ကျောင်းအမည် - အ.ထ.က(၁) ဗဟန်း
ကျောင်းအုပ် - ဒေါက်တာ ဒေါ်နွယ်နီလွင်
ပညာရေးမှူး - ဒေါ်မြင့်မြင့်ကြည်
မြို့ - ရန်ကုန်မြို့
အထက်ပါကျောင်းမှ ချမှတ်လိုက်သော လုပ်ရပ်များသည် လူမဆန်လွန်းသည် ထင်သည်။ဒဿမတန်း( တက္ကသိုလ်ဝင်တန်း ) တွင် အစိုးရထံ ဖြေဆိုခွင့်တင်ပြီးသားကျောင်းသား/ကျောင်းသူ အချို့ကို ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်း၊ ၇၅ရာခိုင်နှုန်းမပြည့်မှီခြင်း မဟုတ်ပါဘဲ လျက် ကျောင်းလပတ်စာမေးပွဲတွင်မဖြေဆိုနိုင်ရုံမျှဖြင့် တစ်ခုတည်းကို အကြောင်းပြကာ အစိုးရစာမေးပွဲ
ဖြေဆိုခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ကျောင်းသားမိဘများထံ လက်မှတ်ထိုးစေပြီး အချို့ကျောင်းသားများကို တစ်နှစ်ရပ်နားပါရန် တောင်းဆိုသည်ဟုဆိုသည်။ ယင်းအတွက် မကျေလည်ကြသော မိဘ၊ အုပ်ထိန်းသူများက တောင်းဆို၍ယင်းအချို့ ကျောင်းသားများ ကိုသာ လက်ကြိတ်ထိုး ပြန်လက်ခံနေပြီး အချို့ကိုပိတ်ပင်ထားမြဲ ဖြစ်သည်ဟု ကြားသိရပါသည်။ယင်းသို့ ထုတ်ပယ်ထားခြင်းခံရသော ကျောင်းသား ကျောင်းသူများအနက် စာရင်းကောက်ယူရရှိသော အမည်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
၁။ မောင်မျိုးဇော်
၂။ မောင်အောင်ကျော်ဝင်း
၃။ မောင်ချစ်ဟိန်းထွဋ်
၎။ မောင်အာကာဖြိုး
၅။ မောင်ဇော်ဝင်းထွဋ်
၆။ မောင်ဟိန်းမင်းဝင်း
၇။ မောင်ဟိန်းမင်းလင်း
၈။ မောင်ရဲလင်းထက်
၉။ မောင်သူရသိန်းဇော်
၁၀။မောင်ဥာဏ်ဝင်းထွဋ်
၁၁။မနီနီလှိုင်
၁၂။မအိမ့်မြင့်ချယ်
၁၃။မချိုချိုမြင့်
၁၄။မဖြူနှင်းဝေ
၁၅။မနှင်းနန္ဒာထွန်း
ယင်းကောက်ယူရရှိသည့် တစ်ဆယ့်ငါးဦးအနက်၊ မောင်မျိုးဇော်၏ ကျောင်းဝင်အမှတ်မှာ -၃၁၀/၀၉ ဖြစ်ပြီး အဆိုပါကျောင်း၏ ဒဿမတန်း ( ဃ ) တွင်ပညာသင်ကြားနေသူဖြစ်သည်။ အတန်းပိုင် ဆရာမ အမည်- ဒေါ်ဝင်းမာ ဖြစ်သည်။ကျောင်းသား၏ မိဘအုပ်ထိန်းသူများမှာ - အဖ ဦးဌေး နှင့် အမိ ဒေါ်နွယ်ဖြစ်ပြီး ၊ မွေးသက္ကရာဇ် - ၁၃.၁.၁၉၉၄ ဖြစ်သည်။ ပြီးခဲ့သည့်လပတ်ကျောင်းစာမေးပွဲတွင် ဖြေဆိုရရှိသော

အမှတ်မှာ
မြန်မာစာ - ၃၂ မှတ်။
အင်္ဂလိပ်စာ- ၁၈ မှတ်
မြန်မာစာ - ၃၂ မှတ်။
အင်္ဂလိပ်စာ- ၁၈ မှတ်
သင်္ချာ - ၁၅ မှတ်။
ဓာတုဗေဒ - ၁၆ မှတ်။
ရူပဗေဒ - ၂ မှတ်။
ဘောဂဗေဒ - ၃၉ မှတ်။ တို့ ဖြစ်ကြပါသည်။
