Saturday 5 February 2011

ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာ

ကိုလွဏ်းဆွေရဲ့ဘလော့ဂ်မှာပါတဲ့ အက်စစ် ရဲ့ လက်ပေးသတ်တဲ့အပုပ်ချစာကို တင်ပေး နိုင်တဲ့ ကိုလွဏ်းဆွေ ရဲ့ နိုင်ငံရေးအမြင်နဲ့ ပါတ်သက်ပြီး အတော်စိတ် မသက်မသာခံစား မိလို့ ဒီစာကို ရေးလိုက်ပါတယ်။ ကိုလွဏ်း ဆွေ ရဲ့ ဒီမိုကရေစီသမားတွေ ဆင်ခြင်နိုင်ရန် အတွက် တင်ဆက်ပါတယ်။ စာရေးသူရဲ့ အာဘော်လို့ အမှာစကားနဲ့ တင်ဆက်ထား ပေမဲ့ စာပါအကြောင်းအရာတွေကတော့ ဒီ စာကို ကိုယ့်ဘလော့ဂ်မှာ တင်ဆက်နိုင်တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးခွန်းထုတ်ခြင်စိတ် ပေါ်မိတာအမှန်ပါပဲ။

အက်စစ်ဆိုတဲ့ အမှောင်ထဲက ဟောင်သံတခု အတွက်တော့ တုံ့ပြန်စရာ မရှိပါဘူး။ ဒီလို ဒီ မိုကရေစီလိုလားသလိုလိုပြောပြီး အလင်း ကြောက်တဲ့ အမှောင်ထဲက ဟောင်သံတခု အတွက် အညံ့ဆုံး ကျောက်ခဲတလုံးနဲ့တောင် မထိုက်တန်ပါဘူး။ အဲဒီကျောက်ခဲကမှ လမ်း ခင်းဖို့ အသုံးဝင်နိုင်ပါသေးတယ်။

ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်ဟာ ဒီမိုကရေစီ ချိန်ပီယံလို့ အမည်ခံနေကြတဲ့ လင်းနို့လိုလိုကြွက်လိုလို ရေဒီယိုနဲ့အွန်လိုင်း သတင်းဌာန ဆိုတာတွေကြားမှာ ပြည်တွင်းပြည်ပက ဗမာလူထုအတွက် သတင်းအချက်အလက်နဲ့ အသိပညာတွေကို အကောင်းဆုံး တင်ဆက်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီတခါတော့ သမီး ဟိုစစ်တပ်ကြီးနဲ့ တခါတည်း မှားတာပါ ဆိုသလို ဖြစ်သွားပြီပေါ့ဗျာ။ ကိုလွဏ်းဆွေအနေနဲ့ ဒီအပုပ်ချစာ တင်ခြင်းအားဖြင့် ဗမာပြည် ဒီမိုကရေစီ ထူ ထောင်ရေးမှာ ဘယ်လိုအကျိုးရလာဒ်တွေ ရနိုင်လေမလဲဆိုတဲ့ မျှော်လင့်ချက် တင်လေသလဲတော့ မသိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ကို အပုတ်ချတိုက်ခိုက်ခဲ့သော ငါးမင်းဆွေ

ကျနော်သာ သန်းရွှေဆိုရင်တော့ ကိုလွဏ်းဆွေကို ဆုတော်လာဒ်တော်တွေ ချီးမြှင့်မိမှာ အမှန်ပါ။ အက်စစ် ဆိုတဲ့ အ မှောင်ထဲက သူရဲဘောကြောင် ငတိအတွက်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ပြီးတော့ ဒီစာကို ကော်ပီ သန်းချီရိုက်ပြီး ဗမာအနှံ့ လေယာဉ်ပျံနဲ့ ကြဲချလိုက်ဦးမယ်။

လူမှုအဆောက်အဦ တခုကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ လူထုကိုယ်တိုင် မဖြစ်မနေပါ ဝင်ရမှာ ဖြစ်သလို ခေါင်းဆောင်မှု (Leadership) ဆိုတာကလည်း အရေးကြီးပါတယ်။ ကျုပ်တို့ကိုယ်တိုင်ပါခဲ့ကြတဲ့ ရှစ်လေး လုံးအရေးတော်ပုံကြီးထက် ကြီးမားကျယ်ပျံ့တဲ့ လူထုလှုပ်ရှားမှုမျိုး ဗမာပြည်သမိုင်းမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခေါင်း ဆောင်မှုကင်းမဲ့တဲ့အတွက် ဘာတွေဖြစ်သွားသလဲ သမိုင်းကသက်သေပါပဲ။ ခေါင်းဆောင်မှုဆိုတာ အဲဒီလှုပ်ရှားမှုထဲက လူထုရဲ့ ရင်းနှီးပေးဆပ်မှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ ဆုံချက်ဖြစ်တယ်။ လူထုမျှော်မှန်းချက်ကို ရောက်အောင် လမ်းညွှန်ထိမ်းကျောင်းပေးရေးဖြစ်တယ်။ လိုအပ်ချက်ကတော့ ခေါင်းဆောင်မှုနဲ့ လူထုအကြားပေါင်းကူးဆက် သွယ်ရေးဖြစ်တယ်။ ခိုင်မာပြတ်သားပြီး သစ္စာရှိ ရဲရင့်တဲ့ ဒုတိယတန်း၊တတိယတန်းခေါင်းဆောင်တွေဟာ ခေါင်း ဆောင်မှုနဲ့လူထုအကြားက အသက်သွေးကြောပေါင်းကူး တံတားဖြစ်တယ်။ ဒီလိုပေါင်းကူးမှု မရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ဘယ်လိုစွမ်းရည်မှ မပြနိုင်ဘူး။ လူထုနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်၊ လူထုနဲ့ ဆက်စပ်ခွင့်မရှိတဲ့ ခေါင်းဆောင်ဆို တာ တပ်မရှိတဲ့ စစ်သေနာပတိလိုပါပဲ။

ဒီသဘောတရားကို ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေတောင် သိပါတယ်။ ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ဆက် စပ်ဖို့ ကျိုးစားတိုင်း စစ်အာဏာရှင်တွေက ဖမ်းထိန်းလိုက်တယ်။ ပေါင်းကူးလိုဖြစ်တဲ့ ဒုတိယတန်း၊ တတိတန်း ခေါင်း ဆောင်တွေဆိုတာ ထောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရတယ်။ တချို့ အပြင်မှာ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ရိုက်သတ်တာ ခံရတယ်။
 ၂၀၀၃ ခုနှစ် မေလ ၃၀၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင်တွေ နအဖ ကြံ့ဖွတ်တွေက သတ်ဖြတ်ခဲ့တဲ့ ဒီပဲယင်း ကျည်ရွာအနီးက လူသတ်ကွင်း

ဗမာပြည် နိုင်ငံရေးကို ဝေဘန်ချင်ရင် ပထမအချက်အနေနဲ့ မထူးဇာတ်ခင်းနေတဲ့ ပြည်တွင်းဖြစ် စစ်အာဏာ ရှင်တွေ အကြောင်း သိဖို့လိုတယ်။ ဒုတိယ ဗမာလူထုရဲ့ ဘဝအမြင်နဲ့ အချောင်သမားပေါလှတဲ့ ဗမာပြည်နိုင်ငံရေး လောကအ ကြောင်း အကြမ်းဖျင်း သိဖို့လိုတယ်။ နောက်ဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဘန်ချင်ရင်တောင် သူ့ အကြောင်းကိုလည်း သိဖို့လိုပါသေးတယ်။ တခုတော့ ရှိပါတယ်။ သူ့ကို လူထဲက လူတယောက်၊ လူထုထဲက လူထု ခေါင်းဆောင်တယောက်ထက် ပိုပြီး တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မမျှော်လင့်ဖို့တော့ လိုတာပေါ့။ သိတဲ့အတိုင်း ကျုပ်တို့ ဗမာလူမျိုး ဆိုတာကလည်း တဖက်သားကို သူဘာကြောင့် အဲသလိုလုပ်သလဲ၊ သြော်.. သူဒီလိုလုပ်တာ ဒါ့ ကြောင့်ကိုးလို့ မတွေးသလို သူဒါလုပ်တာတော့ အတော်ကောင်းသွားပါလား ဆိုပြီး အသိအမှတ်ပြုဖို့ထက် ငါဆိုရင် ဘာကြီးဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး အပြောသန်တဲ့လူမျိုး ဖြစ်နေတယ်။

