Saturday 12 February 2011

မြန်မာတိုင်းသတင်းစာပိုင်ရှင် ဒန်ကင် တယောက်အဖမ်းခံရရှာပြီ



ကျားကိုဂုတ်ခွစီးသူဟာ ကျားဗိုက်ထဲမှာပဲ ဇတ်သိမ်းလေ့ရှိတယ်လို့ အမေရိကန်သမတဂျွန်အက်ဖ်ကနေဒီပြောခဲ့တဲ့စကားဟာ မြန်မာတိုင်းသတင်းစာ အယ်ဒီတာနဲ့ ပိုင်ရှင်ဖြစ်တဲ့ ရော့စ်ဒန်ကင် အတွက် သွေးထွက်အောင်မှန်လွန်းနေပါတယ်။ 

သူနာမည်အပြည့်အစုံက ရောစ်-ဒန်ကလီ ( Ross Dunkley, ) ။သူက ၾသစေတးလ် နိင္ငံသား။မြန်မာစစ်ဗိုလ်ချုပ်တွေက ခင်ဗျားတို့  ထင်ထားသလို မဆိုးလှပါဘူး။  ဗိုလ်ချုပ်တွေထဲမှာ စမတ်ဖြစ်တဲ့သူတွေရှိတယ်။ ဒါတွေကနိင်ငံတကာအစည်းဝေတွေမှာ သူရဲ့ လက်သုံးစကား။ ဆရာမ ဒေါ်ကြည်မေကောင်းကတော့သူကို လူပျက် လို့ မှတ်ချက်ချထားတယ်။ 

ကတုံးပြောင်ပြောင်မှာ မျက်နာပြောင်ပြောင်နဲ့  အလုပ်များခြင်ယောင်ဆောင်ထားလေ့ရှိတဲ့ဒန်ကင်ဟာ
သတင်းစာသမားတယောက်ဆိုတာထက် သတင်းဝယ်ရောင်းလုပ်နေတဲ့စီးပွားရေးသမားတဦးနဲ့ ပိုတူပါတယ်။ သူက ဗကခင်ညွန့် လက်ထက်မှာ နအဖ နဲ့ ပေါင်းပြီးလုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (ဗကခင်ညွန့် ရဲ့  မှိုင်းမိသွားပုံရတယ်။) သူတော်ကောင်းတွေ က တဟဲ့ဟဲ့နဲ့   တားမြစ်နေတဲ့ကြားထဲက ဒန်ကင်ဟာ မြန်မာတိုင်းသတင်းစာကို  သွား ပြီးတည်ထောင်ခဲ့ပါတယ်။ မြန်မာ တပြည်လုံးကသတင်းစာတွေ လွတ်လွတ်လပ်လပ် မထုတ်နိင်ချိန်မှာ ဒန်ကင်ကို နအဖက အသုံးချခဲ့တယ်။ 

သူသတင်းစာရဲ့ ရည်ရွယ်ချက်က တော့  မြန်မာပြည်ရဲ့  တကယ် ပုံရိတ်အမှန်(  True Image )  ကိုဖုံကွယ်ပြီ ဒစ်စနေကမ္ဘာလေး ကို ဖန်တီးပေးဖို့ နအဖနဲ့သူပူးလိုက်ကြတယ်။ 


 သတင်းစာတွေ လွတ်လွတ်လပ်လပ်လုပ်ကိုင်နိင်တဲ့ပုံစံလုပ်ပြခဲ့တာပါ။  မြန်မာ တိုင်းသတင်းစာမှာပုံမှန်ဖေါ်ပြနေတဲ့သတင်းတွေက နအဖလက်ထက်မှာ တိုင်းပြည်စီးပွားရေးတိုးတက်နေသယောင်၊ ပြည်သူအပေါင်းငတ်ပြတ်နေချိန်မှာ နအဖ လက်ထက်ခေတ်ပျက်သူဌေးတွေရဲ့ ပါတီပွဲတွေ၊ အကျင့်ပျက် ခေတ်ပျက်သူဌေးကတော်တွေ ရဲ့ ဓါတ်ပုံတွေကို ဝေေ၀ဆာဆာဖေါ်ပြပေးနေသူပါ။ ဗိုလ်မှုးချုပ်သိန်းဆွေသား ဆန်နီဆွေ ပေါင်းလုပ်တယ်။ ဗခ ခင်ညွန် ပြုတ်တဲ့အခါမှာ သိန်းဆွေရော၊ဆန်နီဆွေပါအဖမ်းခံရပါတယ်။ ဒီတော့သူရဲ့  မြန်မာတိုင်းဟာ ခတ်လှုပ်လှုပ်ဖြစ်လာတယ်။ နောက်တော့ လူရှာတယ်။ နအဖ အမာခံတဦးဖြစ်တဲ့ ဒေါက်တာတင်ထွန်းဦး နဲ့ ပေါင်းလုပ်တယ်။  

