Friday 4 February 2011

အီဂျစ်လှုပ်ရှားမှု အချက်အလက်များ



အီဂျစ်လှုပ်ရှားမှု အချက်အလက်များ 

တောင်းဆိုချက် - မူဘာရပ် ချက်ခြင်းနှုတ်ထွက်ပေး။ 
 တပါတီစနစ်မှပါတီစုံဒီမိုကရေစီပြုပြင်ပြောင်းလဲမှုချက်ခြင်းလုပ် ။ 

လှုပ်ရှားမှုအဓိက ခေါင်းဆောင်များ - ကျောင်းသားလူငယ်များ၊ အောက်ခြေ မူစလင်ဘာသာရေး ခေါင်းဆောင်များ၊ လက်ဝဲအင်အားစုများ နှင့်အလုပ်သမားများ။ ( ၂၀၀၈ ခုနစ် အေပြီလ ၆ ရက်နေ့ မှာဖွဲ့ စည်းမြေအောက်မှ စည်းရုံးလှုံ့ ဆော်လာတဲ့ လူငယ်ကွန်ယက်က နေ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိက ဇတ်ကောင်ဖြစ်ခဲ့တယ်။ ဖေ့ဘုတ်၊တွန်တာ၊ ဖလက်စ် စတာတွေကိုသုံးပြီး Day of Anger ။ လူထုတိုက်ပွဲကြီးကိုဆင်နွဲကြဆို ပြီလူတွေကိုလမ်းမပေါ်ထွက်အောင်အဓိက လှုံ ဆော်ခဲ့ကြတယ်။ လှုပ်ရှားမှုကြီးကိုမြန်မြန်ဆန်ဆန်တွန်းပို့ ပေးလိုက်တာကတော့ တူနီရှားလှုပ်ရှားမှုဖြစ်တယ်။ မြန်မာ ပြည် ၈၈ တုံက ဖိလစ်ပိုင်လှုပ်ရှားမှု ( ၁၉၈၆ခုနစ်) ကတွန်းအားပေးခဲ့သလိုမျိုး) 

လှုပ်ရှားမှုအားအကောင်းဆုံးနေရာများ- ကိုင်ရို မြို့  ၊ အလက်စန္ဒာရားမြို့ 

မူဘာရပ်လိုက်လျောမှု - စက်တင်ဘာမှာ လုပ်မဲ့ရွေးကောက်ပွဲ မှာဝင်မပြိုင်တော့ဘူး ။ လူတွေကသူကိုမယုံတော့ သူကလိမ်ကညစ်လုပ်မှာကို နားလည်။ အာဏာကိုနောက်ကွယ်က ဆက်လက်ချုပ်ကိုင်မှာကို တွက်ဆမိကြတယ်။  


နိင်ငံရေးခေါင်းဆောင်များ - 

၁-မူဆာ ( Amr Moussa ) ( နိင်ငံခြားရေးဝန်ကြီးဟောင်း)၊
၂- မိုဟာမက်အာလဘီစ်  ( Mohamad Elbradis) ( ၂၀၀၅ြ်ငိမ်းချမ်းရေနိုဘယ်ဆုရှင်) ၊
၃-အာမန်နိုဝါ (Ayman Nour) (ရှေ့ နေ၊ နိင်ငံရေးအကျဉ်းသားဟောင်း )

ထူးခြားမှု- 

၎- မူစလင်ညီအကိုမျာ ( Muslim Brotherhood ) အဓိကအားအကောင်းဆုံးကွန်ယက် ကြီး က ငြိမ်သက်နေခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေက အစ္စလန်ရဲ့  တန်ဖိုးတွေကိုခြိမ်းခြောက်လာနိင်တယ်လို့ ယူဆပုံရတယ်။


