Thursday 3 February 2011

အီဂျစ် အာဏာရှင်စနစ်အဆုံးသတ်ရေး လှုပ်ရှားမှုကြောင့် အာရပ်အာဏာရှင်များ တုန်လှုပ်နေ



-မြတ်စိုး-
၀၂.၀၃.၂၀၁၁

အီဂျစ် အာဏာရှင်စနစ်အဆုံးသတ်ရေး လူထုဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုဟာ ဂျော်ဒန်နိုင်ငံ အပြင် ဆူဒန်နှင့် ဆီရီးယားနိုင်ငံများသို့ ကူးစက်လာနေပြီ လို့ နယူးယောက်တိုင်းမ်စ် သတင်းစာထဲ မှာ ဖော်ပြထားပါတယ်။ ဆူဒန်နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ လိုလားသော လူငယ်များ နဲ့ ဖွဲ့စည်းထားတဲ့ လူငယ် အဖွဲ့တစ်ဖွဲ့ ဟာ အီဂျစ်က လူငယ်များ၊ ဒီမိုကရေစီလိုလားသူများနဲ့ တသားတည်းရှိကြောင်းထုတ်ဖော်ပြသတဲ့အနေနဲ့ အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုကို ဆူဒန်မြို့တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆန္ဒပြမှုမှာ ကျောင်းသားတယောက် ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး၊ လူဒါဇင်နဲ့ချီ အဖမ်းခံခဲ့ရတယ်။ ဆူဒန်လူငယ်များအနေနဲ့ အီဂျစ် အာဏာရှင်စနစ်အဆုံးသတ်ရေး လူထုလှုပ်ရှားမှုအပေါ် ငြိမ်သက်နေမှာမဟုတ်ကြောင်း၊ အီဂျစ်နိုင်ငံအတွင်း လွတ်မြောက်ရေးကို လိုလားသူအားလုံး အီဂျစ်ပြည်သူတွေဘက်က ရပ်တည်နေကြောင်းပြသဖို့ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ် သွားမှာ ဖြစ်ကြောင်း၊ ယခုအခါ စစ်တပ်၏ဖြိုခွင်းခဲ့မှုကြောင့် တကွဲ တပြားဖြစ်နေမှု ကို ပြန်လည်စုစည်း နေကြောင်း ဆန္ဒပြမှုမှာပါဝင်ခဲ့ကြတဲ့ လူငယ်များက ပြောဆိုခဲ့တယ်။ ဆူဒန်နိုင်ငံရေး အကဲခတ်လေ့လာနေသူများကတော့ ဆူဒန်အာဏာရှင် သမ္မတ အိုမာ အယ်လ်ဘရှား ရဲ့ လက်ကိုင်ဒုတ်ဖြစ်တဲ့ ဆူဒန်စစ်တပ်၏ အင်အားသုံး ဖြိုခွင်းလာမှုနဲ့ လူမဆန်စွာ သတ်ဖြတ်နေမှုများကြောင့် လမ်းပေါ်မှာ လူထုဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများ ထပ်မံဖြစ်လာဖို့ အချိန်လိုသေးကြောင်း ယူဆနေကြတယ်။


ဆူဒန်နိုင်ငံတွင်းရင်ဆိုင်နေရသော ပြည်တွင်းစစ်၊ စီးပွားရေးပြဿနာများ၊ ကုန်ဈေးနှုန်းကြီးမြင့်နေမှုများ၊ အစားအစာ ငတ်ပြတ်နေသည့် ဆင်းရဲမွဲတေနေမှုများ အတွက် ဆူဒန်နိုင်ငံမှာ အာဏာရှင်စနစ် အဆုံးသတ်ဖို့ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သူတို့ အဖွဲ့ရဲ့ လှုပ်ရှားမှုများကို ဖော်ပြထားတဲ့ အင်တာနက်စာမျက်နှာမှာ ဖတ်ရှု့ ရပါတယ်။ လူဦးရေ ၄၄ သန်း ရှိတဲ့ ဆူဒန်နိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်သလို၊ အဖက်ဖက်ကပျက်စီးယိုယွင်းနေပြီး ကမ္ဘာမှာ လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံး နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဆူဒန် နိုင်ငံ ဒါဖော်ဒေသ ပြည်တွင်းစစ်ကြောင့် လူဦးရေ ၄ သန်းကျော် ရွေှ့ပြောင်းနေထိုင်နေရပြီး၊ လူဦးရေ ၄ သိန်းနီးပါး အသတ်ခံခဲ့ရတယ်တယ်လို့ ကုလသမဂ္ဂ ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဆူဒန် သမ္မတ အိုမာ အယ်လ်ဘရှား ၁၉၈၉ က စစ်တပ်က အာဏာ သိမ်းယူခဲ့ ပြီးကတည်းက တောင်နှင့် မြောက် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ တယ်။ ဆူဒန် သမ္မတ အိုမာ အယ်ဘရှား ကို စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ရာဇ၀တ်မှုတွေနဲ့ ဖမ်းဝရမ်း ထုတ်ထားခြင်းခံရသူဖြစ်ပါတယ်။ ဆူဒန်နိုင်ငံမှာ အီဂျစ်နိုင်ငံလို လမ်းမပေါ် သန်းချီတဲ့ အာဏာရှင်စနစ်အဆုံးသတ်ရေး လူထုလှုပ်ရှားမှုမျိုး ၁၉၆၄ နှင့် ၁၉၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး၊ အာဏာရှင်အစိုးရများကို အောင်မြင်စွာဖြုချနိုင်ခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ဘူးပါတယ်။

