပြီးဒီမိုလိုလိုလူ့အခွင့်ရေးလိုလိုမပြောရဲမဆိုရဲနဲ့လုပ်စားမနေနဲ့မဟုတ်ရင်မဟုတ်သလိုပြောရဲရမယ်ကိုယ်ကျိုါ်းမရှာနဲ့ဟုတ်ရင်လည်းငါတို့လက်ခံနိုင်တယ်မူဆလင်မပါရင်ဒီမိုကရေစီနဲ့မတန်သလိုလုပ်မနေနဲ့ဒီကောင်တွေနိုင်ငံသားစိတ်ဓါတ်မြန်မာတွေအပေါ်ကောင်းတဲ့စိတ်ဓါတ်ဘယ်လောက်ရှိလည်းမင်းရန်ကုန်သားပဲ

Anonymous said...

အောင်တင်ရေ

အရင် Irrawaddy website မှာမောင်ရင်ရေးတုန်းက
မိုဟာမက်အောင်တင်လို့လူတွေကင်ပွန်းတပ်တာ
မောင်ရင်ကမဟုတ်ပါဘူးငြင်းခဲ့တယ် ...

အခုတော့ ဘိုင်ကြီး အလီအောင်ဒင်ဖြစ်နေပါလားကွယ်တို့....

Unknown said...

ကုလားပြောတိုင်း မူဆလင်လို့ ထင်ရမလား မြန်မာနိုင်ငံမှာ ကုလားဆိုတာ ဘာသာပေါင်းစုံ ရှိတယ်
မူဆလင်ဘာသာကိုးကွယ်တဲ့ကုလားရှိသလို မူဆလင်ဘာသာကိုးကွယ်တဲ့ တိုင်းရင်းသားတွေလည် ရှိနေတယ်။
ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ကုလားရှိသလို
ဗုဒ္ဓဘာသာကိုးကွယ်တဲ့ တိုင်းရင်းသားတွေလည် ရှိနေတယ်၊ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ကုလား ရှိသလို ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ တိုင်းရင်းသားတွေလည်ရှိနေတယ်။
ဟိန္ဒုဘာသာကိုးကွယ်တဲ့ကုလားလည်ရှိတယ်၊
အခုပြောတဲ့ ကုလားဘုန်ကြီးဆိုတာ ဗုဒ္ဓဘာသာ ကိုးကွယ်နေတဲ့ ကုလားမို့လို ကုလားဘုန်ကြီးလိုခေါ်တာ ဆန်းသလား။ ဘုန်ကြီးအကြောင်းရေးထားတဲ့ ဘလောဂ် ထဲ့မှာ ကုလားဘုန်ကြီးဆိုတာပဲရေးထားတာ ယခင်ကဘယ်ဘာသာဝင် ဖြစ်ခဲ့လဲ ဆိုတာရေးထားခြင်းလည် မရှိဘူး ၊မူဆလင်ဆိုတာလည် တစ်လုံးမှမပါဘူး။

zayar nyo said...

"မူဆလိမ်ကိုအဖေမခေါ်၇င်ဒီမိုကေ၇စီမယူနဲ.လို.ေ၇းချင်
တာလား"ဆိုတဲ့ အထက်ကလူခင်ဗျာ
စာကိုသေချာဖတ်စေချင်ပါတယ် မူဆလင် ကိုအဖေခေါ်ဖို့ စာတစ်လုံးမှမပါဘူး။ သွယ်ဝိုက်ပြီး ရည်ညွန်းထားတာလည်းမပါပါဘူး၊ဖြူဖြူ မဲမဲ လူလူချင်းမခွဲခြားဖို့ ငါ့ဘာသာ မတူ ငါ့ရန်သူစိတ်မရှိဖို့၊ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်တွေ မရှိကြဖို့ တိုက်တွန်းထားတဲ့ စာကောင်းတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ မြတ်စွာဘုရားရှင်ဂေါတမ က ဒီလိုလူသားအချင်းချင်း နိမ့်ချ ဆက်ဆံခြင်းကို အားပေးတော်မမူပါဘူး။လူကို လူလိုမြင်တတ်ပါစေ....ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်နိုင်ပါစေ...