လှုပ်ရှားမှုကြီး ဖြစ်ပွားရတဲ့အရင်းခံ- အာဏာရပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရက်တစ်ပါတီ ( National Democratic Party ) ရဲ့  ခေါင်းဆောင် သမတ မူဘာရပ် နဲ့  အစိုးရပိုင်းက လဘ်စားမှု၊ ဒီမိုကရေစီ နဲ့ လူအခွင့်အရေးတွေ ပိတ်ပင်တားဆီးထားမှုတို့ ဖြစ်တယ်။
လတ်တလောအကြောင်းအရင်း - တူနီရှား လှုပ်ရှားမှု၊ ကမ္ဘာစီးပွားပျက်ကပ်နဲ့  အလုပ်လက်မဲ့ပြသာနာ တို့ ဖြစ်တယ်။
ညီညွတ်ရေးအခြေအနေ- သူတို့ ပေါင်းစည်းနိင်မှုမရှိသေး။
မူဘာရပ်အစိုးရတုန်ပြန်မှု - လှုပ်ရှားမှုကို တန်ပြန် ချေမှုန်းလာတယ်။
၁- စစ်တပ်ကို နောက်ကကာ ထားတယ်။
၂- မူဘာရပ် နောက်လိုက် ( အီဂျစ် ကြံဖွတ်) တွေနဲ့  လှုပ်ရှားမှုကိုတန်ပြန်နိမ်နင်းတယ်။
၃- အကြမ်းဖက်မှုများနဲ့လှုပ်ရှားမှုကို ဦးတည်ချက်ပြောင်းအောင်လုပ်လာတယ်။ ( ဥပမာ- ရှေးဟောင်းပြတိုက်တွေကို တိုက်ခိုက်တာဖျက်ဆီးတာ၊ နောက်ပိုင်းမှာ မြန်မာပြည် ၈၈ တုံးကလို ဂိုလ်ဒေါင်ဖေါက်တာ၊ခေါင်းဖြတ်တာတွေကို လုပ်လာနိင်တယ်။)

၎- ဆက်သွယ်ရေးစနစ်များ ကိုဖြတ်တောက်နိင်တယ်။ 

အီဂျစ် ပြည်သူတို့  လုပ်ဆောင်သင့်သည်များ 

၁- အတိုက်အခံခေါင်ဆောင်တွေ ညီညွတ်ရေးတပ်ပေါင်းစုဖွဲ့သင့်တယ်။
၂- နိင်းမြစ်ကိုဖြတ်ထားတဲ့တံတား ကိုသိမ်းပိုက်သင့်တယ်။
၃-စူးအက်တူးမြောင်းကိုသိမ်း ပိုက်သင့်တယ်။ ကမ္ဘာကုန်သွယ်ရေး အထူးသဖြင့်ရေနံတင်ပို့ မှုကိုလမ်းကြောင်းကိုပိတ်စို့ ပြီး အင်္ဂလန်နဲ့  အမေရိကန်အစိုးရတို့ ကမူဘာရပ်အစိုးရ အဖွဲတခုလုံးနှုတ်ထွက်ပေးအောင်ဖိအားပေးခိုင်းတဲ့အခြေအနေကိုဖန်တီးသင့်တယ်။
၎- အီဂျစ်ကြံဖွတ်တွေရဲ့ လှုပ်ရှားမှုကို ချေမှုန်းခြင်းဖြင့် ( Neutralize ) လုပ်သင့်တယ်။
၅- တင့်ကားတွေကိုသိမ်းဆည်သင့်တယ်။


လှုပ်ရှားမှုကြီးရဲ့ အဓိက ကျောရိုး -- လူငယ်များ

လှုပ်ရှားမှုကြီးရဲ့  အဓိကလက်နက်များ - အလံများ၊၊ စက္ကူ၊ ခဲလုံး၊ တုတ်၊ မီးခြစ်၊  အင်တာနက်၊ ဆဲလ်ဖုန်

 နိင်ငံတကာ  သဘောထားများ 


၁-အမေရိကန်နဲ့ အင်္ဂလန်က မူဘာရပ်ကိုအမြန်ဆုံးနှုတ်ထွက်စေချင်တယ်။သံတမန်ရေးအရ နှုတ်နဲ့ ဖိအားပေးမှုတွေလုပ်နေတယ်။  မူဘာရပ်က အမေရိကန်ရဲ့ မဟာမိတ်။သူပြုတ်သွားရင်ဒီဒေသမှာမဟာမိတ်တယောက်ဆုံးရှုံးပြီး ဒီဒေသရဲ့  တည်ငြိမ်ရေးကိုအာမခံမဲ့သူမရှိသေးတဲ့အပေါ်မှာစိုးရိမ်မှုရှိနေတယ်။ လူထုလှုပ်ရှားမှုကိုမူအရသာထောက်ခံနိင်သေးတယ်။ မူဘာရပ်ပြုတ်သွားရင်ဒီဒေသမှာ မတည်မငြိမ်ဖြစ်လာမယ်လို့ တွက်ဆထားတယ်။