ဒီနေ့ ဗမာစစ်အုပ်စုဆိုတာ ပြည်တွင်းဖြစ် စစ်စစ်ဖြစ်တယ်။ ဘယ်နိုင်ငံ ဘယ်အင်အားကြီးကမှ မွေးထုတ်ခဲ့တာမဟုတ် သလို ဘယ်နိုင်ငံကိုမှလည်း မှီခိုရပ်တည်နေတာ မဟုတ်ဘူး။ ဒီနေ့ တရုတ်ကြီးနဲ့ ပြေလည်နေတယ် ဆိုတာလည်း အ ပြန်အလှန် အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ သူ့အာဏာကို ထိပါးလာရင်တော့ တရုတ်ကြီးလဲ နိုးပဲလုပ်မှာ သေချာ တယ်။ ကျန်တာမကြည့်နဲ့ သူ့အာဏာကိုထိပါးမဲ့ အခြေအနေ ရောက်လာတော့ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေ ကိုသတ်၊ ဘုန်းကြီးကျောင်းတွေကို ရန်သူ့စခန်းတခုလို ဝင်စီး တိုက်ခိုက်ဖျက်ဆီးခဲ့တာ တကမ္ဘာလုံး အမြင်ပါပဲ။ ဒီနေ့ နိုင်ငံတကာ အရေးအယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဘို့ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ဟောင်နေကြတဲ့ အချောင်သမား လုပ်စားတွေ သိဖို့က အမေရိကန်တို့၊ အီးယူတို့က အဲဒီ့ဆန်ရှင်တွေ ရုတ်ပြီး အပြုသဘော ဆက်ဆံမယ်ဆိုရင်လည်း ဒီသဘောပဲ။ အမေရိကန်သော အီးယူသော ဘာမှ ထည့်မတွက်ပဲ သူ့အာဏာထိရင် နိုးပဲ ပြောမှာပဲ။ ဒီတော့ ဆန်ရှင် ရုတ်သိမ်းရေးဆိုတာ စစ်အုပ်စု အကျိုးသက်သက်သာ ဖြစ်တယ်။ အရေးအယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးက တဆင့် ပေါင်းပြီး ပြောင်းဖို့ စစ်အုပ်စုကို ဖျောင်းဖျမယ်ဆိုတာ အရူးအိပ်မက် သက်သက်သာ ဖြစ်တယ်။

ဂမ်ဘာရီအဖွဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ရန်လာတွေ့တုန်းက Aug 24th, 2008

အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို ထင်တိုင်းကြဲ ခိုး ဝှက်လု ယက်ရုံမက သောင်းသိန်းချီတဲ့ ကိုယ့်ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနဲ့ ရဟန်း သံဃာမကျန် သတ်ဖြတ်လာခဲ့သူ တွေ ဖြစ်တယ်။ ဒီလို ဆွေစဉ်မျိုးဆက် ဆပ်မကုန်နိုင်တဲ့ သူတို့ရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် ကျူးလွန်းခဲ့တဲ့ ရာဇဝတ်ကြွေးတွေကို သူ့တို့သာလျင် အသိဆုံး ဖြစ်တယ်။ စစ်သည် စစ်သား တပ်မတော်ဆိုတာကတော့ ဓားစာခံ သက်သက်ပဲ။ ဒါကြောင့်လည်း ဒီဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ပြီး အာဏာကိုရတဲ့နည်းနဲ့ ဖက်တွယ်ထားကြတာ ဖြစ်တယ်။ တခုတည်းသော သူ့တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။ ပြောရရင်တော့ သေမထူး နေမထူး ဇာတ် ခင်းနေကြတာပဲ။ ဒီဗိုလ်ချုပ်တွေရဲ့ အကြောက်တရားနဲ့ အတ္တလောဘကတော့ ဘုရား၊ တရား၊ သံဃာတောင် စော် ကားရဲတဲ့အထိ ဆိုးသွမ်း ယုတ်ကန်းနေကြတယ်။ ဒီလို မထူးဇာတ်ခင်းနေတဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ဆိုတာ တော်တန်ရုံ ကျစ်လစ်တဲ့ စည်းရုံးရေး အင်အားနဲ့ မဖြစ်နိုင်ဘူးဆိုတာ တကယ်တမ်း တိုက်ပွဲထဲမှာ ပါဝင်နေသူတိုင်း မြင်နိုင်ပါ တယ်။
 သံဃာကို သတ်တဲ့ သန်းရွှေ ရဲ့   စစ်တပ်

တကယ်တော့ ဒီစစ်အာဏာရှင် ငရဲသားတွေကို ဗမာပြည် နိုင်ငံရေး လောကထဲ ကျောပိုးသည်လာ သူဟာ နိုင်ငံရေး သမားတွေပဲ ဖြစ်တယ်။ လူထုမဟုတ်ဘူး။ အဲဒီ့ မစွန့်ဘဲ စားချင်တဲ့ နိုင်ငံရေးသမားတွေ ကိုယ်အာဏာမြဲဘို့အတွက် နိုင်ငံရေး ပြဿနာကို အာဏာအရင်းအခံဖြစ်တဲ့ လူထုအကြားမှာ ဖြေရှင်းဖို့ မကြိုးစားပဲ လူထုအစေခံ လက်နက်ကိုင် တပ်ကို အသုံးချခဲ့ကြလို့ စစ်ခေါင်းဆောင်တွေ ဇာတ်ပျက်သစ္စာဖောက်ပြီး အာဏာရှင်စနစ် ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလို့ လူထုက ၁၉၅၆ နဲ့ ၁၉၆၀ ရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့ နိုင်ငံရေးလုပ်တဲ့ ပါတီတွေကို မဲမပေးပဲ စစ်အာဏာရှင် အန္တရာယ်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အချိန်က မမှီတော့ဘူး။ စကားတခုရှိတယ်၊ ( The State ruin by politic and politicians, but not by nature,culture and religion) နိုင်ငံတော်ကို ဖျက်ဆီးတာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဘာသာရေးနဲ့ သဘာဝတရားတွေ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေသာဖြစ် တယ်။

ဒီနေ့ခေတ် တချို့သော အမည်ခံနိုင်ငံရေးသမားတွေရော ဟိုဖက် လွတ်လပ်ရေးခေတ်က အချောင်သမားတွေနဲ့ ဘာ ကွာလို့လဲ။ ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်နေကြတာပဲ မဟုတ်လား။ လူထုဆိုတာကတော့ လက်ညှိုး ထိုးခံ သက်သက်ပဲ။ ၈၈ ပြီးစ ဒီမိုကရေစီ ရေစီ်းမြင်တုန်းကလည်း ဒီမိုကရေစီ ဆိုပြီး ပါလိုက်တာပဲ။ အခု စစ်ကျွန်ရွေး ကောက်ပွဲ ဆိုတော့လည်း ခွေးမစင်ငတ်သလို ပြေးဝင်ဟပ်လိုက် ကြတာပဲ။ ပြီးတော့ သူတို့လို ခွေးဇာတ်မခင်းနိုင်တဲ့ သူတွေကို ကိုယ့်ခေါင်းဆောင်ပါမချန် ဟောင်ကြ အူကြသေးတယ်။ ဒီလိုခွေးတစီစီနဲ့ တော်လှန်ရေးရထားကြီးကို ဘယ် လိုခေါင်းတွဲမောင်း ခေါင်းဆောင်က လိုရာခရီးရောက်အောင် မောင်းနိုင်ပါ့မလဲ။ ဒီကြားထဲ ကတ္တီပါအိတ်စွပ်ထားတဲ့ သံ လက်သီး အက်စစ်လို ခွေးဆိုးက ပါသေးတယ်။

ဒီခေါင်းဆောင် ဆိုသူတွေပဲ ကိုးဆယ်ခု ရွေးကောက်ပွဲမှာ လူထုက အာဏာအပ်နှင်းထားတာကိုတောင် စစ်အာဏာ ရှင်တွေ ကြောက်ပြီး တာဝန်ရှောင်ခဲ့ကြတာ၊ လက်နက်ကိုင်မယ်ဆိုပြီး နယ်ခြားထွက်လာကာ အင်ဂျီအို ခိုင်းတာတွေပဲ ရွေးလုပ်ပြီးတော့ အကျဉ်းကျနေတဲ့ ဒေါ်စုကို လက်ညှိုးထိုး ဆင်ခြေရှာကြတယ်။ ၈၈ ပြီးစ ပုသိမ်မှာ ရန်ကုန် မြေနီကုန်း မှာ အသက်ဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး လူထုကို ဦးဆောင်ဖို့ ကြိုးစားတယ်။ ဘယ်မှာလဲသူ့နောက်လိုက် သူ့ပါတီဝင် တွေ။ ၉၈ က အညာစုမှာ ပိတ်မိနေတယ်။ ကိုးဆယ်ခြောက် ရန်ကုန်မှာ၊ ၂၀၀၃ ဒီပဲရင်းမှာ ကြံ့ဖွတ်တွေက သတ်ဖို့ လုပ်တယ်။ ဘယ်မှာလဲ သိန်းချီရှိတယ်ဆိုတဲ့ ပါတီဝင်တွေ။ ခေါင်းဆောင်ဆိုသူတွေ။ နယ်စပ်က လက်နက်ကိုင် ဆိုသူ တွေကကော အဲဒါတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ပွဲ ဘယ်နှပွဲ တိုက်ခဲ့သလဲ။ ပြည်တွင်းမှာကော ဘာတွေ ဖောက်ခွဲ ပြခဲ့ကြသလဲ။ ကိုယ်ကဖြင့် တူတူတန်တန် ဘာမှ မလုပ်ပဲ ခေါင်းဆောင်းကို အပြစ်ရှာတယ်။ ဒါဟာ ဖောက်ပြန်တာပဲ။ ရန်သူကို အလုပ်ကြွေးပြုတာပဲ။
လူတကာသိပြီးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး စွန့်လွှတ်မှုတွေကို ဒီမှာ မပြောတော့ပါဘူး။ တော် လှန်ရေး အကျိုးကိုမျှော်ကိုးပြီး သူ့အခန်းကဏ္ဍကိုပဲ ပြောချင်ပါတယ်။ စစ်အုပ်စုဟာ သူ့စိတ်တိုင်းကြ နိုင်ငံရေး အခင်း အကျင်းကို ဖန်တီးသွားခဲ့ပါပြီ။ ရုပ်သေး အစိုးရတခုကို ရွေးကောက်ပွဲ တခုနဲ့ လုပ်သွားတယ်။ လူထု မျှော် လင့်တောင့် တတဲ့ ဒီမိုကရေစီ မဆိုထားတဲ့ နိုင်ငံရေး ပုံစံတခုလို့တောင် ပြောမရတဲ့ အခင်းအကျင်းဖြစ်တယ်။ စစ်အာဏာရှင်က စစ် အာဏာရှင်ပါပဲ။ နိုင်ငံတကာကို ဝင်ဆန့်ရုံ သက်သက်အတွက် လုပ်ခဲ့တယ်ဆိုတာ ကလေးအစ ခွေးအဆုံး တလော ကလုံး သိပါတယ်။ နိုင်ငံတကာ ဆိုတာတွေကလည်း သိပါတယ်။ သို့သော်လည်း ကိုယ်ကျီုးစီးပွား ပဓာနလွှမ်းမိုးနေတဲ့ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်တိုင်းပြည်ကမှ ဒီဗိုလ်ချုပ်တွေရဲ့ ကလိမ်ခြုံဇာတ်ထုတ်ကို အရေးမလုပ်ကြတော့ပါဘူး။ ပြေလည်အောင် ပေါင်းဖို့ပဲ စိုင်းပြင်းနေကြပါပြီ။ တချို့သော နိုင်ငံကြီးတွေကတော့ မသူတော် ဗမာဗိုလ်ချုပ်တွေနဲ့ ပေါင်းဖက်ရတာကို သိပ်စိတ်မသန့်ဘူးနဲ့ တူပါတယ်။ သူတို့ လက်ဝေခံတွေရဲ့ ပါးစပ်ကတဆင့် ဒီအရပ်သား ရုပ်သေးအစိုးရမှာ ဒေါ်စုကပဲ နိုင်ငံခြားဆက်ဆံရေးတာဝန် ယူတော့မယောင်၊ ဒေါ်စုရဲ့ ဦးဆောင်မှုက မပြည့်ဝသယောင် တီးတိုးဝါဒဖြန့်နေကြတယ်။ တဖက်ကလည်း စစ်အုပ်စုနဲ့ ပေါင်းသင်းတာ၊ စစ်အုပ်စု မကြိုက်တာ မလုပ်မပြောတာ လက်တွေ့နိုင်ငံရေးလိုလို ဆိုနေကြတယ်။

