ဂွတ်မော်နင်း ပါစာဖတ်ပရိတ်သပ်များခင်ဗျား ဒီနေ့ အီးမေလ်ကနေ သတင်းတခုကို ပြည်တွင်းကရဲဘော်တဦးကပို့ လာတယ်။ သူသတင်းက ဒေါ်လာဈေး သတင်းပါ။ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဒေါ်လာဈေး သတင်း
ဒေါ်လာဈေး မိုးပေါ်ကို ၀ုန်း ကနဲ ခုန်တက် ယနေ့ မနက် ဈေးကွက် ဖွင့် ချိန် တွင် အမေရိကန် ဒေါ်လာ ပေါက်ဈေးမှာ ၉၂၀ မှ ၉၈၀ အထိမြင့် တက်သွားပြီး ယနေ့ ညနေ ပိုင်းတွင် မူ ၉၄၀ ခန့် ပြန်လည် ကျဆင်းသွားသည်။ထိုသို့ ဖြစ်ရခြင်းမှာ ယခင် ဦးပိုင် လီမိတက် ဥက္ကဌ ဟောင်း ဒု-ဗိုလ်ချုပ်ကြီး တင်အေး ၏ ဇနီး နှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ဇနီး ဒေါ်ကြိုင်ကြိုင် တို့ နှစ်ဦး တရုတ် ဘဏ်များတွင် ငွေ အလုံးအရင်း လွှဲပြောင်းမှု ကြောင့် ဟု သတင်းရရှိသည်။အမေရိကန် ဒေါ်လာ နှင့် မြန်မာ ကျပ်ငွေ လဲလှယ်မှု ပေါက်ဈေးမှာ ယမန် နေ့ က တစ် ဒေါ်လာလျှင် ၈၆၀ ကျပ် သာရှိသည်။ ဒေါ်လာဈေး တက်မှု ကြောင့် အခြား ကုန် ပစ္စည်းများပါ လိုက်တက် နိုင်သည် လို့ ဆိုပါတယ်။
ဘာကြောင့်ဒေါ်လာဈေးခုန်တက်လာသလဲ
တနှစ်လုံးကျဆင်းနေတဲ့ ဒေါ်လာဈေး က ဒီနေ့ မနက်ကျမှာ ဟုန်းကနဲ့ ထိုးတက်လာခြင်းဟာကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ သမရိုးကျ ဈေးကွက် တိုးတက်လာမှုကြောင့် ဒေါ်လာဈေးတက်လာခြင်မဟုတ်ပဲ ရုပ်တရုက်ဈေးကွက် မှာ ဒေါ်လာဈေးတက်လာတာကတော့အဖြေရှင်းပါတယ်။ ၀ယ်လိုအား ( Demand) တက်လာလို့ ပါ။
ဒီ ၀ယ်လိုအားတက်လာတာဟာ ပြည်တွင်းမှာရှိတဲ့ဒေါ်လာကို ပြည်ပနေ တခုခုကိုဝယ်ခြင်လို့  ဒါမှမဟုတ်
ပြည်ပဈေးကွက်မှာဒေါ်လာငွေကိုသုံးစရာရှိနေလို့ြ့ဖစ်ပါတယ်။ ဒါကြောင့် ဒီဒေါ်လာငွေကို အပူတပြင်း လိုက်လံဝယ်ယူနေခြင်းဖြစ်ဖြစ်တယ်။ ဈေးကွက်က ပုံမှန်မရှိတဲ့အတွက်ကကကြိုင်က ကမြန်မာ့ ဈေးကွက်မှာ ရှိသမျှဒေါ်လာတွေကို အကြီးအကျယ်ဝယ်ယူလိုက်တဲ့အခါမှာ အဈေးကွက်ထဲမှာဒေါ်လာပြတ်လတ်သွာနိင်ပါတယ်။ နောက်တခုကတော့ မြန်မာ ငွေတွေဟာ စက္ကူစုတ်သာသာ ဖြစ်နေတာကိုလည်း သတိပြုသင့်ပါတယ်။ အစိုးရသစ်ကလည်းဖွဲ့ ပြီးထားပြီ လုပ်ခြင်တိုင်းလုပ်လို့ ရတယ်ဆိုပေမဲ့ မသိသင့်တာတွေ မသိစေချင်တဲ့အတွက်မဟာဒယားရယူထားတဲ့အမိုက်တွေအစား တန်းဖိုးရှိတဲ့ဒေါ်လာ၊ ရွှေနဲ့ မြေတွေကို သူတို့ လက်ဝယ်မှာ ထားခြင်တာလည်း ဖြစ်နိင်ပါတယ်။ သန်းရွေှ့လက်ထက်မှာ ရိုက်ထုတ်ထားတဲ့ငွေစက္ကူစုတ်တွေကို ကကကြိုင်က အမိုက်ရှင်းခြင်သလိုရှင်းထုတ်ခြင်နေတာလည်း ဖြစ်နိင်ပါတယ် ။ ဒေါ်လာ တွေကို သူတို့ အ ပြိုင်အဆိုင်စုနေကြတာတော့ကြာပါပြီ။ ဈေးကွက်ထဲမှာ ဒေါ်လာမရှိတော့တဲ့အတွက်ဈေးကွက်ပျက်နေတာကြာပြီ။ ခုတော့ ရှိစုမဲ့စု ဈေးကွက်ကိုထပ်ပျက်အောင်သူတို့ ဖျက်တဲ့သဘောပါပဲ။
ဒါကြောင့် ဒေါ်လာဈေးတက်လာတယ်ဆိုရင်
၁- ရွှေဈေးလည်း အဆမတန် တက်လာမယ်။
၂- မြေဈေးလည်း အဆမတန်တက်လာမယ်။
၃- စပါးဈေးလည်း အဆမတန်တက်လာပါလိမ့်မယ်။
ဘာလုပ်သင့်သလဲ
၁- ဒေါ်လာငွေကို စုဆောင်းထားသင့်တယ်။
၂- ရွှေ ကို စုဆောင်းထားသင့်တယ်။
၃- ကိုယ်ရှိစုမဲ့စုမြေတွေ တိုက်ခန်းတွေကို ဈေးတက်တယ်ဆိုပြီ မရောင်းထုတ်သင့်သေးဘူး ။
၎- ဒေါ်လာ ကိုင်နိင်တဲ့သူတွေအန္တရယ်ရှိနိင်တယ်။ နိင်ငံခြားကနေ မြန်ပြည်ကို ပြန်လည်တဲ့ မြန်မာ တွေကို နည်းမျိုးစုံနဲ့ ညစ်ပတ်နိင်ပါတယ်။ ( သူတို့ လက်ထဲမှာဒေါ်လာရှိနေလို့  ဖြစ်ပါတယ် ) ။
မြန်မာ့ ဈေးကွက်စီးပွားရေးစနစ်မှာ အာဏာကို ကိုင်ထား ဗီုလ်ချုပ်တွေဟာ သတင်းအချက်အလက်နဲ့ 
အခွင့်အာဏာကို ကိုအသုံချပြီ အမြတ်ထုတ် နေကြသူတွေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ပြည်သူတွေမှာ တန်းတူအခွင့်အရေး ( Equal Opportunity ) မရှိကြဘူး။ ထိုင်းနိင်ငံမှာ ဘတ်ငွေတန်ဖိုးကို ချခါနီး ( Depreciation) မှာ ၀န်ကြီး ချုပ်တာဝန်ယူခဲ့တဲ့ ချာဘောလစ်နဲ့ 
ဒုဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့တပ်ဆင်တို့  သူတို့ ငွေတွေကို ဘဏ်ထဲကနေအထုတ်အသွင်းလုပ်ပြီး အမြတ်ထုတ်ခဲ့ကြ ပါတယ်။ အခုလည်း ဒေါ်ကြိုင်ကြိုင်ဟာ သြဇာအာဏာကိုအသုံးချပြီ မသမာတဲ့နည်းတွေကို
လုပ်နေတယ်။ စီးပွားရေး ကို ကမောက်ကမဖြစ်အောင်လုပ်နေတာဖြစ်တယ်။
အားလုံး ကျမ္မာပါစေ-
ှိ
မိုးသီးဇွန်
No comments :
Post a Comment