Friday 14 January 2011

နအဖ နဲ့ ဘီဂျီအက်ဖ် တပ်ဖွဲ့က စီးနင်းလိုက်ပါလာတဲ့ကား အတိုက်ခိုက်ခံရ

ကုန်သည်ကားကို အသုံးပြုပြီး နအဖ နဲ့ နယ်ခြားစောင့်တပ်တွေ စီးနင်းလိုက်ပါလာတဲ့ ကားတန်းကို ဒီကနေ့မနက် ၈ နာရီလောက်က မြဝတီမြို့နယ် သင်္ဃန်းညီနောင်နားမှာ ဒီကေဘီအေအဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။

နယ်ခြားစောင့်တပ်သား ၆ ယောက် နဲ့ နအဖ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒီကေဘီအေမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်မှ ခုလိုပြောပါတယ်။

“ဟုတ်တယ် ကျနော်တို့ တပ်ဖွဲ့တွေ တိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်။ ဒီကားက အရပ်သားကားဖြစ်ပေမယ့် နအဖ တပ်တွေ နဲ့ နယ်ခြားစောင့်တပ်တွေက အသုံးပြုနေတာဖြစ်တယ်။ ကျနော်တို့ နယ်မြေတွေကိုလည်း ဒီကားတွေ အသုံးပြုပြီး တော့ ဖလူးစစ်မြေပြင်ကို ထိုးစစ်ဆင်နေတာဖြစ်တယ်။ နအဖ ဟာ အရပ်သားတွေကိုအသုံးချပြီ ကာကာလုပ်လာတာဖြစ်တယ်။ ကျနော်တို့ဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်မထားပါဘူး နအဖ က အရပ်သားတွေကို ကာဘာယူတက်လာတဲ့ အတွက် မဖြစ်မနေ လုပ်ရတာဖြစ်တယ်”

အခုရက်ပိုင်းတွေမှာ နအဖတပ်တွေဟာ ဝေါ်လေ ဖလူး ဒေသတွေကို လက်နက်ကြီးတွေနဲ့ မကြာမကြာလှမ်းပစ်နေပြီး နအဖ ဘက်က ထိခိုက်ကျဆုံးမှုတွေများနေတယ်လို့ သိရှိရပါတယ်။

2 comments :

Anonymous said...

ဒီကေဘီအေရဲ့အရေးကြီးတဲ့ စခန်း နှစ်ခုကို တပ်မတော်က သိမ်းပိုက်လိုက်တာတွေကိုလည်း ရေးပါအုံး။ ဒီကေဘီအေ က ဘယ်လိုတိုက်လိုက်ကြောင်း ဘယ်လိုနိုင်လိုက်ကြောင်းဆိုတဲ့ ကောင်းကြောင်းတွေပဲရေးနေတော့မှာလား။

လွတ်လပ်တဲ့သတင်းမီဒီယာ ပြည်သူဘက်ရပ်တည် အမှန်တရားဘက်ရပ်တည်တဲ့သတင်းမီဒီယာဆိုတာ အကောင်းရော အဆိုးရော အမှန်တိုင်းရေးရပါတယ်။
အခုတော့ အဲလိုမဟုတ်ပဲ ကိုယ်မကြိုက်ရင်မတင်ဘူး ကိုယ့်အာဘော်အကြိုက်ပဲတင်နေတယ်။ဘယ်မှာလဲ ဒီမိုကရေစီ ဘယ်မှာလဲ လွတ်လပ်တဲ့မီဒီယာ????

ပြည်တွင်းကို သွားဝေဖန်မနေနဲ့အုံး ကိုယ်တိုင်ရော ကျင့်သုံးလိုက်နာနေပြီလားဆိုတာကိုပဲ ပြန်စမ်းစစ်ကြည်။

Anonymous said...

ဒါ အဖြူရောင် သန့်သန့်လေး မီးဒီယာ လုပ်နေတာမဟုတ်ဘူး။ စစ်အုပ်စုကို တိုက်ဖို့အတွက် ဝါဒ ဖြန့်ချိရေး လုပ်နေတာ ရှင်းပြီလား။