Wednesday 2 February 2011

အီဂျစ်ပြည်သူများ မျှော်လင့်ချက်ပန်းတိုင် အရောက်သွားရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

အီဂျစ်ပြည်သူများ မျှော်လင့်ချက်ပန်းတိုင် အရောက်သွားရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
2011-02-02
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံက အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုနဲ့ ပတ်သက်လို့ လွတ်မြောက်ရေးကို လိုလားသူအားလုံး အီဂျစ်ပြည်သူတွေဘက်က ရပ်တည်နေပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

BBC သတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း အစီအစဉ် ဆက်သွယ် မေးမြန်းခန်းမှာ အီဂျစ်နိုင်ငံက လူထုအုံကြွမှုဟာ သူ့အတွက် တော်တော့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေ ဖြစ်တယ် ၊ အီဂျစ်ပြည်သူတွေအနေနဲ့ ခေါင်းအေးအေးနဲ့ ဆက်လက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

သောတရှင်တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံမှာ ဖြစ်ပျက် နေတာမျိုးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် အကောင်းဆုံး နည်းလမ်းလို့တော့ မပြောနိုင်ကြောင်း၊ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ နည်းလမ်းတခုသာ ဖြစ် ကြောင်း ၊ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ရွေးချယ်စရာ နည်းလမ်းတွေ မကုန်ဆုံးသေးတဲ့အတွက် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

လွတ်လပ်မှုကို လိုလားတဲ့ ကမ္ဘာ့ပြည်သူအားလုံး၊ ဒါမှမဟုတ် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူအားလုံးက အီဂျစ်နိုင်ငံက တိုက်ပွဲဝင် လူထုဘက်ကနေ ရပ်တည်နေကြောင်း၊ ပြည်သူတွေအနေနဲ့ အာဏာရှင်အစိုးရတွေအပေါ် နှစ်ကာလ ကြာမြင့်လာရင် စိတ်ကုန်ခမ်းလာတာ ဓမ္မတာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

4 comments :

Anonymous said...

ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ “အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။
She said Every must involve politics.
What kind of politice we have do?Go to jungle or protest infront of townhall and jail for 40 years?Give us order.U r leader.We vote ur party but afraid to annouced legal goverment.then said ,be brave,everybody must do politics.What does it means?

Anonymous said...

I agree that comment.Rightnow,America eco is not going up.If someone ask President Obarma about this,he say... How about u?What u do for country?Thats nonsence.Should he ask this question?people vote him as leader.He has to do it.
We voted NLD but afraid to announced legal goverment.Then,ask the public ...What u do for country? ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ်
Teacher has to do teaching job to be educated the kids for the country but as citizen ,he voted NLD for country.thats the politice.

Anonymous said...

.Rightnow,America eco is not going up.If someone ask President Obarma about this,he say... How about u?What u do for country?Thats nonsence.Should he ask this question?people vote him as leader.He has to do it.
We voted NLD but afraid to announced legal goverment.Then,ask the public ...What u do for country? ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ်
Teacher has to do teaching job to be educated the kids for the country but as citizen ,he voted NLD for country.thats the politice.

Anonymous said...

ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ “အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။
She said Everybody must involve politics.
What kind of politice we have do?Go to jungle or protest infront of townhall and jail for 40 years?Give us order.U r leader.We vote ur party but afraid to annouced legal goverment.then said ,be brave,everybody must do politics,what u also do for country?What does it means? ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ .Tell the leader speech.