ဒါပေမဲ့ စစ်အုပ်စု ကိုယ်တိုင်ကတော့ ဒီအခင်းအကျင်းသစ်ဟာ သူတို့အာဏာ တည်မြဲရေးအတွက် မခိုင်မာဘူးဆိုတာ သိပါတယ်။ ဒါက နိုင်ငံရေး အန္တိမ မဟုတ်သလို သူတို့ရဲ့ အောင်ပွဲလို့လဲ မပြောနိုင်ဘူး။ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD, CRPP ထဲက ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တွေ၊ အကျဉ်းထောင်တွေထဲက ၈၈ ကျောင်းသား ခေါင်းဆောင် တွေ ရှိနေသေးသရွေ့ ဗမာလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲတွေ ရှိနေတုန်းပဲဆိုတာ စစ်အုပ် စုသိထားပါတယ်။ ဒီတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေးအစိုးရ ထူထောင်နိုင်တာဟာ စစ်အုပ်စုအတွက် အောင်ပွဲ မဟုတ်သလို ဒီမိုကရေစီအရေးအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးရှိတဲ့ လူထု ဒီမိုကရေစီတိုက်ပွဲ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို သေးသိမ်း မှေးမှိန်အောင် အားထုတ်နေတယ်။ ဒါဟာ သူ့တို့ လက်ငင်း မဟာတာဝန် ဖြစ်တယ်။ နောက်တချက်ကလည်း စစ်အုပ်စုအတွက် မခံချင်စရာကောင်းတာက ဗမာလူထုသာမက ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်းစုကြည်ကို ဗမာ ပြည်လူထုခေါင်းဆောင်အနေနဲ့ လက်ခံအသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကို ခြေဖျက်နိုင်မှသာ စစ်အုပ်စုရဲ့ ရုပ် သေးအစိုးရက လူရာဝင်နိုင်မှာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်မှုကို သေးသိမ်းမှေးမှိန်အောင် စစ်အုပ်စုက လက်ရှိအချိန်အထိ ကိုယ်တိုင် မ လုပ်နိုင်သေးဘူး။ အခင်းအကျင်းသစ်ကြောင့် သူတို့ထဲက လူအပြောင်းလဲ နေရာအပြောင်းလဲတွေ အသားကျအောင် စီမံနေရတုန်းပဲ။ လောလောဆယ် ဒီတာဝန်ကို ဆောင်ရွက်နေတာက လက်ရှိအခင်းအကျင်းသစ်ကို တကယ်ခိုင်မာတဲ့ အပြောင်းအလဲတို့ ထင်ယောင်မှားနေကြတဲ့ လုပ်စားသမား တွေပဲဖြစ်တယ်။ ငါးမင်းဆွေဆိုတဲ့ နိုင်ငံရေး အုတ်ကြား မျက်ပေါက်က စတယ်။ ဟိုတလောကလည်း ဧရာဝတီမှာ ဗမာကြီးဆိုတဲ့ နာမည်နဲ့ ဒေါ်စုနဲ့ NLD ရဲ့ နိုင်ငံ ရပ်တည် ချက်ကို မထိတထိ လှီးဖဲ့သွားတယ်။ အခု အက်စစ်ရဲ့ အပုပ်ချစာကတော့ ဗြောင်အကျဆုံးပဲ။ လူထုဘဝကို စာနာသ ယောင် သကြားလေးတော့ အုပ်ထားတယ်။ အရင်ကတော့ ဦးဝင်းတင်ကိုအဓိက ဦးတည်တိုက်ကြတယ်။ အခုတော့ ဒေါ်စု ကိုပါ ဖွင့်တိုက်လာတာ ဖြစ်တယ်။

အကြောင်းကို စိစစ်ကြည့်ရင် ဒီအချောင်သမားတွေ စစ်အုပ်စုနဲ့ ပေါင်းပြီးသွားချင်နေတဲ့ လူထုအတွက် မပါတဲ့ “ငါ့ဒီမို ကရေစီ” လမ်းကြောင်းမှာ ဒီခေါင်းဆောင်တွေက အတားအဆီးဖြစ်နေတယ်။ ဒီခေါင်းဆောင်တွေရှိနေသရွေ့ လူထုကို နှပ်ချနှပ်စား လုပ်လို့ မရနိုင်ဘူးလေ။ ဒီတော့ ခေါင်းဆောင်မှုကို ဖြိုဖျက်ရတော့တာပဲ။ သေးသိမ်အောင် လုပ်ကြရ တော့တာပဲ။ ဒါမှလဲ ခေါင်းဆောင် လုပ်စားခွင့် ရလာမှာ ဖြစ်သလို စစ်အုပ်စုကလည်း သဘောကျ တော်ကောက်ခံရ မှာကိုး။

ဒီတော့ ကိုလွဏ်းဆွေရေ၊ ပြည်တွင်း ပြည်ပက အချောင်သမား ပေါင်းစုံတို့ရဲ့ မထိတထိ ထိုးနှက်တာ ခံနေရတဲ့ ကျွန်တော်တို့ တိုက်ပွဲရဲ့ ခေါင်းဆောင်မှု (Leadership) ကို နိုင်ငံရေးအရ ဝိုင်းဝန်းကာကွယ်ဖို့ရာ ဒီမိုကရေစီလို လားသူ တိုင်းရဲ့ တာဝန်ပါပဲ။ လက်နက်၊ ထောင်၊ တရားရုံးနဲ့ မတရားဥပဒေ အဆောင်အယောင် ယန္တယားတွေနဲ့ တိုင်းပြည် ဘဏ္ဍာတိုက်ကို ဖင်ခုထိုင်ထားတဲ့ ရန်သူကို တိုက်ဖို့ ဆိုတာက လူထုပါရုံနဲ့တင် မပြီးနိုင်ဘူး။ ခေါင်းဆောင်မှုဆိုတာ လည်း အရေးတကြီး လိုအပ်ချက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့က ခေါင်းဆောင်မှုကို မျက်လုံးအိမ်သဖွယ် စောင့်ရှောက်ကြလို့ ဆိုကြတာပဲ။ လက်ရှိ ခေါင်းဆောင်မှု ဆိုတာဟာ ၈၈ အရေးတော်ပုံရဲ့ လက်ကျန် ရလာဒ်တခု လည်း ဖြစ်တယ်မဟုတ်လား။ သူတို့ရဲ့ နိုင်ငံရေး အမြင်ကို သဘောမတူနိုင်ရင်တောင် ကိုယ်ယုံကြည်ရာလမ်းကို ရွေး လျှောက်ကြရင်း ဒီခေါင်းဆောင်မှုကို နိုင်ငံရေးအရ ကာကွယ်ထိန်းသိမ်းသွားကြရမှာပဲ။ ဒီနေ့ အထိတော့ လူထုက သူ တို့အပေါ် ယုံကြည်နေဆဲပါပဲ။ ဒီယုံကြည်မှုက အခွင့်အခါပေါ်တဲ့အခါ အလွယ်စည်းရုံးလှုံ့ဆော်ပြီး အောင်ပွဲကို သယ် ဆောင်သွားနိုင်ပါတယ်။ နိုင်ငံရေး ဆိုတာကလည်း အခွင့်အခါမကျဘဲ ကိုယ်ထင်ရာ ဇွတ်လုပ်ပြန်ရင်လည်း တဖျတ် ဖျတ်ခုန်တဲ့ ငါး လှော်တက်စာ မိသွားသလို ကြုံရတတ်တယ် မဟုတ်လား။

နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး ထပ်ဆင့်ပါးလိုက်ချင်ပါတယ်။ ဆရာ မောင်ထင်က ကျနော် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် သစ္စာ ဖောက် ဖြစ်တတ်တယ်မှတ်ထား ပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး ယူရပါတယ်။ ဒါတွေက ကာယ သတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် ဘောဂသတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာဏသတ္တိနည်းရင် အသိအ ဉာဏ် ဆင်ခြင် တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ပဲ သစ္စာဖောက်ဖြစ်တတ်တယ်။ ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက် ရင်း ကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိ ဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင်လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့ လွှမ်းမိုးမှုခံရ တတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တ သတ္တိပဲ သူမရှိရင် သူ့က သတ္တိတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တိမခိုင်ရင် အကုန်ယိုင်လဲသွား တတ်တယ်။ အ ကျင့်သီလ ကင်းတဲ့သူကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေကြောင့် သူတပါးက အကြပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက် ဖြစ်တတ်တယ်။ ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်ကြွေးပြုမဲ့ နိုင်ငံရေး လုပ်မယ်ဆိုရင် ဒီသတ္တိငါးပါးကို အစဉ်တစိုက် အားဖြည့်နေရ ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဆရာမောင်ထင် ပြော သလို သစ္စာဖောက် ဖြစ်တတ်ပါတယ်။ သာဓကအနေနဲ့ လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော် လုပ်ကြံမှုထဲက ကိုသုခ အကြောင်း စာကလေး ထည့်ပေးလိုက်တယ်။

ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ နတ်သုဒ္ဓါထဲ မစင်တခဲ မြင်လိုက်ရသလို အော့နှလုံးနာမိလို့ ဒီစာကို ရေးမိပါတယ်။ ဘာ ပဲပြောပြော ကိုလွဏ်းဆွေဘလော့ဂ်ဟာ ဗမာလူထုအတွက် အတိုင်းအတာတခုအထိ အသိဉာဏ် အလင်းဆောင်ခဲ့သလို ဆက်လက်ထွန်းလင်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေလို့ ဆိုငြား သော်လည်း တချို့သော ရန်သူ့ရန်သူတွေဟာ ကိုယ့်အတွက်လည်း ရန်အန္တရာယ်ဖြစ်တတ်ပါတယ် ဆိုတဲ့အကြောင်း မေတ္တာ စကားလက်ဆောင် ပါးအပ်ပါတယ် ကိုလွဏ်းဆွေ။

ရဲဘော်ကျော်သန်း

၅၊ ၂၊ ၂၀၁၁။

အက်ဆစ်ဆောင်းပါးမူရင်းလင့်ခ်

30 comments :

Anonymous said...

ကိုလွန်းဆွေကို ဒီစာနဲ့ ပတ်သတ်ပြီး ပြောကြတာ ဒီစာကို ရေးတဲ့သူကို ပြောတာထက်ပိုများပါတယ်။ဒါပေမယ့် ကိုလွန်းဆွေရဲ့ interviewတွေကို ဖတ်ပြီးနောက်မှာ ကျွန်မတခုကို မြင်လာတယ်။ သူဟာ နိုင်ငံရေးသမားတစ်ယောက် မဟုတ်ပါဘူး။နိုင်ငံရေးကို ထဲထဲဝင်ဝင်စိတ်ဝင်စားသူတစ်ယောက်ပါ။ သူ့ Magazines တွေမှာ ပါခဲ့တဲ့ နိုင်ငံရေးမဟုတ်တဲ့ ဝေဖန်မူတွေ(ဥပမာ သရဲလေးကောင်၊မျိုးမျိုး)ကို တင်ပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် သူ့ မှာ အတွေးအခေါ်ဝေဖန်မူတွေကို ပွင့်ပွင့်လင်းလင်း သူ့ ကို တိုက်ခိုက်ပြောဆိုမှာကို မမူဘဲ တင်ပြရဲတဲ့သူတော့ ဖြစ်ပါတယ်။ဆိုတော့ ဥပမာ ကိုမိုးသီးရဲ့ blog မှာဒီစာကို ကိုမိုးသီးတင်လို့ မဖြစ်ပါဘူး။ ဘာလို့ ဆို ကိုမိုးသီးဟာ တကယ့်နိုင်ငံရေးသမားတစ်ယောက်မို့ ပါ။ကိုမိုးသီးရဲ့ blog မှာ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးမိုင်းတိုက်တဲ့ စာတွေ တော်တော်များပါတယ်။ ဒါပေမယ့် သူဒါကို လုပ်ကိုလုပ်ရပါမယ်။လူတွေကို သိမ်းသွင်းဖို့ တခုခုကို ထပ်ခါတလဲလဲပြောရမယ်။ ကိုလွန်းဆွေဟာ နိုင်ငံရေးသမားတစ်ယောက်မဟုတ်လို့ သူ့ ကို နိုင်ငံရေးသမားတစ်ယောက်ကို ဝေဖန်သလို ဝေဖန်လို့ မရပါဘူး။ သူ့ ညီလည်းနိုင်ငံရေးအရထောင်ကျတဲ့ သူတစ်ယောက်ပါပဲ။ အဲတော့ သူ့ ကိုယ်ပိုင် blog မှာ လူတွေအသီးသီးရဲ့ ရေးသားမူကို လွတ်လပ်စွာတင်တာဟာ သူ့ အပြစ်လို့ မမြင်ပါဘူး။ပြီးတော့ acidေ၇းထားတာမှာလည်း တချို့ တွေဟာ မှန်ပါတယ်။ NLD ဟာ တခုခုဆို ဆုံးဖြတ်ချက်ကို အမြန်မချနိုင်ခဲ့ပါဘူး။ဘယ်အရာကမှ perfect မရှိခဲ့လို NLD ကိုဝေဖန်တာလည်း ခံရနိုင်ပါတယ်။ နိုင်ငံရေးလုပ်ရင် ဝေဖန်မူကို ခံနိုင်ရပါမယ်။မဟုတ်တာပြောတာကို သံတမန်ဆန်စွာ ပြန်ပြောနိုင်ရပါမယ်။ ဒါဟာ စကားရည်ပွဲတခုဆိုလည်းမမှားပါဘူး။ အမေရိကန်Presidentတွေတောင်မှ ဒီလို အပြောတွေနဲ့ မလွတ်ကင်းပါဘူး။ တဖက်လူတွေရဲ့ အပြောတွေကို သိသင့်ပါတယ်။ကျွန်မက နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူပါ။ ဒီတော့ အစိုးရစာမျက်နှာလည်း ဖတ်ဖြစ်တယ်။ဒီမိုကရေစီဘက်တော်သားများစာကိုလည်းဖတ်တာပါပဲ။သူ့ တို့ ဘာတွေလုပ်နေမယ်၊ဘယ်လိုလုပ်လာမယ်ဆိုတာသိဖို့ ကျယ်ကျယ်ပြန့် ပြန့် လွတ်လပ်တဲ့စိတ်ထားဖို့ လိုမယ်လို့ ထင်မြင်မိပါတယ်

Maung Maung Kyaw Win said...

acG;a[mifwdkif;vnf;xr-unfheJ h
udk,fhvlwdk h
tawG;a-umifwdkif;vnf;xra[mifeJ h
tzsuform;wdk h
wef;r0if7iftomae
toa7zsufzdk hvmrprf;eJ h
EkdifiHa7;vrf;ol7Ja,mifa,mif
etzacG;0Jpm;tufqpfarmif
rif;b,fvdka[mifa[mif
rif;bmaumifqdkwmwdk hodw,f
(Originally, the above letters are typed with M-Myanmar1 font. This is my first experience to type in Burmese font. I do not know what happen when it appears here.)
It is a poem refers to Acid, the running dog of Than Shwe regime.
In fact, I am not good in constructing an English poem. That's why I have written in Burmese. I have some knowledge of constructing Burmese poem thanks to my eldest brother Maung Lin Yone (Shan Pyi)who taught me how to write a poem in Burmese.

nyihtwe said...

Well said Yebaw Kyaw Than.

Anonymous said...

သိပ်ကောင်းတယ်ဗျာ... ဆရာ (ခွေးမသား) လွဏ်းဆွေ ဖတ်မိပါစေသောဝ်

Anonymous said...

I agree with this post.

Never believe the Junta arranged parliament. They have been killing, oppressing, tormenting nearly 50 years and suddenly they will stop for the sake of the country??? I don't think so.

They are afraid that young generation will be more open minded and more powerful ( economically, intellectually). They only want a handful of their people and their children to be educated and financially secure. They want all the people to struggle just to survive day to day, so no opinion just like Nay Win's era..

They are afraid of freedom of information and even try to cut back the Burmese people who are outside Burma by telling that they are not harmed if they return.

In reality, people inside Burma are cut off from all information and ability to make good living. People outside Burma has some freedom and they can facilitate the movement of regime change.