တူနီးရှား၊ယီမင်၊ဂျော်ဒန်၊ အီဂျစ်၊ဆူဒန်နိုင်ငံမှာ အာဏာရှင်စနစ်အဆုံးသတ်ရေး လူထုလှုပ်ရှားမှုမျိုးလို ဆီးရီးယားနိုင်ငံ မြို့တော်များ မှာ ပြုလုပ်ဖို့ ပြင်ဆင်မှုတွေ၊ စည်းရုံးလှူံ့ဆော်မှုတွေကို ပြုလုပ်နေကြကြောင်း၊ အာရပ်ဒေသအတွင်း ပြုပြင်ပြောင်းလဲရေးကို လိုလားကြတဲ့ အာရပ်လူငယ်များသွေးစည်းညီညွတ်ရေးအဖွဲ့ ၏ ပြောဆိုချက်ကို တိုင်းမ်စ် မဂ္ဂဇင်းမှာဖော်ပြထားပါတယ်။

မနေ့ က ကမ္ဘာ တ၀ှန်းလုံးက Hacker ၅၀၀ ကျော် စုပေါင်းပြီး အီဂျစ်နှင့် ယီမင်မှာရှိတဲ့ အာဏာရှင် စနစ် အဆုံးသတ်ရေးလှုပ်ရှားမှု ကို ထောက်ခံကြောင်းပြသသည့်အနေနဲ့ အီဂျစ် နှင့် ယီမင် ပြန်ကြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဌာန၊ အာဏာရပါတီဌာနချုပ်များရဲ့ အင်တာနက် သတင်းစာမျက်နှာများကို ၀ိုင်းဝန်း တိုက်ခိုက် ခဲ့လို့ အာဏရှင် အစိုးရတွေရဲ့ အင်တာနက် သတင်းဌာနများ ပြတ်တောက်သွားခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာထဲမှာ ရေးသားထားပါတယ်။

လစ်ဗျားနိုင်ငံမှာတော့ အာဏာရှင် ကဒါဗီ ရဲ့ သားများဟာ သူ့ရဲ့ အရိုက်အရာ ကိုဆက်ခံလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူများက ထင်ကြေးပေး သုံးသပ်ထားနေကြပေမဲ့၊ အသက် ၄၆ နှစ် အရွယ်ရှိတဲ့ အီဂျစ်သမ္မတ မူဘာရက် ရဲ့ သား ဂျမဲမူဘာရက် က တော့ လာမဲ့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ အီဂျစ်အစိုးရပိုင် ရုပ်မြင်သံကြားဌာနက မနေ့ က တရားဝင်ကြေညာသွားခဲ့ကြောင်း သိရှိရပါသည်။ အီဂျစ်သမ္မတ မူဘာရက်ဟာ နိုင်ငံတကာ အရေးအခင်းတွေ မှာ တခြားအာရပ် အာဏာရှင်များထက်စာရင် နိုင်ငံရေးဂုဏ်သိက္ခာရှိခဲ့တာကြောင့် တခြားအာရပ်နိုင်ငံများ က လက်ခံဖို့ အဆင်သင့်ရှိပါတယ်။ အီဂျစ်နိုင်ငံ မှာဖြစ်ပွားနေတဲ့ အာဏာရှင်စနစ်အဆုံးသတ်ရေး လှုပ်ရှားမှုဟာ အခြား အာရပ် အာဏာရှင်နိုင်ငံ များကို တစတစ ကူးစက်လာတာကြောင့်၊ အာရပ် အာဏာရှင်များလည်း တုန်လှုပ်ခြောက်ခြား နေကြပါပြီ။

3 comments :

Anonymous said...

we have to wait and see what they really want.
Do they want real freedom democracy country or islamic country.

Anonymous said...

yes,Thats right.Let the arab people decide what they want to be.Do they want to go back to stone age and want to live with unseen god or want to be modernize freedom country like westen countries.

Anonymous said...

If u hunt for a reason right,
People want a decent life.