                              အင်စိန်ထောင်မှာ ထောင်နန်းစံနေရတဲ့ ရော့စ်ဒန်ကင် 

နိင်ငံခြားအစည်းဝေးတွေကို သူလာတက်တဲ့အခါမှာ နအဖနဲ့ ပူးပေါင်းလုပ်ရမယ်လို့  ဆော်သြလေ့ရှိသူပါ။ သူရဲ့  မြန်မာတိုင်းက အောင်မြင်လာတယ်။ ဒီတော့ သူကိုနအဖ က မျက်မုန်းကြိုးလာတယ်။ ထုံစမ်အတိုင်း အပြစ်ရှာတယ်။ အပြစ်ကလည်းရှာလို့ ကသိပ်မခက် သူက သြစတေးလျှနိင်ငံသားလာဖြစ်ပြန်၊ သတင်းထောက်ကလည်းဖြစ်ပြန်ဆိုတော့ ဆေးခြောက်ကြိုက်တယ်။ ဒါက တပြစ်၊ နောက်တော့နိင်ငံခြားသားတွေရဲ့ အားနည်းချက်က ဗီဇာ ရက်ကျော်တာလေးဘာလေးရှိတယ်။ ဒါကလည်သူသူကိုယ်ကိုယ်ရက်ကျော်လေ့ရှိကြပါတယ်။ 

လူချစ်ရင် - မူပြစ်တယ်။ လူမုန်းရင်မူသုံးတယ်ဆိုတာက မြန်မာတပ်မတော် ရိုးရာအစဉ်အလာ၊ဒီတော့ ဒန်ကင်ကိုကိုင်ရတာ  နအဖ အတွက် ဒန်ကင်ဒိုးနပ် (  Dunkin Donouts ) ကို စားရသလောက်မခက်လှပေဘူးပေါ့။ နစ်ပေါင်း ၁၀ နှစ်နီးပါးတည်ထောင်လာတဲ့မြန်မာတိုင်သတင်းစာဟာ ခုတော့နာမည်ပျက်နဲ့ နိဂုံးချုပ်ခံရပါပြီ။ 

တကယ်ကတော့ မဆလ၊န၀တ၊နအဖ၊မြန်မာစစ်တပ် ဘာပဲနာမည်ခေါ်ခေါ် အနစ်သာရကအတူတူပဲ။ အကျင့်ကအတူတူပဲ။  အောင်မြင်လာရင် မနာလိုဖြစ်လာကြတယ်။ အမခံချက်မရှိဘူး။  ဘုရားပြီးရင်ဘာဖြစ်လဲ ငြမ်းဖျက်တယ်။  ဒန်ကန်မလိုတော့ဘူး။ မြန်မာတိုင်းရဲ့ ပိုင်ရှင်ဟာနအဖ အမာခံ 
တင်ထွန်းဦးဖြစ်လာမှာပေါ့။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းလုပ်လို့ ရနိင်တယ်ဆိုပြီ ဇတ်သိမ်းမလှဖြစ်ရတဲ့သူတွေဟာတကယ်တော့ဒန်ကင် တယောက်ထည်းမဟုတ်ဘူး နှစ်ပေါင်၅၀ နီးပါးမှာ နာမည်အဖျက်ခံရတဲ့သူတွေများခဲ့ပါပြီ။ ဒါဟာအားလုံးအတွက်သင်္ခန်စာယူဖို့ပါပဲ။  
လွန်ခဲ့တဲ့ ၁၀နှစ်က မင်္ဂလာဒုံလေဆိပ်ကနေ မြန်မာ့ မြေပေါ်ကို ပထမဆုံးခြေတလှမ်းချလိုက်တဲ့ အချိန်မှာ 
သူဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့အင်း စိန်ထောင် ထဲမှာ ထောင်နန်းစံရလိမ့်မယ်ဆိုတာကို 
သူတွေးခဲ့မိပုံမရဘူး။ 

ကဲ -နောက်ထပ်ဒန်ကင် ဘယ်သူ တွေ ဖြစ်ခြင်သေးလဲ။  စီးပွားရေးသွားလုပ်ခြင်တာတို့ ၊သာသနာပြုချင်တာတို့ ၊စာသွားသင်ပေးခြင်တာတို့   အမတ်လုပ်ခြင်တာတို့  ။ ကဲဘယ်သူတွေရှိပါသေးလဲ။သင်တို့ ရည်ရွယ်ချက်တွေကောင်းပါတယ်။ ခက်တာကတော့ နအဖလက်ထက်မှာ သင်တို့  ရည်ရွယ်ချက်တွေဟာ ဇတ်သိမ်းမကောင်းလှဘူးဆိုတာကိုသတိပြုကြဖို့ပါပဲ။ 
မေတ္တာဖြင့် 



(ငချစ်သင် )







4 comments :

Anonymous said...

စာလုံးပေါင်းမှန်အောင်ရေးကွာ ။

MPN said...

There is no reasonable doubt that it was a systematic planned and executed by Military. They just grab the another media institution in Burma. In the mean time, NLD can't make one good social media network make it work.

Anonymous said...

မြန်မာပြည်တောင်ဘက်စွန်း ရွှေကျွန်း ဆိုတာ ရေးပြီး စာရေးဆရာဖြစ်လာတဲ့ ဒေါက်တာတင်ထွန်းဦး ဆိုတာ အဲဒီ တုံးက ရနောင်း ခဏခဏ သွား အင်မတန် ဖာချ တဲ့ ဆရာဝန်ပါ

Anonymous said...

"အပြစ်ကလည်းရှာလို့ ကသိပ်မခက် သူက သြစတေးလျှနိင်ငံသားလာဖြစ်ပြန်၊ သတင်းထောက်ကလည်းဖြစ်ပြန်ဆိုတော့ ဆေးခြောက်ကြိုက်တယ်။"
Do you really mean it?
because of being Australian and Journalist? :)