Do not believe the junta. They have been lying for over 40 years and the parliament is a joke and made up of people who want something in return for following the system.

Please continue with our own effort like Daw Su said. Try to educate all the military men in your friends, neighbors that they are being used for a handful of people. All the exploit of the junta should be reported and also punished under international law. Do not stop....

Unknown said...

ရဲဘော်ကျော်သန်း ခများကိုယ်တိုင်ကမျက်စိကန်းနေတာ။
ခေါင်းဆောင်မူ့အကြောင်းခများလျှောက်ပြောနေတယ်။
၈၈ကကျောင်းသားနဲ့လူထုကြောင့်ဖြစ်လာတာ။
အာဏာရှင်ကိုဖြုတ်ချကာဒေါ်စူမဟုက်ဘူး။ပြည်သူတွေ။
၂၀၀၇မာကိုမင်းကိုနိုင်တို့၈၈မာတာဝန်ကျေရုံမကဘူး၂၀၀၇ပါတာဝန်ကျေတယ်။
ပြည်သူတွေကမဲပေးထားတဲ့nldဘယ်လိုရပ်တည်ခဲ့လည်း။
ပြည်သူတွေကိုလုံးဝဥပက်ခါပြုသွားတယ်။
အခုကြည့်ပြည်သူတွေကိုဦးဆောင်ဖိုးကထားအုံး။သူ့ပါတီရပ်တည်ဖို့တောင်အနိုင်နိုင်။

Anonymous said...

ငါကလွဲရင် အားလုံးကိုတော်လှန်မယ်ဆိုတဲ့အမြင်မျိုး။ ဒေါ်စုကိုဝေဖန်ရင် ရန်သူဆိုတဲ့အမြင်မျိုး။ နအဖလူဆိုတဲ့အမြင်ဆိုးတွေကို ပြင်ပါရဲဘော်။
ဒါနဲ့များ ဒီမိုကရေစီရရှိရေးအော်နေသေး။ ခင်ဗျားတို့သာ အာဏာရှိလာရင် သန်းရွှေထက်ဆိုးမယ်။ ဘာပဲဖြစ်ဖြစ် အမြင်နှစ်ဖက်မျှကြည့်ပါ ရဲဘော်။

Anonymous said...

ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ “အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။
She said Everybody must involve politics.
What kind of politice we have do?Go to jungle or protest infront of townhall and jail for 40 years?Give us order.U r leader.We vote ur party but afraid to annouced legal goverment.then said ,what u also do for country,be brave,everybody must do politics.What does it means?ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ .

Anonymous said...

"Htaw" not Junta destroyed yet, become worst and worst, Than Shwe will kill more and more until he die..

Anonymous said...

Now coming again very good demo fighter boxing show on ko moe thee blog, Dr lunswe blog also very good show, your people are fighting each other on air, but Than Shwe group are planing to control all, very good show..fight until die..some more 20 years..our country will remain same, one thing will change poor and poor..

Anonymous said...

ဒေါ်အောင်ဆန်းစုကြည် ပေးဆပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ လည်း တစ်ဖက်က
ပြည်သူ့ တွေရဲ့ ဒုက္ခကို ကြည့်ရင် သူ့  ဒုက္ခကလဲ စစ်အာဏာရှင်လက်အောက်က
ပြည်သူတစ်ယောက်ရဲ့ ဒုက္ခထက် မပိုပါဘူး ။ မိသားစုနဲ့ ဝေးကွာနေရတဲ့ မြန်မာပြည်သူတွေ
သန်းနဲ့ချီရှိပါတယ်။ သူ့ လို မကျော်ကြားလို့  လူမသိ သူမသိ အနစ်နာခံစတေး သွားတဲ့ သူတွေလဲ
အများကြီး ရှိပါတယ်။
ပိုက်ဆံမရှိလို့  မကောင်းတာ လုပ်စားနေရတဲ့ မိန်းခလေးတွေ ၊ တစ်ဖက်နိုင်ငံက အမှိုက်ပုံမှာ
ရရာ ရှာစားနေရတဲ့ ခလေးလေးတွေ ။ ဒါဟာ စနစ်ဆိုးတစ်ခုရဲ့အောက်မှာ အကုန်လုံး ခါးစီးခံကြရမှာပဲ။
ဒီတော့ ဒုက္ခရောက်တာတော့ တူတူရောက်ကြတာပါပဲ။

သူဟာ လူထုခေါင်းဆောင် ဆိုတော့ ခေါင်းဆောင်မူ အပိုင်းကိုပဲ စိတ်ဝင်စားတယ်။
NLD ကို ၀ိုင်းအုံမဲပေးခဲ့ကြတယ် ။ အဲဒီရလဒ်ကို အကောင်အထည်မဖေါ်နိုင်ဘူး။
NLD ပါတီဟာ နိုင်ငံရေးပိရိယာယ် မရှိဘူး ။ ရိုးသားလွန်းအားကြီးတယ်။ အသက်အရွယ်ကြီးလှပြီ
ဖြစ်တဲ့ တခြား NLD ခေါင်းဆောင်တွေကလဲ သူ့ အပေါ်ပဲ အားကိုးလွန်းတယ်။

စစ်အာဏာရှင်ဟာ ဥာဏ်နီဥာဏ်နက်နဲ့  တစ်မျိုးပြီး တစ်မျိုး အကြံထုတ်နေချိန်မှာ
NLD ပါတီဟာဒေါ်အောင်ဆန်းစုကြည် မလွှတ်မြောက်ခင်ကလဲ မွေးနေ့ ဆုတွေတောင်းလိုက် စာတမ်းတွေ
ထုတ်လိုက်နဲ့  ခု လွှတ်မြောက်လာတော့လဲ ပါတီ ရပ်တည်ဖို့ အတွက် တရားရင်ဆိုင်နေရတုန်း။
ဘယ်လို အားကိုးမလဲ ။

သူမ ခံယူထားတဲ့ နိုင်ငံရေး ခံယူချက်က ဘာမှန်းလဲ ကျွှန်မတော့ မသိပါဘူး ။ စိတ်ဓါတ်တွေ ရိုက်ချိုးခံ
ထားရတဲ့ အနာဂတ်မဲ့နေတဲ့ လူငယ်တွေ တစ်ချို့  အခွင့်အရေးရရင် နိုင်ငံခြားထွက်တယ်။
ကိုယ့်ထွက်ပေါက် ကိုယ်ရှာတယ်။ အနာဂတ်မရှိတဲ့ နေရာကနေ ဖေါက်ထွက်တယ်။ အခြေအနေ
မကောင်းရင်တော့ ဘယ်သူမှ ပြန်လာမှာ မဟုတ်ပါဘူး ။ စာတမ်းလေးကိုင်ပြီး သံရုံးရှေ့ 
ဆန္ဒပြလို့  ထောင်ဒဏ် နှစ်ပေါင်းများစွာ ဘယ်သူမှ အကျခံချင်မှာ မဟုတ်ပါဘူး ။ ဒီလို အနစ်နာ ခံတာလဲ
အကျိုးမရှိတဲ့ အနစ်နာ ခံမူမျိုးပဲ ။

ဒီလိုပဲ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကလဲ စစ်အာဏာရှင်ကို ဖေါက်ထွက်ဖို့  အတွက် နည်းပိရိယာယ်တွေ
သုံးသင့်နေပြီ လို့ ထင်ပါတယ်။ သူသာ ဦးဆောင်ရင် နောက်က လိုက်ပါမဲ့ လူထုကြီးက အဆင်သင့်ရှိနေပါတယ်။
လိုက်စည်းရုံနေဖို့  မလိုပါဘူး ။ အမြဲထောက်ခံပြီးသားပါပဲ။ ခုဟာက မျှော်လင့်ချက် မဲ့ရလောက်အောင်
လောက်လောက်လားလား လုပ်ပြနေတာဘာမှ မတွေ့ ရလို့ ပါ ။

ဈေးရောင်းတာ ကျောင်းဖွင့်တာ ဆေးခန်းသွားတာ ။ လူမူရေးအသင်းတွေ လုပ်ပါလိမ့်မယ်။ စစ်ပွဲဝင်နေတဲ့
တိုင်းရင်းသားတွေ နဲ့ အမြန်ပူးပေါင်းပြီး တော်လှန်ရေး လုပ်သင့်ပါတယ်။
ကျွှန်မတို့  လိုနေတာ စည်းလုံး ညီညွှတ်မူပါ။
ကျွှန်မတို့  ရန်သူဟာ စစ်အာဏာရှင်ပါ ။
စစ်အာဏာရှင် ဖြုတ်ချဖို့  အကြမ်းမဖက်တဲ့ နည်းလမ်းဟာ အသုံးမ၀င်ပါဘူး ။
အလုပ်မဖြစ်ဘူးဆိုတာ နှစ် ၂၀ ကျော်က သက်သေပါပဲ။

Anonymous said...

ဘလောဂ်တွေထဲမှာ ကိုလွဏ်းဆွေဘလောဂ်ကို အကြိုက် ဆုံးပဲ..တထိုင်တည်းနဲ့ ဘလောဂ့် အားလုံး ၊ သတင်းအားလုံးကိုသိရလို့ဘဲ.. တကယ်တော့ ကိုလွဏ်းဆွေ က နိုင်ငံရေးသမားမဟုတ်ဘူး..မီဒီယာ သမားပါ.. မီဒီယာသမားကောင်းတစ်ယောက်အတိုင်း မည်သူ့ဘက်မှ ဘက်မလိုက်ပဲ တင်ပြပေးနေတဲ့သူပါ.. ဒါကို နားလည်မှု မရှိတဲ့ ကောင်တွေ ၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိုနားမလည်တဲ့ကောင်တွေ ၀င်ဆဲနေကြ တာပဲ..

