Sunday 16 January 2011

တူနီးရှား နောက်ဆက်တွဲ နိုင်ငံရေးအခြေအနေ


တူနီးရှား အာဏာရှင် ထွက်ပြေးစေခဲ့ရသည့် လူထုအုံကြွှမှု(ဗီဒီယို)

-WFWW-

တူနီးရှားနိုင်ငံမှာ အစိုးရအဖွဲ့ ကို ဖျက်သိမ်းပြီး နောက် သမ္မတဟောင်း ဘင်အလီ ၏ ပိုင်ဆိုင်မှု များ နှင့် ၎င်း ၏ ဆွေမျိုးသားချင်းများ ၏ လုပ်ငန်း အချို့ ကို သိမ်းဆီးလိုက်ပါသည်။ ပြင်သစ်အစိုးရ ကလည်း သမ္မတဟောင်း ဘင်အလီ နှင့် သူ့ ဆွေမျိုးမိသားစုတွေရဲ့ ပိုင်ဆိုင်ဆိုင်မှုတွေ၊ ဘဏ် အကောင့်တွေ ထုတ်ယူလို့မရအောင် ကို ထိမ်းချုပ်လိုက်ပြီး၊ ဘင်အလီ ရဲ့ မိသားစုဝင်တွေကို လည်း ပြင်သစ်နိုင်ငံက အမြန်ဆုံးထွက်ခွာဖို့ ပြင်သစ်အစိုးရ က ပြောဆိုသွားခဲ့တယ်။

ထွက်ပြေးသည့် သမ္မတ ဘင်အလီ စီးနင်းလိုက် ပါလာ သည့် လေယာဉ် မော်(လ)တာ နိုင်ငံတွင် ဆီဖြည့်ရန် ရပ်နားသည် ကို မော်(လ)တာ အစိုးရ က လက်မခံ ခဲ့ကြောင်းလည်းသိရှိရပါသည်။ သမ္မတဟောင်း ဘင်အလီ ကို ထောက်ခံခဲ့တဲ့ လစ်ဗျားခေါင်းဆောင် အာဏာရှင်ကြီး ကဒါဗီ ကတော့ ဒီမိုကရေစီရေးတောင်းဆိုခဲ့ကြတဲ့ တူနီးရှားပြည်သူတွေကို ပြစ်တင်ရှုံ့ချခဲ့တယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မှာ အာဏာရှင် မူဘာရက် နုတ်ထွက်ဖို့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကြောင်း လည်းသိရှိရပါသည်။ အရှေ့အလယ်ပိုင်း နိုင်ငံများရှိ အာဏာရှင် အစိုးရများကလည်း တူနီးရှား နိုင်ငံရေးပြောင်းလဲမှုအပေါ် စိုးရိမ်စွာဖြင့် လေ့လာစောင့်ကြည့်နေကြပါသည်။

တူနီးရှား ကြားဖြတ်အစိုးရ က အင်တာနက်လိုင်းများဖြတ်တောက်ထားမှုကို ရပ်ဆိုင်းလိုက်တာကြောင့် အင်တာနက် ဆက်သွယ်ရေး လွပ်လပ်မှု ပိုမို ရှိလာခဲ့ပါပြီ။

တူနီးရှား ကြားဖြတ်အစိုးရက ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တူနီးရှားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်ပြန်ကြေညာသွားပါသည်။

No comments :