Sunday 13 February 2011

အီရန်မှာ အစိမ်းရောင်လူထုလှုပ်ရှားမှု ပြန်စမည်။


-WFWW-

အီရန် နိုင်ငံ တီဟီရန်မြို့ မှာ အာဏာရှင်စနစ်အဆုံးသတ်ဖို့ လူထုဆန္ဒပြဆန့်ကျင်ရေးလှုပ်ရှားမှု တနင်္လာနေ့ မှာ တကျော့ပြန်စဖို့ အီရန် အတိုက်အခံနိုင်ငံရေးသမားများ နှင့် အီရန်လူငယ်များက ပြည်သူလူထုထံ ပန်ကြားလှုံဆော်နေကြတယ်။ မဲခိုး၊ မဲလိမ်ပြီးတက်လာတဲ့ အီရန် အာဏာရှင် အစိုးရကတော့ အတိုက်အခံခေါင်းဆောင်တွေကို နေအိမ်မှာ အကျယ်ချုပ် ချထားလိုက်ပြီး၊ ပြည်သူလူထုကို မစုရုံးကြဖို့ သတိပေးကြေညာချက်ထုတ်ပြန်ခဲ့တယ်။ အတိုက်အခံ သတင်းမီဒီယာ တချို့ကို ပိတ်ပစ်ခဲ့ပြီး၊ အင်တာနက် ဆက်သွယ်မှုကို နှေးကွေးအောင် ပြုလုပ်ထားကြတယ်။ အီရန်လူငယ်တွေကတော့ အီဂျစ်မှာဖြစ်ပွား ခဲ့တဲ့ လူထုလှုပ်ရှားမှုကို အတုယူကြဖို့ နဲ့ လူများများ လမ်းမပေါ်ထွက်လာကြဖို့ တိုက်တွန်းနှိုးဆော်ထား ကြောင်း ကြားသိရပါသည်။

No comments :