Anonymous said...

ကွယ်လွန်သွားတဲ့ ဗိုလ်မှူးကြီးဟောင်း အဘဦးကြည်မောင်က လွဲလို့  ကျန်တဲ့ NLD ထဲက ဘောင်းဘီချွတ်အားလုံး သာကူးတွေပါပဲ။ အထက်က အမိန့် ပေးခိုင်းစေမှ လုပ်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ အမှန်က ဒေါ်အောင်ဆန်းစုကြည် လူပေါင်းမှားခဲ့တာပါ။ ၈၈ လူထုအရေးတော်ပုံကို စတင်ခဲ့တဲ့ ကျောင်းသားတွေ(ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦမိုးသီးဇွန် etc) နဲ့  အတူအလုပ်တွဲလုပ်ရမဲ့အစား ဘောင်းဘီချွတ်တွေနဲ့  သွားပေါင်းမိတာကိုက အခုလို အာဏာရှင် စနစ် သက်ဆိုးရှည်ရေး အတွက် အကြောင်းများစွာထဲက တခု ဖြစ်လာပါတယ်။

Anonymous said...

၈၈ မှာ အသေခံပြီး အာဏာရှင်ကို ဖြုတ်ချခဲ့တာ ဘယ်သူတွေလဲ.. ၉၆ မှာ အသေခံ ၊ ထောင်ကျခံပြီး စစ်အာဏာရှင်ကို အံတုခဲ့တာ ဘယ်သူတွေလဲ.. သံဃာ အရေးအခင်းမှာကော ဘယ်သူတွေ ရှေ့တန်းက ပါခဲ့ ကြသလဲ..“အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ခဲ့ကြတာလည်းဘယ် သူတွေလဲ.. မိမိဘာသာ အပြောင်အလဲဖြစ်အောင်ကြိုး စားကြမယ်ဆိုရင် ခေါင်းဆောင်မလိုတော့ပါဘူး..
ခု ပြည်သူက ၈၈ လို အသေခံပြီး နအဖ ကို တော်လှန် မယ်..ဒါပေမဲ့ ခင်ဗျားတို့ အစိုးရဖွဲ့ရဲတဲ့ သတ္တိရှိလား.. ဖြေပါ..

Anonymous said...

ကျွန်တော်ဟာ စစ်အာဏာရှင်စနစ်ကို ရွံပြီး ဒီမိုကရေစီ လိုခြင်သူတစ်ယောက်ပါ။ ခင်ဗျားကို ပုဂိုလ် ဆွဲ ထားပြီး ဒေါ်စုလုပ်တာ အားလုံးမှန်တယ်လို့ မခံယူသင့်ဘူးလို့ထင်တယ်။
ခင်ဗျားတို့က ခင်ဗျားတို့အထင်ကြီးတဲ့သူတစ်ယောက်ဘာလုပ်လုပ်ကောင်းတယ်၊ ခင်ဗျားတို့ ထင်ကြီးတဲ့သူတွေရဲ့ လုပ်ဆောင်ချက်ကို ထောက်ပြလာရင် စစ်အစိုးရလက်ကိုင်ဒုတ် ဆိုပြီးစွတ်စွဲလိုက်ရော။ ဥပမာ အဆိပ်ထုတ်တယ်ဆိုတဲ့ဘုန်းကြီးလိုပေါ့ မကောင်းကျောင်းပို မကောင်းတာလုပ်တော့ ကုလားဆိုပြီး စွတ်စွဲလိုက်ကြတယ်။ ဒါကတော့ ဘလောဂ်ဂါအချို့စွတ်စွဲတာပါ။ ခင်ဗျားတို့ NLD ကို ပြည်သူက အားကိုးနေတာ ခင်ဗျားတို့ ခေါင်းဆောင်ကောင်း လုပ်ပြသင့်တယ်။ အခုတော့ NLD ပါတီ ဆိုတာ အရင်က အခေါ်နဲ့သာ ပါတီလို့ခေါ်နေကြတာ တကယ်တမ်းမှာ ဘောင်မဝင်တော့ဘူး။ နအဖ သတ်မှတ်ထားတယ် ရွေးကောက်ပွဲကို ဝင်ပြိုင်လို့မဖြစ်တဲ့ NLD အခု နအဖ ဘောင်ဘီချွတ်အစိုးရသစ်ရဲ့ ဥပဒေအရ ပါတီ မဟုတ်တော့ဘူး။ နိုင်ငံရေးအရ ပြန်ယှဉ်နိုင်ဖို့ ဘာမှ မလုပ်ဘဲ NGO တွေလို လေဘေးကူညီ ကြွက်ဘေးကူညီတဲ့ အလုပ်တွေလျှောက်လုပ်နေတယ်။ ဒီလိုလုပ်တာ မကောင်းဘူးမပြောဘူးလို့ မပြောခြင်ပေမဲ့ အရင်က NLD လို နအဖ ကို ပုခုံးခြင်းမယှဉ်နိုင်တော့ဘူးဆိုတာတော့ ဝန်ခံရလိမ့်မယ်။ အခုလည်း ဒုတိယ ပင်လုံဆိုပြီး လေသေနတ်ပစ်ပြန်ပြီး လက်ရှိ အာဏာရ သန်းစိန် အစိုးရမပါဘဲ ဘာကို ဒုတိယပင်လုံလုပ်မှာလဲ။ ခင်ဗျားတို့ နည်းနည်းပါးပါးလေးစဉ်းစားပြောပါအုံး။ ရွှေထီးဆောင်းတဲ့ခေတ် နအဖ ယုတ်မာမှု့တွေကို ချီးခြောက်ရေနူးပြောမနေနဲ့။ ရှေ့ဆက်မဲ့ NLD ရဲ့ ပြည်သူတွေအပေါ်ပေးနိုင်မဲ့ မျှော်လင့်ချက်ကဘဲလဲ ဒီအတိုင်းဘဲ ဆက်သွားရင် နောက်ထပ် အနှစ် ၅ဝ လဲ မရဘူး။ ပြည်သူတွေက ခင်ဗျားတို့ကို အားကိုရမှာလား ခင်ဗျားတို့ကို ပြည်သူတွေက ပြန်ဦးဆောင်ရမှာလား

Anonymous said...

ဘယ်သူ့ကိုမှ အပြစ်မတင်ကြနဲ့လေ။
တိုက်ပွဲတောင် မ၀င်ရသေးဘူး ကွဲနေပြီ။
လောလောဆယ်တော့ ဘာပဲပြောပြော
ဒေါ်စုက နိုင်ငံတကာ ICON ပဲလေ။
No Choice ပေါ့။ နအဖ က ပေါင်းစားတာ
တနိုင်ငံလုံးကုန်ပြီ။ ဒီမိုတွေက ပေါင်းတိုက်ဖို့တောင်
ကွဲနေကြပြီ။ လောလောဆယ်တော့ ဒီမိုတွေထဲမှာ
ဒေါ်စုလို ကျက်သရေရှိတာ။ လူထုချစ်တာ တစ်ယောက်မှမထွက်လာသေးဘူး။
အဲတော့ ဒေါ်စုပဲလေ ကျူပ်တော့။ နောက် အသစ်ထွက်လာရင်ပြော။ အတ္တစွန့်လွှတ်ရဲတယ်။ ပြည်သူအတွက် အရာရာစွန့်ရဲတယ်။ အရည်အချင်းရှိတယ်ဆိုရင်ပြောထောက်ခံပေးမယ်။
သြော် မေ့နေလို့။ ကမ္ဘာထဲ လူတောတိုးဖို့ဆိုတာ အင်္ဂလိပ်လို ပြောတတ်ရအုံးမယ်နော်။ သန်းရွှေလို စကားပြန်နဲ့ဆိုရင် ရှက်စရာကြီး။ သန်းရွှေကတော်ပါတယ် မရှက်တဲ့နေရာမှာ။ ကျူပ်က ပြည်သူတစ်ယောက်လိုတွေးတာနော်။ အမှန်က ဘာမှမတတ်ဘူးသိလား။ အခုလောလောဆယ် အောင်ပွဲ ဆင်နေတဲ့ ကိုကိုသန်းရွှေလည်း ဘယ်လောက်ခံမလဲ ကြည့်လိုက်ကြရအောင်ပါ။ ဘယ်လောက်ပဲ မြင့်တဲ့တောင်ဖြစ်ပါစေ တက်ပြီးရင် ပြန်ဆင်းရတယ်။ အများဆုံး အလံစိုက်နိုင်ရုံပေါ့။ တနေ့တော့ တက်ပြီး ပြန်ဆင်းပေးရမယ်။ သန်းရွှေလည်း Velocity = 0 ဖြစ်တဲ့နေ့။ ကျနော်အောက်က စူးတစ်ချောင်းခံပေးထားမယ်။ စိတ်မပူနဲ့ ။ သန်းရွှေ အသက်(၁၀၀)ပြည့်အောင်နေရပါစေဗျာ။
နောက်အနှစ်(၂၀)ဆိုရင် .... အသက်(၁၀၀)ပြည့် အာဏရှင်ကြီး အာဏရှိသေးလားဆိုတာ။ သူစိုက်ခဲ့တဲ့ အပင် ဘယ်လောက်ရှင်သလဲဆိုတာ ကြည့်ကြတာပေါ့။ အပင်ရှင်သန်ဖို့ရာ မျိုးစေ့ရယ်၊မြေသြဇာ မှန်ရမယ်နော်။ မမေ့ကြနဲ့။ ဒါပဲလေ ... ဘိုင်ဘိုင်။

Anonymous said...