Anonymous said...

မှားတော့ မှားနေကြတယ်ဗျ၊ လိုရင်း ကိုပြောပြမယ်၊ တကယ်တော့ အစ္စလာမ် ဘာသာဆိုတာ က ကုလားပြည်က လာတဲ့ သာသနာ မဟုတ်ဘူးဗျ၊ အဲဒီ သာသနာ က အာရပ်နိုင်ငံ က လာတဲ့ သာသနာဖြစ်ပါတယ်၊ တကယ်တော့ ဗုဓ္ဒ သာသနာ ဆိုတာသာလျင် ကုလားပြည် က လာတဲ့ သာသနာဖြစ်ပါတယ်ခင်ဗျာ၊ ဂေါတမ ဘုရား ဆိုတာ ဗမာ လူမျိုး မဟုတ်ပါခင်ဗျား၊ ကုလားပြည် က ကုလား သာ ဖြစ်ပါတယ်ခင်ဗျား။ဗမာပြည်မှာ ရှိကြတဲ့ အစ္စလာမ် ဘာသာဝင်များ ဟာ အိန္ဒိယ နွယ်ဖွား တွေ အများအားဖြင့် ရှိနေကြတာကြောင့် မြန်မာပြည်သူ တွေ ဟာ အစ္စလာမ် ဘာသာ ဆိုတာ ကုလား သာသနာ လို့ ထင်နေသူတွေ များလို့ ရေးပြလိုက်ရခြင်းဖြစ်ပါတယ်၊ အစ္စလာမ် ဘာသာဝင်တွေ မှာတော့ ကုလား၊ တရုတ် ၊ ဗမာ ရယ်ဆိုပြီး ခွဲခြား ဆက်ဆံမှုတွေ မရှိပါခင်ဗျား၊ လူတွေ အားလုံး ဟာ ဖန်ဆင်းရှင် က ဖန်ဆင်းထားတဲ့ အရာများသာဖြစ်ကြပါတယ်၊ အချိန်တန်ရင် ဖန်ဆင်းရှင် က အသက်ကိုနှုတ်သိမ်းသွား မှာဘဲ ဖြစ်ပါတယ်ခင်ဗျာ၊

Anonymous said...

Your writing is absolutely right, Ko/U Aung Tin. Unfortunately and sadly majority of our people of any given generations with all sort of backgrounds wil have no capacity (ability) to appreciate your kind of independent thinking. (here I am not making any comment about this bogus monk and his course in the country. My comment only concerns with racial issuue highlighted by the article writer). Ko/U Tin Aung, you should not be surprised to receive all kinds of obnoxious and offensive comments that will come to your way. Such will confirm the intelligence and moral standard of our people despite many of the living and seemingly educated in the western democracies! More importantly , such racists will keep abusing Buddha Dhamma by calling themselves the buddhists. No wonder Lord Buddha says that Dhamma is to be realised/ understood by only a few who are wise. Likewise your article will not be understood by the 'big kids' amongst our people. Only a few 'grown up's will be appreciated. Still, thank you for your thoughful writing.

Anonymous said...

အ၇ပ်ကတို.၇ယ်၊ကုလားဘုန်းကြီးအစား၊မွန်ဘုန်းကြီး၊
က၇င်ဘုန်းကြီး၊၇ခိုင်ဘုန်းကြီး၊ဗမာဘုန်းကြီးလို.ခေါ်
တော်မူကြပါ။ဒီမိုကေ၇စီကြီးနဲ.ကိုင်ခြောက်နေပြီ။
ဒီမိုကေ၇စီကြီးမ၇ဘဲနေအုံးမယ်၊ကုလားဘုန်းကြီးဆို
တာ၊မူဆလင်နဲ.ပတ်သက်နေတယ်။တ၇ူတ်ဘုန်းကြီး
ဆို၇င်ကော၊ဒီမိုကေ၇စီနဲ.ကိုင်ခြောက်အုံးမလား။
အ၇ပ်ကတို.၇ယ်....ကုလားကိုကုလားဟုမခေါ်ဘဲ
တ၇ုပ်၊က၇င်၊ချင်း၊မွန်၊ဗမာ၊၇ခိုင်ဟုခေါ်ဝေါ်ပေးကြပါ။
ဗမာပြည်မှာကုလားလူမျိုးဆိုတာဘယ်တော.ကမှမ၇ှိ
ပါ။ဒါမှမဟုတ်ယင်မြန်မာပြည်ကြီးဒီမိုကေ၇စီနဲ.ဝေး၇
ပါလိမ်.မယ်။

nway2aung(UK)

Anonymous said...

