Thursday 3 February 2011

အီဂျစ် ကြံ့ဖွံ့၊ စွမ်းအားရှင်များ၏ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် အီဂျစ်နိုင်ငံရေး ပိုမိုရှုပ်ထွေးလာ






"အာဏာရှင် များ၏ အာဏာ ထိမ်းချုပ်ရေး A Plan ၊ B Plan ၊ C Plan"
ဓာတ်ပုံ- အေပီ နှင့် နယူးယောက်တိုင်းမ်စ်
-WFWW-

အီဂျစ် အာဏာရှင်များ ကြောထောက်နောက်ခံပြုထားတဲ့ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ ဟာ မြင်းတွေ၊ ကုလားအုပ်တွေကို စီးနင်းပြီး အာဏာရှင်အဆုံးသတ်ရေး တောင်းဆိုနေကြတဲ့ လူအုပ်ထဲကို အင်အားသုံး စတင် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက်အကြား ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်။ ဒီတိုက်ခိုက်မှုမှာ ဓာတ်ဆီဗုံးများ၊ ဒုတ်များ၊ဓားများ၊ ခဲများ၊ သံချွန်များ၊ သေနတ်များ ဖြင့် အပြန်အလှန်တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာပေါင်းများစွာ ပြင်းထန်စွာ သေဆုံး ဒဏ်ရာ ရခဲ့ကြတယ်။ စစ်တပ်ကတော့ ပဋိပက္ခဖြစ်နေတဲ့ ဆန္ဒပြသူတွေကြား ခွဲခြားထားဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

မနေ့ က အီဂျစ်သမ္မတ မူဘာရက်က စက်တာဘာမှာကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားကနေ ထုတ်ဖော်ပြောဆိုခဲ့သလို၊ အသက် ၄၆ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ သား ဂျမဲမူဘာရက် လည်း လာမဲ့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်သစ် အိုမာ ဆိုလီမန် က အီဂျစ်အစိုးရပိုင် ရုပ်မြင်သံကြားဌာနက မနေ့ က တရားဝင်ကြေညာသွား ခဲ့ကြောင်း သိရှိရပါသည်။

အာဏာရှင် လက်ကိုင်ဒုတ်ဖြစ်ကြတဲ့ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ ၏ အကြမ်းဖက် တိုက်ခိုက်နေမှု ဟာ အီဂျစ်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ အခွင့်အလမ်း လမ်းခင်းပေးလိုက်တာ ဖြစ်နိုင်ကြောင်း၊ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ ကို အကြမ်းဖက်မှုများဖြစ်ပေါ်လာအောင် ပြည်ထဲရေးဝန်ကြီးဌာနက စေခိုင်းတာဖြစ်တယ်လို့ အတိုက်အခံနှင့် ဆန္ဒပြသူများက စွပ်စွဲပြောဆိုခဲ့ပေမဲ့၊ ၀န်ကြီးချုပ်သစ်ကတော့ စုံစမ်းအရေးယူမှုများကို ပြုလုပ်ပေးမှာဖြစ်ကြောင်း အစိုးရပိုင်သတင်းဌာနကနေ ခုခံပြောဆိုသွားပါတယ်။

နိုင်ငံတကာ ခေါင်းဆောင်များကလည်း အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ စနစ်တကျ မင်းမဲ့ဆန်ဆန် တရားဥပဒေမဲ့ အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်နေမှုကို အဆုံးသတ်ဖို့ ပြင်းထန်စွာ ရှုံ့ချပြောဆိုခဲ့ကြပြီး၊ ၀န်ကြီးချုပ်သစ် အိုမာ ဆိုလီမန် ကတော့ ကိုင်ရိုမှာဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပေါ် အီဂျစ် ပြည်သူလူထုတရပ်လုံးကို ၀န်ချတောင်းပန် သွားခဲ့တယ်။

လောလောဆယ် အကြမ်းဖက်ဆန္ဒပြမှုမှာပါဝင်တဲ့ ရဲအရာရှိများနှင့် ပြည်ထဲရေးဝန်ကြီး ဟဘစ် အက်ထ်လီ (Habib Adli) ရဲ့ ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်လိုက်ပြီး၊ ခရီးသွားလာမှုကိုလည်း တားမြစ်လိုက်ကြောင်း အစိုးရ ရုပ်မြင်သံကြားက ဒီနေ့ပဲ ထုတ်ပြန်ကြေညာ သွားပါတယ်။



No comments :