ကျောင်းစည်းကမ်းစည်းမျဉ်းလည်းဖောက်ဖျက်ထားခြင်းမရှိသော၊ ပညာရေးဌာနမှ ချမှတ်ထားသောစည်းမျဉ်းတစ်ခုဖြစ်သည့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းလည်း ပြည့်မှီသောကျောင်းသူကျောင်းသားများကို "လပတ်စာမေးပွဲတို့တွင်မဖြေဆိုနိုင်သောကြောင့် အစိုးရတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ဖြေဆိုနိုင်စွမ်း မရှိ" ဟူ၍ ဥပဒေမဲ့ အကြောင်းပြ ထုတ်ပယ်သည့် ယင်းကျောင်း၏လုပ်ရပ် မှန်ကန်မှု ရှိမရှိကို စာဖတ်သူတို့ တွေးယူဆင်ခြင်နိုင်ကြစေရန်နှင့်
အပြစ်မဲ့ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားများ၏ အနာဂတ်မှာ ယင်းစီမံချက်ဖြင့်ပင်တစ်နှစ်ဟူ၍ အကြောင်းမဲ့ အညွန့်ကျိုးသွားကြရမည်လော။ ကျောင်းသားများ၏ကြိုးပမ်းခွင့်ကို မမြှင့်တင်ဘဲ နှိမ်ချသမှု ပြုကြသည့် ယင်းကျောင်းမှ ဆရာ၊ဆရာမများသည် "ကျောင်းဆရာ၊ ကျောင်းဆရာမ" ဟူသော အမည်ပင် ခံယူထိုက်သလော ။ယင်းသို့သော ကျောင်းမျိုးကို ယခုတင် သွားရောက်စုံစမ်းနိုင်သည့် အလျောက်သိရှိကြပြီးပါက ဤသို့ပင် လျစ်လျူရှုထားကြမည်လော ဆိုသည်ကိုမြန်မာပြည်သူပြည်သားများ၏ ပညာရေးကဏ္ဍအတွက် တစ်ထောင့်တစ်နေရာမှ တွေးဆကြပါစေရန် တင်ပြအပ်ပါသည်။

++++
ကျောင်သားတွေ ကျောင်းသားတွေ၊ ကျောင်းသားတွေ မင်ဒို့  ခေတ်ကို ငါဒို့ ရင်နာတယ်ဟေ့ ။
မင်းဒို့ ဒူးထောက်နေသမျှ ဒီလိုဖြစ်ရပ်တွေကိုရင်ဆိုင်နေရမှာပဲ။
11 comments :
ကျောင်းသားတွေကို အဲလိုတော့ မပြောနဲ့ လေဗျာ။ ဦးနေ၀င်းခေတ်က ဆန္ဒပြတဲ့ သူတွေကို သေနတ်နဲ့ ပစ် သတ်တာ အခုလောက်မကြမ်းသေးဘူးဗျ။ ပြောမယ်ဆိုရင် ဦးနေ၀င်းကမှလူလိုနားလည်သေးတယ်။ အခုခေတ်က ဘုန်းကြီးတွေကိုတောင် သေနတ်နဲ့ ပစ်သတ်နေတာ။ ကျောင်းသားတွေ ပြည်သူလူထုတွေလောက်ကတော့ စကားထဲတောင်ထည့်ပြောမှာမဟုတ်ဘူး။
ကျောင်းသားတွေညီရင်ရတယ်လေ။ ညီရင်ရတယ်။ ညီရမယ်။
ခပ်ညံ့ညံ့ ဆရာ..ဆရာမ တွေသင်မှတော့ ခပ်ညံ့ညံ့ တပည့် တွေပဲ ဖြစ်လာမှာပေါ့..ကိုယ့်ကိုကိုယ် မသိဘဲလုပ်ချလိုက်တော့ အားလုံးသိကုန်ရော....ကျောင်းအုပ်က ဒေါက်တာ..ဟုတ်လား..ဒီလိုတပည့်တွေညံ့ပုံထောက်တော့..ကခ ရေးတတ်ရုံ ဒေါက်တာပဲဖြစ်မယ်
A Kind of such a student also should suicide himself. Shame, Shame on you. Don't blame others.