ကိုအောင်တင်
ထောက်ခံပါတယ်။ ဗမာ ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ ရှက်မိပါတယ်။ မထိရောက်ပေမဲ့လည်း ကိုယ်စားတောင်းပန်ပါတယ်။

Unknown said...

ကုလားပြည်ကလာမှ ဘုရားလို့ သတ်မှတ်ရမှာလား
ဂေါတမက ကုလားပြည်က ကုလားမို့လို ဘုရားဖြစ်ရမည်
အခုဒီကုလား ဘုန်ကြီးက မြန်မာကုလားဖြစ်နေလို ဘုရားမဖြစ်နိုင်ဘူးလို ယူဆနေလို့လား ကုလားဂေါတမကို ရှင်ခိုးဦးချနိုင်ခဲ့သလို ဒီကုလားဘုန်ကြီးကိုလည် ဂေါတမရဲ့ ဆွေမျိုးအဖြစ် သတ်မှတ်ကာ ရှင်ခိုးကြည်ညိုရမည်။ ဒါမှဗုဒ္ဓဘာသာ ပီသနိုင်မှာ။

Anonymous said...

အင်း ...ငါသေ၇င်သေ..ဒါမှမဟုတ်.....ဘာသာေ၇း အဆိုးမြင်သါဒီတွေသေ၇င်သေပဲ...မခံစားနှိင်တော့ဘူး ...အအေလိုးတွေ....နေပါစေဟ ..သူဟာသူ.....သေ၇င် ဘယ်ကောင်မှန်တယ် ..သိကြမှာပါဟ.........မသေခင် ..အကုသိုလ္လ် မပွားကြပါနဲ့ဟ..............

Anonymous said...

ဪလက်စသတ်တော့ ဘရား က ကုလားဂေါတီမကိုး....................

Anonymous said...

ကိုအောင်တင်၊ကျနော်လည်းမူဆလင်ဘာသာတဦးအ
နေနဲ.အတော်ဘဲမျက်နှာငယ်ပါတယ်။ကမ္ဘာကြီးတခု
လုံးပြောင်းဆန်ပြီးမလုံခြုံဖြစ်နေ၇တာကြည်.လိုက်လေ။
ဘယ်လိုဘဲပြောပြောသွေးထွက်သံယိုမှု၇ဲ.၉၅% ကို
ကြည်.လိုက်၇င်ကျူပ်တို.ဘာသာဝင်တွေဘဲလုပ်နေကြ
တာလေ။ခင်ဗျားတို.၊ကျူပ်တို.ကိုသင်ကြားဆုံးမနေတဲ.
ကို၇န်ကိုနည်းနည်းတော.ပြုပြင်သင်.တယ်ဆိုတာ၊ခင်
ဗျားတို.၊ကျူပ်တို.အသိစိတ်ကနားလည်နေတာတော်
တော်ကြာပါပြီ။ဒါမှကျူပ်တို.တတွေလူမှု.၀န်းကျင်နဲ.
လိုက်လျှောညီထွေနေနိုင်မယ်ဆိုတာမူဆလင်တဦးအ
နေနဲ.၀န်ခံပါ၇စေ

သူ့ထက်ကဲ said...

မကောင်းကျောင်းပို့ တဲ့ဗျာ (ပို့ပေးတဲ့ သူရဲ့ ရည်ရွယ်ချက် ကအထင်သား ပေါ်နေတယ်)ဝဍ်ဆိုတာ နေ့ခြင်းပြန်လည် လောက်အောင် တိုးတက်နေတဲ့ ခောတ်ကြီးမှာ မနက်ဖန် သူ့အလှဲ့ပေါ့။ လက်ပိုက်ကြည်နေလိုက်မယ်