Friday 14 January 2011

ဖလူးစစ်ဒေသမှာ ၈၁ မမ တလက်နဲ့ နအဖ စစ်သား ၄ ယောက် ဒီကေဘီအေထံ လာရောက်ပူးပေါင်းကြောင်း ကြားသိရ

ဖလူးစစ်ဒေသ နအဖ စကခ ၁၂ လက်အောက်ခံတပ်တွေထဲမှ ၈၁ မမ လက်နက်ကြီးတလက် အပါအဝင် ရဲဘော် လေးယောက်က ဒီကေဘီအေ ဗိုလ်ကျော်သက်ထံ လာရောက်လက်နက်ချပူပေါင်းကြောင်း သိရှိရပါတယ်။

ဒီရက်ပိုင်းအတွင်း ဖလူးနဲ့ ဝေါ်လေ စစ်ဒေသတွေမှာ နအဖ တပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ သူတို့တပ်အချင်းချင်း ပြန်လည်ကျရောက်ပေါက်ကွဲမှုတွေ ရှိနေပြီး လက်နက်ကြီးတပ်ရင်းနဲ့ စကားများတာတွေ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

နအဖ တပ်တွေရဲ့ အဓမ္မအင်အားစုစည်းမှုတွေကြောင့် တပ်သားဖြစ်ခဲ့ရပြီး ရှေ့တန်းကိုအပို့ခံတဲ့ ကလေးစစ်သားတွေအပါအဝင် တပ်သားတွေဟာ မကြာခဏ ထွက်ပြေးပြီး ဒီကေဘီအေနဲ့ လာရောက်ပူးပေါင်းနေတယ်လို့လည်း ကြားသိရပါတယ်

3 comments :

layaung said...

great news, but bear in your mind that they could be spies or assassins. I worried for the leaders of DKBA, ABSDF and KNU. Otherwise always welcome to all the soldiers who want to shoot off from their ``THAN SHWE'S DOG ARMY''.

Anonymous said...

ဒီကေဘီအေ စခန်းနှစ်ခုတောင် ကျသွားပြီ...ခင်ဗျားဘလော့မှာလည်း အမြဲတမ်း နအဖဘက်က ကျဆုံးတာပဲ ဇတ်လမ်းထွင်နေသလား မှတ်ရတယ်...ဟိုမှာ စခန်းနှစ်ခုတောင်ကျသွားပြီ..ခင်ဗျားဆီမှာဆို နအဖ နလန်ကို မထူဘူး သောက်သောက်လဲကို သေနေတော့တာပဲ တပ်မတော်သားတွေလည်း သောက်သောက်လဲကိုထွက်ပြေးနေတာ...။