A Kind of such a student also should suicide himself. Shame, Shame on you. Don't blame others.
Burmese 32
English 18
Math 15
Chemistry 16
Phyics 2
Eco 39
Average = 20.3 out of 100 or Grade D
This is one of the great success for Myanmar Ministry of Education under the leadership of Dr Chan Nyein. This student cannot qualify for any jobs including janitorial job except the position of Burmese high ranking Military General. This is the reason Military regime is easy to govern the country for more than 40 years. What's the great achievements for current Military regime?
ခင်ဗျားတို့ပြောတော့လည်း ခင်ဗျားတို့စကားပေါ့ဗျာ...နို့နံ့တောင် မစင်သေးတဲ့ကျောင်းသားတွေဘ၀ကို မြှောက်ပေးနေပြန်ပြီ...ဆန္ဒပြမှု့တွေ ဖြစ်လာရင်ပြည်တွင်းက ခင်ဗျားတို့လုပ်စားအဖွဲ့တွေလည်း ပါပါစေ ဒါ့အပြင် ခင်ဗျားတို့စောက်မျိုးတွေလည်း ပါပါစေ ဟုတ်ပြိလား....။
I also observe the situation in Yangon. The reality is, not prohibiting the student from trying the examination, but they would be considered as external student (not from the list of the student from the school). The purposes is to maitain the higher percentage of the successful student from the school at the exam.
On the other hand, with this level of effort or attendtion on the education (fail on all subjects and some are just above 0) by that student, it is better not let them try the exam. They are seem not interested in the education. Regardless of the Government, all the student should try their best in their education.
Now student in Myanmar are no need to know,end of the exam, they can buy all (even D),not same as last time (our time), you know right, what is our country student level in neighbor country? even Phd holder also general worker..So who make this situation? Doctor from Myanmar can't get the Job, So every body have responsibility to change that rule.
တန်းလုံကျွတ် (သို့) ကျောင်းသား အများစု စာမေးပွဲ ကျနေလျှင်တော့ ဆရာမ တာဝန်၊ ကျောင်းလုံးကျွတ် ဖြစ်နေလျှင် ကျောင်းအုပ်တာဝန်၊ တစ်ခုခု လုပ်ရမှာပေါ့။
ဒါမှမဟုတ်ပဲ ကျန်တဲ့ အတန်းသားတွေ အောင်ပီး တစ်ယောက် နှစ်ယောက်ပဲ ဒီလို ဖြစ်နေလျှင်တော့ သူတို့ ကိုယ်၌က ညံလို့၊ မကြိုးစားလို့ပါ။ ဘာမှဆန္ဒပြစရာ မလိုဘူး၊ သေသေချာချာ ကျောင်းစာ မလုပ်တဲကောင်တွေ ကျောင်းထုပ်ခံရတာ ခုခေတ်မှမဟုတ်ဘူး။ မြန်မာမှာ မှ မဟုတ်ဘူး။ ခုလို အရေးယူတဲ့ ဆရာတွေကို ထောက်ခံတယ်။
မလိုလား အပ်တဲ့ လှုံဆော်မှု လို့ ထင်ပါတယ်။
စာမလုပ်တဲ့ ကျောင်းသား အရေးယူတာ နိုင်ငံရေး မဟုတ်ပါဘူး၊ အမျိုးသားရေးပါ။ ဒီလို ကျောင်းသူ-ကျောင်းသား မျိုးတွေ လက်ထဲကို မြန်မာနိုင်ငံတော်ကြီး ရောက်သွားလျှင် ဘာဖြစ်မလဲဆိုတာ မှန်းကြည့် လို့ရပါတယ်။
အရွယ်ရောက်တဲ့ အတိုင်အခံတွေတောင် မညီတာ၊ ကျောင်းသားတွေ ကို ဘာလို့ ညီခိုင်းနေတာ လည်း။ ကိုယ်တိုင် လုပ်ပါ၊ ကလေးတွေကို မြှောက်မပေးပါနှင့်။
Post a Comment