Thursday, 10 February 2011

မြင့်အောင်ကို ဖမ်းပြီ


ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမယ်လို့  နာမည် ထွက်နေတဲ့ ဒုတိယဗိုလ်ချုပ် မြင့်အောင် ကို ဖမ်းဆီထားလိုက်ပြီလို့  သတင်တွေထွက်ပေါ်နေတယ်။ သန်းရွှေ က သူကို ကာကွယ်ရေး ဦးစီးချုပ် မပေးပဲ ကာကွယ်ရေးဝန်ကြီးဘ၀နဲ့ ချွေးသိပ်တာကို မကျေနပ်လို့  ကလန် ကဆန်လုပ်ခဲ့တာကြောင့် သန်းရွှေက ဆွေးနွေးစရာရှိတယ်ခန လာခဲ့ဦး လို့  ပြီးခဲ့တဲ့သောကြာနေ့ က ခေါ်ထားလိုက်တာဖြစ်တယ်။ သူကိုလောလောဆယ်မှာ နေပြည်တော်ရှိ စစ်ရုံးချုပ် ထဲမှာချုပ်နှောင်ထားတယ်။ ပါလာတဲ့သေနပ်၊ သူကိုယ်ရံတော်နဲ့  ဆဲလ်ဖုန်းတွေကိုလည်းသိမ်းဆည်းထားလိုက်တယ်။ သူမိသားစုအသိုင်းအ၀ိုင်း နဲ့ နီးစပ်တဲ့သူတွေအဆိုအရ သူထွက်သွားပြီးကတည်းက တယ်လီဖုန်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုတယ်။ သူနဲ့ အတူသူရဲ့ ကိုယ်ရေးအရာရှိ၊ကားဒရိုင်ဘာလည်း 
အဖမ်းခံနေရပုံရတယ်လို့  ဆိုတယ်။ မြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ်ခန့်မယ်လို့  လုပ်ပြီးမှ အဖြုတ်ခံရတဲ့အဓိက အချက်တခုကတော့ သူဟာ အညာသားမဟုတ်လို့  စစ်တပ်အသိုင်းဝိုင်း က ဆိုပါတယ်။ သူဟာ သထုံ နယ်သား ဖြစ်တယ်လို့ သတိရတယ်။

5 comments :

Anonymous said...

ကိုမိုးသီးရေ့
ဒီကောင်တွေလည်းအပြင်ကကြည့်ရင်ခိုင်တယ်လို့ထင်ရပေမဲ့ယိုင်နေပြီ။
ကျနော်တို့တွေဘာလုပ်ကြမလည်း။
ကျနော်ကတော့ဗျာကျနော်တို့ပြည်သူကိုနွားလောက်မှတန်ဖိုးမထားတဲ့
စစ်အာဏာရှိကိုမုန်းသလို။
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား လက်တွေ့လုပ်ရမယ်။သတ်တိရှိရမယ်
လက်ချာကြီးဘဲရိုက်ပြီး ကိုယ်ကိုတိုင်ကဟိုနိုင်ငံလာကူအုံး။ဒီနိုင်ငံလာကူအုံး။
ပြောနေတဲ့အတိုက်အခံနိုင်ငံရေးသမားတွေကိုစိတ်ကုန်တာကြာပြီဗျာ။

moe said...

Tlak only no actions.

Anonymous said...

talk only no actions

Anonymous said...

so funny new.. ko moethee u got wrong information.general myint aung is now stay in his yangon home.
terminate his position is right but noone is keep him..

Mya Win said...

ဒေါ်စုကို ဖမ်းဆီးထိန်းသိမ်းဖို့  အမိန့် ပေးတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုတော့...ကြေအေးပါတယ်၊ ခွင့်လွှတ်ပါတယ်၊ ပြန်လွတ်လာတဲ့ အချိန်တိုင်း အမြဲတမ်းပြောပြီး..ပြည်သူတွေ လိုဘဲ ဆင်းရဲ ဒုက္ခရောက်နေတဲ့  အောက်ခြေ စစ်တပ်က တပ်မိသားစု ကို ပြည်သူ့ ဖက်က ရပ်တည်ပါ၊ ပြည်သူနဲ့  ပူးပေါင်းပါလို့ ..ဒေါ်စု တခါမှ ပြောသံမကြားမိဘူး..အဲဒါ ဘာဖြစ်လို့ ပါလိမ့် ...