Saturday, 22 January 2011
ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများပြန်လည်လွတ်မြောက်
-WFWW-
ဆိုမားလီးပင်လယ်ဓားပြများ ပြန်ပေးဆွဲထားတဲ့ ဓာတုဗေဒကုန်တင်သင်္ဘော Samho Jewelry ကိုတောင်ကိုရီးယား အထူးကွန်မန်ဒိုအင်အား ၃၀၀ လိုက်ပါလာတဲ့ တောင်ကိုးရီးယားရေတပ်ရဲ့ ဖျက်သင်္ဘော Choi Young က စီးနင်းတိုက်ခိုက် သုတ်သင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး လီဆမ်ဟိုက သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုခဲ့ပါသည်။
ဒီ လျှို့ဝှက် ချေမှုန်းသုတ်သင်ရေး စစ်ဆင်ရေးကို အယ်ထ်ဒန်ပင်လယ်ကွေ့ အာရုဏ်ဦး လို့ အမည်ပေးခဲ့ပြီး၊ ဆိုမားလီးပင်လယ်ကွေ့မှာ စောင့်ကြည့် ကင်းလှည့်နေကြတဲ့ အခြားနိုင်ငံများရဲ့ ရေတပ်အကူအညီဖြင့် ပြန်ပေးဆွဲခံ သင်္ဘောနှင့် သင်္ဘောသားများအား အောင်မြင်စွာ ကယ်တင်နိုင်င်ခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး လီဆမ်ဟိုက ထုတ်ဖော်ပြောဆို ခဲ့ပါသည်။
တောင်ကိုးရီးယားရေတပ် အထူးကွန်မန်ဒိုတပ်ဖွဲ့ ရဲ့ ၅နာရီကြာ စစ်ဆင်ရေးမှာ သင်္ဘောရဲ့ ရေယာဉ်မှူး ၀မ်းဗိုက်မှာ ဒဏ်ရာရခဲ့ပြီး၊ ဆိုမားလီယား ပင်လယ် ဓားပြရှစ်ဦး သေကာ၊ ငါးဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း Yonhap news agency က သတင်းမှာဖော်ပြထား ပါတယ်။
တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်က တောင်ကိုးရီးယား နိုင်ငံသားတွေကို အခုလို အကြမ်းဘက်တိုက်ခိုက်မှုမျိုးကို ဘယ်တော့မှ သည်းညည်းမခံဘူးလို့ ပြောဆိုခဲ့ပြီး ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့သူအားလုံးကို ချီးကျူးပြောဆိုခဲ့တယ်။
ပြန်ပေးဆွဲခံထားခဲ့ရတဲ့ Samho Jewelry သင်္ဘောပေါ်မှာ တောင်ကိုရီးယား သင်္ဘောသား ၈ ယောက်၊ အင်ဒိုနီးရှား ၂ ယောက် နှင့် မြန်မာ သင်္ဘောသား ၁၁ ယောက် ပါရှိပြီး၊ သူတို့အားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။
at 01:40
Subscribe to:
Post Comments
(
Atom
)
4 comments :
too bad, now the pirate will very agreesive and start killing hostage in future.
south korean commando cant protect all ship every time.
တောင်ကိုရီးယား အစိုးရကတော်တော် အလုပ်ရှုပ်ခံတာပဲ သူ့ နိုင်ငံသားလေး(၈)ယောက်ထဲပါတာကိုများ။ တို့ မြန်မာအစိုးရလို နေတာမဟုတ်ဘူး။ မြန်မာနိုင်ငံသားရာနဲ့ ချီပြီးပါလည်း ဂရုစိုက်မှာမဟုတ်ဘူး။ တော်တော်အသုံးမကျတဲ့  တောင်ကိုရီးယား အစိုးရ။
ကောင်းပါတယ်။ဒီဆိုမာလီဓားပြတွေက ပင်လယ်ကူးသဘောင်္တွေကို ပြန်ပေးဆွဲပြီး ဒုက္ခပေးနေတာကြာပြီ။အခုလိုထိထိရောက်ရောက် လုပ်ဆောင်လိုက်တော့ ဒီကောင်တွေလည်း နည်းနည်းတော့မှတ်သွားမှာပေါ့။
တောင်ကိုရီးယားက သွယ်ဝိုက်စွာနဲ့ မြောက်ကိုရီးယားကို သတိပေးတယ်လို့ ထင်ပါတယ်။
Post a Comment