Tuesday 25 January 2011

ယီမင် တက္ကသိုလ်ကျောင်းသားများ ‘စံပယ်ဖူး တော်လှန်ရေး’ ကိုအားကျ ဆန္ဒပြ

 

Monday, 24 January 2011 01:42 မောက္ခ နိုင်ငံတကာသတင်း

ပြီးခဲ့တဲ့ စနေနှင့် တနင်္ဂနွေနေ့တွင် ယီမင်နိုင်ငံ ဆန်နာ တက္ကသိုလ်မှ ရာပေါင်းများစွာသော ကျောင်းသားများက တူနီရှား တော်လှန်ရေးကို အားကျပြီ သမ္မတ အလီ အဒူလာဆလတ် ပြုတ်ကျဖို့ တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဆော်ဒီအာရေဘီယားနှင့် နယ်နမိတ်ဆက်စပ်နေတဲ့ ယီမင်နိုင်ငံရှိ မြို့တော် ဆန်နာမှ ကျောင်းသားများက လတ်တလော ဖြစ်ပွားခဲ့တဲ့ တူနီရှားနိုင်ငံရဲ့ သမ္မတမောင်းထုတ်တဲ့ ‘စံပယ်ဖူးတော်လှန်ရေး’ ကို အားကျပြီး သမ္မတဆလတ် နှုတ်ထွက်ဖို့ ခေါင်းစည်းစာတမ်းများ ကိုင်ဆောင် တောင်းဆိုခဲ့ကြသည်။ သို့သော် လုံခြုံရေး ၁၅၀၀ ကျော် တင်းတင်းကျပ်ကျပ် ချထားသောကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။
လက်ရှိ တူနီရှားနိုင်ငံရဲ့ နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများကြောင့် အိမ်နီးချင်း အယ်လ်ဂျီရီးယား၊ အီဂျစ်၊ ယီမင်စတဲ့ အာရပ်ကမ္ဘာ နိုင်ငံများတွင် လှုပ်လှုပ်ရွရွများ ဖြစ်နေသည်။ ယီမင် ကျောင်းသားများ သယ်ဆောင်လာတဲ့  ကြွေးကြော်သံ ခေါင်းစည်းတစ်ခုတွင် “အစိုးရက ယီမင်ကို ဆိုမာလီယာ ပုံစံ တိုင်းပြည်ပျက်အောင် လုပ်ထားရင်၊ လူထုက ယီမင်ကို တူနီရှားလို သမ္မတပြေးအောင် လုပ်ပစ်မယ်” ဟု ရေးထားသည်။

နောက်ထပ် ဆိုင်းဘုတ် ခေါင်းစည်းတစ်ခုတွင် ‘မင်္ဂလာရှိသော တူနီရှား စံပယ်ဖူးတော်လှန်ရေး၊ အားလုံး နိုးကြားကြလော့’ ဟု ရေးထားသည်။ ဆန်နာ တက္ကသိုလ်ထဲတွင်ပင် အခြား အစိုးရ ဒလန် ကျောင်းသားအုပ်စုကလည်း သမ္မတ ဆလတ် ရုပ်ပုံများဖြင့် ထောက်ခံပွဲ ပြုလုပ်ခဲ့သည်။

ပြီးခဲ့တဲ့နှစ် ယီမင်ပါလီမန်တွင် အတိုက်အခံအမတ်များက တိုင်းပြည်ရဲ့ သမ္မတ သက်တမ်းကို ကန့်သတ်ဖို့ အခြေံခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အခြေအတင် ဆွေးနွေးခဲ့ကြသည်။ သမ္မတ ဆလတ်က သူ့ကိုယ်သူ သမ္မတအဖြစ် နောက်တစ်ကြိမ် ခန့်အပ်ဖို့ ကြိုးစားနေသည်။

CNN

No comments :