၂- ရုရှား၊တရုပ်တို့  က ဘာတခုမှပြောကြားမှုမရှိသေးဘူး။


မေးခွန်းများ 

၁-ဘာတွေဆက်ဖြစ်လာမယ်လို့ သင်ယူဆပါသလဲ
၂-ဘာတွေအကြံပေးခြင်ပါသလဲ

၃-အီဂျစ်လှုပ်ရှားမှုကနေဘာသခန်းစာယူမလဲ
၎- မြန်မာ ပြည်မှာလူထုလှုပ်ရှားမှုဖြစ်လာအောင်သင်ဘယ်လိုလုပ်ဆောင်မလဲ ။၅- မြန်မာ လူငယ.်တွေ က

5 comments :

Unknown said...

မူဝါဒနစ်ခုကြားမှာ အမေရိကန်လည်းပျားတုပ်တာဘဲ။တခုကတိုင်းပြည်အကျိုးစီးပွါး၊တခုကဒီမိုတန်ဖိုး။
အရှေ့အလယ်ပိုင်း(သို့)အာရပ်ကဘာအမေရိကန်ရဲ့စိတ်ဝင်စားမုအရှိဆုံးနေရာဘဲ။
အီဂျစ်ကိုဒုတိယအီရန်ဖြစ်မာကိုအမေရိကန်ကအသေကြောက်တယ်။
အမေရိကန်ကအာရပ်ကိုဆက်ဆံတာကထူးခြားတယ်။ စော်ဒီဂျော်ဒန်လိုသက်ဦးဆံပိုင်တွေကိုစက်ဆံတယ်။
သူ့အကျိုးစီးပွါးမရှိကတော့ဒီမိုတန်ဖိုးမရှိတဲ့ဒီနိုင်ငံတွေကိုအမေရိကားကတိုင်မတ်နတ်မတုက်ဘူး။
သေချာတာကတော့ကိုယ့်တိုင်းပြည်အရေးက ဟိုလူကယ်ပါဒီလူကယ်ပါအော်ရင်
အော်သူကအရူးဘဲ။

Anonymous said...

Even Moberack gone,country wil not come out as democracy country.Because...
Look at middle east..
which country has 100%democracy at middle east?(because of relagion)They belive westen freedom will destroy their relagion.
American occupied Japan and Germeny at second world war.Then indrocued democracy and formed democrarat goverment.When American left from there,people(Japan and Germany) do not want to get back old goverment.They enjoy what is freedom.
But when American introduced democracy to Iraq,what happen?they dont want,they want just islamic law and want to kick out America.

Anonymous said...

မိုးသီးက အီဂျစ်နိုင်ငံသားလား မြန်မာနိုင်ငံသားလား?ဘယ်နိုင်ငံအတွက် အလုပ်လုပ်နေတာလဲ?မြန်မာနိုင်ငံသားတစ်ယောက်က မြန်မာ့အရေးထက် အီဂျစ်အရေးက ပိုပြီးအရေးကြီးနေသလား စိတ်ဝင်စားစရာကောင်းလို့လား?

Anonymous said...

ထူးခြားမှု-

၎- မူစလင်ညီအကိုမျာ ( Muslim Brotherhood ) အဓိကအားအကောင်းဆုံးကွန်ယက် ကြီး က ငြိမ်သက်နေခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေက အစ္စလန်ရဲ့  တန်ဖိုးတွေကိုခြိမ်းခြောက်လာနိင်တယ်လို့ ယူဆပုံရတယ်။
wat do u know about Islam? Islamic law is freedom similar to Democracy...Please Learn b4 u write..

Anonymous said...

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေက အစ္စလန်ရဲ့  တန်ဖိုးတွေကိုခြိမ်းခြောက်လာနိင်တယ်လို့ ယူဆပုံရတယ်။
wat do u know about Islam? Islamic law is freedom similar to Democracy...Please Learn b4 u write
yes,islam women know more islamic law.look ,how women r treated at islam country.Ask them how they have freedom under islamic law.