Wednesday, 16 February 2011

ဝ ပြည်နယ် က ကိုယ်ပိုင်ပြဌာန်းခွင့်ရနေ ပြီလော


နောက်ဆုံး ရရှိတဲ့သတင်းအရ ၀လူမျိုးတွေ ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်   (  Autonomy )  ရနေပြီလို လိုမြောက်ပိုင်းတိုင်းရင်းသားခေါင်းဆောင် ကြားမှာ ဆွေးနွေးနေကြတယ်။ စုံစမ်းနေကြတယ်လို့ သိရတယ်။
ဘာဖြစ်လို့ လဲ - 

၁- ၀နယ်ကို နအဖ က ၀င်မတိုက်ရဲ ခြင်း
၂- တရုပ်ပြည်က အပြည့်အ၀ အကာကွယ်ပေးထားခြင်း ( ၀ကိုတရုပ်တွေက သူတို့ လူမျိုးလို့ပဲမြင်ကြတယ်။) 
      တရုပ်လူမျိုးတွေက ၀ ပါတီနဲ့  အုပ်ချုပ်ရေးနဲ့ မှာ အဓိက ခေါင်းဆောင်နေခြင်း ။) 

၃- ၀ ပြည်နယ် တွင် တိုက်ကြီးတာကြီးများတည်ဆောက်ခွင့်ရရှိနေတယ်။ ဒီအချိန်မှာ  ကရင်ပြည်နယ်နဲ့  တခြားလူမျိုးစု  ရွာတွေမီးရှို့ ခံနေရတယ်။

၎- ၀တပ်မတော်ကို မခထိရဲခြင်း တို့ ကြောင့် ၀ ပြည်ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိနေပြီလို့   သိရပါတယ်။
၅- နယ်စပ်ဂိတ် ကုန်သွယ်မှု မှ အ ခွန်ကောက်ခွင့်ကို ရရှိထားခြင်း ။ ( ၀ သဖ ရဲ့  တနေ ဒေါ်လာ ၁ သိန်းမှာ ၂ သိန်းနီးပါးရှိနေတယ်။ တရုပ်ဖက်မှ ကုန်များနဲ့ မြန်မာပြည်မှ ကုန်များနေစဉ်  အပေါ်မှာ အခွန်ကောက်ခွင့်ရနေတယ်။  )

၆- အာဏာရ ၀ ခေါင်းဆောင်မှုမှာ လည်း နအဖ ကဲ့သို့ တခါမှာ ဒီမိုကရေစီကျင့်သုံးစရာမလိုခြင်း။

( ကရင်အမျိုးသား အစည်းအရုံးက ညီလာခံပုံမှန်လုပ်တယ်။ ခေါင်းဆောင်ကိုဒီမိုကရေစီနည်းအရ ရွေးခြယ်တင်မြောက်တယ်။ ဒီအချိန်မှာ ၀ သဖ အထဲမှာ ဒီမိုကရေစီမကျင့်သုံးဘူး ။ တရုပ်ပြည်ကွန်မြူနစ်ပါတီလို ၊ နအဖ လို သူတို့ လုပ်နေနိင်ခြင်း ) 


၂၀၁၀ ခုနစ် နအဖ ခေါင်းဆောင်များနှင့် ၀ခေါင်းဆောင်များဆွေးနွေးပွဲတွင်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအခွင့်အရေး ကို ပေးခဲ့ပြီဖြစ်ကြောင်း ၀ ခေါင်းဆောင်များက တခြားတိုင်းရင်းသားခေါင်းဆောင်များ ကို ပြောပြခဲ့ကြောင်း  သိရပါတယ်။  ဒါကြောင့် လူမျိုးတွေထဲမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရနေတဲ့ လူမျိုးစုပြည်နယ်ကို ပြပါဆိုရင်တော့ ၀ ပြည်နယ်လို့ ပဲပြောရမှာဖြစ်ပါတယ်။ 



- ခိုင် သာကျော် -


1 comment :

Anonymous said...

ဒါကတော့ ရှင်းပါတယ်။ ဝ ကလဲ နအဖ ရှိမှ ရပ်တည်နိုင်မှာဖြစ်သလို နအဖ ဗိုလ်ချူပ်တွေ ကိုယ်တိုင် ဝ ရဲ့ အဓိက စီးပွားရေးမှာ ပါဝင်ပါတ်သက်နေတာကြောင့် ဘာမှ မလုပ်ရဲတာ ဖြစ်တယ်။ သွားလုပ်ရင် ဝ က အကုန်ဖော်မှာလေ။