Tuesday, 25 January 2011

တျူးနစ် အာဏာရှင်ဆန့်ကျင်ရေး ကိုင်ရို ကူးစက်


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာဏာရှင် ဆန့်ကျင်ရေး လူထုဆန့်ကျင်ဆန္ဒပြပွဲ

-WFWW-

တူနီရှားနိုင်ငံရဲ့ နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများကြောင့် ပြီးခဲ့တဲ့ စနေနှင့် တနင်္ဂနွေနေ့တွင် ယီမင်နိုင်ငံ ဆန်နာ တက္ကသိုလ်မှ ရာပေါင်းများစွာသော ကျောင်းသားများက တူနီရှား တော်လှန်ရေးကို အားကျပြီ သမ္မတ အလီ အဒူလာဆလတ် ပြုတ်ကျဖို့ တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဒီနေ့မှာတော့ အီဂျစ်ပြည်သူ ထောင်သောင်းများစွာ လမ်းမပေါ်ထွက်လာပြီး အီဂျစ်သမ္မတ မူဘာရက် အာဏာရှင်အစိုးရ ပြုတ်ကျဖို့ တောင်းဆို ဆန့်ကျင်ဆန္ဒပြနေကြပါပြီ။ ပြီးခဲ့တဲ့ လ က အီဂျစ် နိုင်ငံသားတချို့ ဟာ ကိုယ့်ကိုကိုယ် မီးရှို့ ဆန္ဒပြမှုများရှိခဲ့ပြီး၊ ဒီဆန္ဒပြမှုများဟာ ဒေသတွင်း အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို ပြန့်နှံ့ကူးစက်စေခဲ့ကြောင်း သတင်းများမှာဖော်ပြထားပါသည်။

ဆန္ဒပြသူများက ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေမှု၊ အာဏာအလွှဲသုံးစားလုပ်ကာ အာဏာရအစိုးရအတွင်း ကိုယ်ကျိုးစီးပွားရှာနေမှု၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားနေမှု၊ အလုပ်သမား လစာနည်းပါးခြင်း နှင့် မှားယွင်းသော စီးပွားရေးမူဝါဒများကြောင့် သမ္မတ မူဘာရက်ကို နုတ်ထွက်ပေးဖို့ နှင့် အစိုးရဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြခဲ့ ကြကြောင်း သိရှိရပါသည်။

No comments :