ဘာဘဲပြောပြောကိုလွမ်းဆွေမဆိုးဘူးဟိုအရူးမိုသီးဇွန်လိုတော.မဟုတ်ဘူးဘာတဲ.(တိုက်ပွဲခေါ်သံတို.ဘာတို.we fight we win)တို.ဘာလည်းGAME တိုက်တာလားadmin ရဖို.ရေးစားနေတဲ.သူအချင်း၂သူကတော.တော်တော်ဆိုးတယ်USမှာနေပြီးတိုက်နေတာတော်တော်ကြာပြီဘာမှလည်းမဟုတ်ဘူးလျှောက်အော်နေတာ

Anonymous said...

ဘာဘဲပြောပြောကိုလွမ်းဆွေမဆိုးဘူးဟိုအရူးမိုသီးဇွန်လိုတော.မဟုတ်ဘူးဘာတဲ.(တိုက်ပွဲခေါ်သံတို.ဘာတို.we fight we win)တို.ဘာလည်းGAME တိုက်တာလားadmin ရဖို.ရေးစားနေတဲ.သူအချင်း၂သူကတော.တော်တော်ဆိုးတယ်USမှာနေပြီးတိုက်နေတာတော်တော်ကြာပြီဘာမှလည်းမဟုတ်ဘူးလျှောက်အော်နေတာ

Anonymous said...

ဘာဘဲပြောပြောကိုလွမ်းဆွေမဆိုးဘူးဟိုအရူးမိုသီးဇွန်လိုတော.မဟုတ်ဘူးဘာတဲ.(တိုက်ပွဲခေါ်သံတို.ဘာတို.we fight we win)တို.ဘာလည်းGAME တိုက်တာလားadmin ရဖို.ရေးစားနေတဲ.သူအချင်း၂သူကတော.တော်တော်ဆိုးတယ်USမှာနေပြီးတိုက်နေတာတော်တော်ကြာပြီဘာမှလည်းမဟုတ်ဘူးလျှောက်အော်နေတာ

Anonymous said...

ဘာဘဲပြောပြောကိုလွမ်းဆွေမဆိုးဘူးဟိုအရူးမိုသီးဇွန်လိုတော.မဟုတ်ဘူးဘာတဲ.(တိုက်ပွဲခေါ်သံတို.ဘာတို.we fight we win)တို.ဘာလည်းGAME တိုက်တာလားadmin ရဖို.ရေးစားနေတဲ.သူအချင်း၂သူကတော.တော်တော်ဆိုးတယ်USမှာနေပြီးတိုက်နေတာတော်တော်ကြာပြီဘာမှလည်းမဟုတ်ဘူးလျှောက်အော်နေတာ

Anonymous said...

“လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်။Dont ask him Do u know how to play football.He has the right to critize the football match.(Do ask him what u also do politics).
ကျွန်တော်မြင်တာတော့ ရင်ဆိုင်မယ် ထောင်ထဲ ပြန်ဝင်မယ်ဆိုတဲ့ လမ်းဟာ သုံးစား မရတဲ့လမ်းပါ.. နှစ်နှစ်ဆယ်အတွင် အကြိမ်ကြိမ် ထောင်ထဲ ၀င်ပြခဲ့ပီးပါပီ.. ဘာများ တိုးတက် ပြောင်းလဲလာသလဲ.. အနစ်နာခံပြနေရုံနဲ့ နိုင်ငံ မတိုးတက်ပါဘူး.. စွမ်းဆောင်ပြမှ တိုးတက်မှာပါ.. ဒီတော့ စွမ်းဆောင်ဖို့ လမ်းသစ် ထွင်ပါလေ.. လမ်းသစ် စမ်းသပ်လို့ အောင်မြင်ရင်လဲ အမြတ်.. မအောင်မြင်ပဲ ရှုံးနိမ့်ပီး ပျောက်သွားတော့ရော.. ဒီလို မအောင်မမြင် ညံ့တယ်လို့ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင် ပျောက်တယ်လို့ပဲ သဘောထားပါတော့ဗျာ..
စာတမ်းလေးကိုင်ပြီး သံရုံးရှေ့ 
ဆန္ဒပြလို့  ထောင်ဒဏ် နှစ်ပေါင်းများစွာ ဘယ်သူမှ အကျခံချင်မှာ မဟုတ်ပါဘူး ။ ဒီလို အနစ်နာ ခံတာလဲ
အကျိုးမရှိတဲ့ အနစ်နာ ခံမူမျိုးပဲ
ငါကလွဲရင် အားလုံးကိုတော်လှန်မယ်ဆိုတဲ့အမြင်မျိုး။ ဒေါ်စုကိုဝေဖန်ရင် ရန်သူဆိုတဲ့အမြင်မျိုး။ နအဖလူဆိုတဲ့အမြင်ဆိုးတွေကို ပြင်ပါရဲဘော်။
ဒါနဲ့များ ဒီမိုကရေစီရရှိရေးအော်နေသေး။ ခင်ဗျားတို့သာ အာဏာရှိလာရင် သန်းရွှေထက်ဆိုးမယ်။ ဘာပဲဖြစ်ဖြစ် အမြင်နှစ်ဖက်မျှကြည့်ပါ ရဲဘော်။


I like these comments.

Anonymous said...

ပထမအမှားမှာ ကိုးဆယ်ရွေးကောက်ပွဲရလဒ်အတိုင်း စစ်အစိုးရ၏ ညစ်ပတ်မှုကို လက်မခံဘဲ မိမိတို့ဖာသာ အစိုးရဖွဲ့ရမည်ကို ကြောက်ပြီး မဖွဲ့ခဲ့ကြခြင်း၊
အတိုက်အခံနိုင်ငံရေးဖက်က ဘာကြောင့် မအောင်မြင်ရတာလဲ၊ ပြည်တွင်းကိုကြည့် လျှင် ဒေါ်စုဦးဆောင်သည့် အန်အယ်ဒီ ပါတီသည် သူတို့အသေဆုပ်ကိုင်ထားသည့် အနုနည်းနှင့် တိုက်သည့်တိုက်ပွဲ ပုံသဏ္ဌန်ပေါ်တွင် နည်းဗျူဟာအရ မှားယွင်းခဲ့ကြပါသည်၊
နောက်ဆုံးအမှားမှာ ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ပြီး နောက်တက်မည့် အစိုးရသစ်နှင့် ဆွေးနွေးချင်ပါသည်ဟု ရှေနောက်မညီသည့် ကမ်းလှမ်းချက်များ ရှိနေခြင်းတို့ပင် ဖြစ်ပါသည်၊ ပြီးသွားပြီ ဖြစ်သဖြင့်လည်း ပြင်လို့မရနိုင်တော့ပါ၊

ဒေါ်စုအနေနှင့် နောက်တက် စစ်ဦးစီးအစိုးရနှင့် တွေ့ဆုံဆွေးနွေး ချင်ပါသေးသည်ဆိုသည့် ယခုနောက်ဆုံးစကားမှာ တရားသံဝေဂ ယူစရာ ကောင်းလှပါသည်၊
ရှေးယခင်က ဗိုက်သန်းရွှေ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခွင့် တောင်းခဲ့သော်လည်း မရခဲ့ပါ၊

ယခုလည်း ရွှေမန်း သိန်းစိန် အစိုးရနှင့် တွေ့ဆုံခွင့်ကို ဆက်လက်ပြီးတောင်းနေရမည်သာ ဖြစ်နေပါတော့သည်၊
ဘယ်လောက်ကြာကြာတောင်းနိုင်ပါမည်နည်း၊

Anonymous said...

ရှေ့ဆက်မဲ့ NLD ရဲ့ ပြည်သူတွေအပေါ်ပေးနိုင်မဲ့ မျှော်လင့်ချက်ကဘဲလဲ ဒီအတိုင်းဘဲ ဆက်သွားရင် နောက်ထပ် အနှစ် ၅ဝ လဲ မရဘူး။ ပြည်သူတွေက ခင်ဗျားတို့ကို အားကိုရမှာလား ခင်ဗျားတို့ကို ပြည်သူတွေက ပြန်ဦးဆောင်ရမှာလား
She will say....What u also do politics?...I can not do alone....Everybody must do it...အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စု ...
ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ
ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။

We vote u to be as leader...u should not say like this.
ခု ပြည်သူက ၈၈ လို အသေခံပြီး နအဖ ကို တော်လှန် မယ်..ဒါပေမဲ့ ခင်ဗျားတို့ အစိုးရဖွဲ့ရဲတဲ့ သတ္တိရှိလား.. ဖြေပါ

Anonymous said...

“လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်။
I like this comment verymuch.Dont tell him"Why u critize.Do u know how to play football?He has the right to critize even he doesent know how to play fotball.(Dont tell what u also do politics?)
ကျွန်တော်မြင်တာတော့ ရင်ဆိုင်မယ် ထောင်ထဲ ပြန်ဝင်မယ်ဆိုတဲ့ လမ်းဟာ သုံးစား မရတဲ့လမ်းပါ.. နှစ်နှစ်ဆယ်အတွင် အကြိမ်ကြိမ် ထောင်ထဲ ၀င်ပြခဲ့ပီးပါပီ.. ဘာများ တိုးတက် ပြောင်းလဲလာသလဲ.. အနစ်နာခံပြနေရုံနဲ့ နိုင်ငံ မတိုးတက်ပါဘူး.. စွမ်းဆောင်ပြမှ တိုးတက်မှာပါ.. ဒီတော့ စွမ်းဆောင်ဖို့ လမ်းသစ် ထွင်ပါလေ.. လမ်းသစ် စမ်းသပ်လို့ အောင်မြင်ရင်လဲ အမြတ်.. မအောင်မြင်ပဲ ရှုံးနိမ့်ပီး ပျောက်သွားတော့ရော.. ဒီလို မအောင်မမြင် ညံ့တယ်လို့ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင် ပျောက်တယ်လို့ပဲ သဘောထားပါတော့ဗျာ..
This comment too.

Anonymous said...

အခုလည်း ဒုတိယ ပင်လုံဆိုပြီး လေသေနတ်ပစ်ပြန်ပြီး လက်ရှိ အာဏာရ သန်းစိန် အစိုးရမပါဘဲ ဘာကို ဒုတိယပင်လုံလုပ်မှာလဲ။ ခင်ဗျားတို့ နည်းနည်းပါးပါးလေးစဉ်းစားပြောပါအုံး။
Absolutely true.how can they devide the land?Metting will take more than 10 days.How can come all leaders can meet at one place?Without goverment"s permision,can do nothing.Dreaming.Think first ,Then ,tell.

Anonymous said...

အော် လူထုကြီးကလုပ်ရမှာပေါ့.....လူထုကြီးတာဝန်ပေါ့...ပြည်သူကစိတ်ရှိမှာပေါ့...ပြည်သူကသိရမယ်လေ...ပြည်သူကပြည်သူ့ကိုလုပ်ရမယ်လေ.
အမျိုးသားခေါင်းဆောင်တဲ့ ပြည်သူမှာတာဝန်၇ှိတယ်တဲံ့ ပြောရဲလိုက်တာ

Anonymous said...

တဦးတယောက်မှ သည် တနိုင်ငံလုံး ပါဝင်လာမယ်ဆိုရင် မနိုင်စရာ အကြောင်းမရှိပါ
We have 50 million.If 50 million do,half million army will run away.Keep on dreaming.

Anonymous said...

လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ ရဲဘော်တွေ အသက်တွေ ပေးပြီးပြီ လက်ရှိလဲ သေမင်းနှုတ်ခမ်းပါး မှာ လမ်းလျှောက်ရင်း တိုက်ပွဲဝင်နေတယ်။ သေနတ်ကိုင်တိုက်ပွဲ ဝင်တာတစ်ခုတည်းနဲ့ မြန်မာနိုင်ငံ ပြောင်းလဲလို့ မရဘူးလို့ပြောနေတဲ့ Keyboard and mouse ကိုင်ပြီး မီဒီယာ တော်လှန်ရေးသမားတွေ မင်းတို့တွေ တော်တော် ဇာတ်ထုတ်ရှုပ်တာဘဲ။ မင်းတို့ ငြင်းခုံနေတာ ဒီမိုကရေတော်လှန်ရေးအတွက် အသက်ပေးပြီး မြေကြီးထဲရောက်သွားတဲ့ အရိုးတွေကို အားနာအုံးကွာ။ အစည်းအဝေးလုပ်လိုက် အဖွဲ့အသစ်တစ်ခု ထပ်ဖွဲ့လိုက် မြန်မာ နိုင်ငံ မပြောင်းလဲသွားရင်လည်း သိပ်ကောင်းမှာဘဲ

Anonymous said...

NLD United supporterဆိုက်ကားသမား

ကျနော်NLD United အသင်းကြီးရဲ့အမာခံပရိတ်သတ်ပါ။
ဒေါ်စုဦးဆောင်တဲ့ NLD united အသင်းနဲ့ငသန်းရွှေဦးဆောင်တဲ့ SPDC အသင်းကြီးကန်တိုင်း
ဝင်အားပေးလာတာနစ်(၂၀)ကျော်ခဲ့ပြီ။
တခါမကျနော့အသငှ်းပြိုင်ဘက်အသင်းကိုမနိုင်ဘူး။
ှသူများအသင်းကဂိုးသွင်းလို့နိုင်တာ
ဖြေသာသေးတယ်။
အခုကပွဲတိုင်းကိုယ်ဂိုးကိုယ်သွင်ပြီးရှုံးတာဗျ။
တခါကိုယ်ဂိုးကိုယ်ရှူးတာကိုအပြစ်တင်ရင်ကျနော်စိုက်ကားသမားအမှား။
အခုကပွဲတိုင်းကိုယ့်ဂိုးကိုယ်သွင်းပြီးရှုံးတာဗျ။အပြစ်တင်မိရင်ကျနော်မားလား။

Anonymous said...

ကိုယ့်မှာမသန်စွမ်းတဲ့ကလေးမတော်တဆရလာခဲ့ရင်
ဒီခလေးကိုပိုချစ်ရတယ်။ပိုဂရူစိုက်ရတယ်။
ဒါပေမဲ့ဒီကလေးကဆိုးသွမ်းလာမယ်စိုရင်တော့
ဒုက်ခိတလေးမို့ပါစိုပြီးလွတ်ထားလို့မရဘူး။တခြားဆီဘဲ။
ဒီဥပမာက NLDကိုလုံးဝဆင်တူပုံပမာပြုတာတော့မဟုက်ဘူး။
ကျနော်တို့အလုပ်သွားလျှောက်တယ်။မင်းက(10)တန်းမာ(ခ)နဲ့ဘဲအောင်လား။
ကျနော်ကကျနော့နစ်မာမေးခွန်းသတ်လို့ဗျပြော။ဘယ်သူ့မစိတ်မဝင်စားဘူး။
လူထူ့ထောက်ခံမုရတဲ့ပါတီကြီးဘာကြောင့်ကျဆုံးလည်း။
ကျနော်လူပြိန်းမြင်တဲ့အတိုင်းပြောမယ်
1) ၁၉၈၈အပြီးမာကြာဖြတ်အစိုးရဖွဲ့နိုင်ရသားနဲ့မဖွဲ့ဘူး။
ဦးနုကိုကျနော်ပုက်ဂိုရေးမပြောချင်ဘူး။
သူကဘမာပြည်ရဲ့တရားဝင်ဝန်ကြီးချုပ်ဖြစ်နေဆဲပါ။
သူ့ဂန်ဒကိုဒူးနေရာဒူးတော်နေရာတော်သုံးသင့်တယ်။
2)၁၉၉၀ရွေးကောက်ပွဲရလာတ်အရအနိုင်ရပါတီကိုအာဏာမပေးတော့ပြည်သူတွေထပ်အသေခံတယ်။
NLDစင်ပြိုင်အစိုးရ( Parallel gov)ကိုဖွဲ့ရဲတဲ့သတ်တိမရှိဘူး။
၃) မူဝါဒရေးရာက ပျော့မလား၊မာမလားကအခုအထိမသဲကွဲဘူး။
၉၄မှာညီလာခံမတရားဘူးထွက်ခဲ့တယ်။
မာမာဘဲ။မာရင်လည်းမာပေါ့။ကောင်းတာဘဲ။
၎)အဲ့ဒီနောက်ပိုင်းနိုင်ငံရေးလုပ်ရှားမုကNCGUBရဲ့ကုလမျော်ကြီးနဲ့အားသွန်ခွန်စိုက်သွားခဲ့တယ်။
တရုက်ကဗီဒိုသုံးရောတပ်လန်လာခဲ့တယ်။ ပြည်ပမျော်ဝါဒကထင်သလောက်အလုပ်မဖြစ်ဘူး။
သိစပြုလာတယ်။နိုင်ငံတကာဆက်ဆံရေးရဲ့အမန်တရားတွေကိုခါးသီးစွာနားလည်လာတယ်။
၅) ၂၀၀၇နာစေးနေခဲ့တယ်။
၆) ၂၀၀၈ကလည်းဘာမှမလုတ်နိုင်ခဲ့ဘူး။
၇) ၂၀၁၀မာပါတီမတ်ပုံတင်ရမယ်စိုတော့ NLDကတင်စရာမလိုဘူးပြောတော့။
နောက်ဆုံးအနေနဲ့မြားနအဖကိုတိုက်မလားမျော်လင့်မိတယ်။
မဟုက်ဘူး ရွေးကောက်ပွဲရဲ့မသမာမူ့တွေကိုကိုယ်ထမင်းကိုယ်စားဖော်ထုက်
ဖို့ကြိုးစားရှာတယ်။
8)ပါတီတရားဝင်ခွင့်ရရေးအတွက်အယူခံတင်နေတယ်။
ဒါနဲ့မြားနအဖကို၁၉၉၀နဲ့challangeမလုပ်မတော့ရွေးကောက်ပွဲမဝင်ရေနေ။
ပါတီမတ်ပုံတင်လိုက်ပေါ့။
9)နောက်တက်တဲ့အစိုးရနဲ့လည်းစကားပြောမယ်တဲ့။

ကျနော်ရူးချင်လာပြီ။